သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္သဘာ၀ပတ္၀န္းက်င္ လႈပ္ရွားသူ တဦး အင္အားသံုးဖမ္းဖို႔ ရဲတပ္ဖဲြ႕ႀကိဳးစား


ကိုေစာသာဘိုး (သတင္းဓာတ္ပံု - Save the Salween Network)

(Zawgyi/Unicode)

ကရင္ျပည္နယ္ ၿမိဳင္ကေလးၿမိဳ႕မွာ သဘာ၀ပတ္၀န္းက်င္အေရး လႈပ္ရွားသူ တဦးကို ရဲတပ္ဖဲြ႔က အင္အားသံုးဖမ္းဖို႔ ႀကိဳးစားခဲ့တဲ့ အေပၚ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားတဲ့အဖြဲ႔ေတြ စုေပါင္းထားတဲ့ ကြန္ရက္က ရႈတ္ခ် ကန္႔ကြက္လိုက္ပါတယ္။ NLD အစိုးရအေနနဲ႔ ဌာေနတိုင္းရင္းသားေတြရဲ႕ အခြင့္အေရး၊ ႏုိင္ငံသားတို႔ရဲ႕ အခြင့္အေရးေတြအေပၚ အသိအမွတ္ျပဳ တန္ဖိုးထားေလးစားပါလို႔လည္း သံလြင္ျမစ္ ထိန္းသိမ္းကာကြယ္ေရး ကြန္ရက္က ေတာင္းဆိုလိုက္တာပါ။ မဆုမြန္ ဆက္သြယ္ ေမးျမန္းထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၁၇ရက္ေန႔က ကရင္ျပည္နယ္ ဘားကပ္ေက်းရြာ နတ္ကုန္းရြာမွာ - ကရင္ျပည္နယ္ ၿမိဳင္ကေလး ေက်ာက္မီးေသြးစက္႐ံုအနီးတဝိုက္မွာ ရွိတဲ့ ေက်းရြာ သံုးဆယ္ဝန္းက်င္အနီးက ေရေတြ အေရာင္ေျပာင္းသြားတဲ့အတြက္ ကရင္႐ိုးရာဓေလ့အရ ဆုေတာင္းပြဲမွာေတာ့ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူေတြအပါအဝင္ ေဒသခံေတြနဲ႔ သံဃာေတာ္ေတြ ရပ္မိရပ္ဖေတြ စုေဝးၿပီး ဆုေတာင္းပြဲ က်င္းပခဲ့ၾကတာပါ။

ဒီအေပၚ ကရင္ျပည္နယ္ ဘားအံၿမိဳ႕ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကေန အစိုးရရဲ႕လုပ္ေဆာင္ခ်က္အေပၚ ပုန္ကန္ခ်င္လာေအာင္ အမ်ားျပည္သူ ထိတ္လန္႔ေအာင္ သတင္းမွား ေကာလဟလျဖန္႔ခ်ီတယ္ဆိုတဲ့စြဲခ်က္- ရာဇသတ္ၾကီးပုဒ္မ ၅၀၅ (ခ) နဲ႔ ဘားအံၿမိဳ႕ တရား႐ံုးမွာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးလႈပ္ရွားသူ ကိုေစာသာဘိုး ကို တရားစြဲဆိုခဲ့ပါတယ္။

မတ္လ ၆ ရက္ေန႔ ညမွာေတာ့ ကရင္ျပည္နယ္ ၿမိဳင္ကေလးရဲစခန္းနဲ႔ ဘားအံရဲစခန္းက ရဲတပ္ဖြဲ႔ဝင္ေတြက သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး လႈပ္ရွားသူ ကိုေစာသာဘိုးရဲ႕ေနအိမ္ကို ညဘက္ဝင္စီးနင္းၿပီး ဖမ္းဆီးဖို႔ၾကိဳးစားခဲ့ေပမဲ့ ကိုေစာသာဘိုး ခရီးလြန္ေနလို႔မိသားစုဝင္ေတြကိုပဲ စစ္ေဆးခဲ့ပါတယ္။

ဒီလို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူတေယာက္ကို ရဲက အင္အားသံုးဖမ္းဆီးဖို႔ ၾကိဳးစားေနတ့အေျခအေနအေပၚ ဒါဟာ ႏုိင္ငံသားတို႔ရဲ႕ အခြင့္အေရး ဌာနတိုင္းရင္းသားေတြရဲ႕အခြင့္အေရးနဲ႔ ဒီမိုကေရစီစံႏႈန္းေတြကို ခ်ိဳးေဖာက္ရာက်တယ္ ဆိုၿပီး ဒီကေန႔ မတ္လ ၉ရက္ေန႔ရက္စြဲနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားေနတဲ့အဖြဲ႔ေတြ စုေပါင္းထားတဲ႔ သံလြင္ျမစ္ ထိန္းသိမ္းကာကြယ္ေရး ကြန္ရက္က ျပင္းထန္စြာ ရႈံ႔ခ်ေၾကာင္း သေဘာထားထုတ္ျပန္ပါတယ္။ သံလြင္ျမစ္ ထိန္းသိမ္းကာကြယ္ေရးကြန္ရက္ရဲ႕အဖြဲ႔ဝင္ ကိုေစာလင္းစိန္က ဗီြအိုေအကို အေျခအေန အခုလို ရွင္းျပပါတယ္။

"ဘားအံၿမိဳ႕နယ္ ဒီ ၿမိဳင္ကေလး ဘိလပ္ေျမစက္႐ံုက ေက်ာက္မီးေသြး၊ ေလာင္စာ အသံုးျပဳေနတာ တႏွစ္ေလာက္ရွိေနၿပီ ခင္ဗ်။ အဲ့ဒီ ဒီႏွစ္မွာဆိုရင္ ျမိဳင္ကေလး ဘိလပ္ေျမစက္႐ံု ပတ္လည္မွာရွိတဲ့ ေက်းရြာေပါင္း ၂၇ ရြာကေနၿပီးေတာ့မွ ေရေတြ မဲ-လာတဲ့အခါမွာ ေဒသခံေတြနဲ႔ ေဒသခံ ဆရာေတာ္ေတြ ပူးေပါင္းၿပီးေတာ့မွ ဆုေတာင္းပဲြ တခုကို ဒီ ၂၀၂၀၊ ဇန္န၀ါရီလ ၁၇ ရက္ေန႔မွာ ျပဳလုပ္ခဲ့တယ္ ခင္ဗ်။

အဲဒီဆုေတာင္းပဲြမွာ ေစာသာဘိုးအေနနဲ႔ ဒီ မီဒီယာေတြမွာ ေျဖၾကားတဲ့ အခါမ်ိဳးေတြမွာ ေျဖၾကားတာမ်ိဳးေတြ လုပ္ခဲ့တယ္ ခင္ဗ်။ အဲ့ဒီ က်ေနာ္တို႔အေနနဲ႔ သံုးသပ္တာေတာ့ အဲ့ဒီ ေျဖၾကားခ်က္ေတြ အေပၚမွာ ဒီအစိုးရအေနနဲ႔ ဒီႏိုင္ငံေတာ္ကို အၾကည္ညိဳပ်က္ေစတယ္ ဆိုၿပီးေတာ့ အဲ့ဒီထင္ျမင္ခ်က္ေၾကာင့္မို႔လို႔ တရားစဲြတယ္လို႔ က်ေနာ္တို႔ေတြအေနနဲ႔ သံုးသပ္တယ္ ခင္ဗ်။"

ျပည္သူကေရြးခ်ယ္တဲ့ NLD အရပ္သားအစိုးရလက္ထက္မွာ အရင္စစ္အစိုးရေခတ္ေတြတုန္းကလို ႏိုင္ငံသားတဦးကို အင္အားသံုး ေရွာင္တခင္ဖမ္းဆီးဖို႔ ၾကိဳးစားတဲ့လုပ္ရပ္ဟာ မလုပ္သင့္ေၾကာင္းနဲ႔ ကိုေစာသာဘိုးကို ဘားအံေထြအုပ္ကေန တရားစြဲဆိုမႈကို အျမန္ဆံုး ရုပ္သိမ္းေပးဖို႔ကိုလည္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူေတြက ေတာင္းဆိုေၾကာင္း သံလြင္ျမစ္ထိန္းသိမ္း ကာကြယ္ေရးကြန္ရက္က ကိုေစာလင္းစိန္က ေျပာပါတယ္။

"အခုဒီလိုမ်ိဳး လုပ္ေဆာင္ေနတာသည္ ျပည္သူေရြးခ်ယ္တဲ့ အစိုးရျဖစ္တယ္လို႔ က်ေနာ္တို႔အေနနဲ႔ေတာ့ မထင္ဘူးေပါ့ေနာ္။ ဒီလို လုပ္ေဆာင္ျခင္းေၾကာင့္ အစိုးရဟာ ဟိုးအရင္ရဲ႕ အာဏာရွင္အစိုးရပံုစံ အတိုင္းပဲ ဆက္ၿပီးေတာ့ ျဖစ္ေနတယ္လို႔ပဲ က်ေနာ္တို႔အေနနဲ႔ သံုးသပ္တယ္ခင္ဗ်။

အဲ့ေတာ့ က်ေနာ္တို႔အေနနဲ႔ ဒီ ဖယ္ဒရယ္ ဒီမိုကေရစီႏိုင္ငံေရး ဖံြ႔ၿဖိဳးေရးလုပ္ငန္းနဲ႔ေပါ့ေနာ္၊ ဒီၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ တေဒါင့္တေနရာ ပါ၀င္ေနတဲ့ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းကာကြယ္ေရး ျမွင့္တင္ေရးလုပ္ငန္းမွာ တက္ၾကြလႈပ္ရွားတဲ့ ေစာသာဘိုးအေပၚမွာ တရားစဲြမႈကို ဖ်က္သိမ္းေပးဖို႔၊ မျပဳလုပ္ဖို႔ေပါ့ေနာ္။ အစိုးရအေနနဲ႔ ေဒသခံေတြရဲ႕၊ ဌာေနတိုင္းရင္းသားေတြရဲ႕ အခြင့္အေရး၊ ၿပီးေတာ့ ဒီမိုကေရစီရဲ႕ စံခ်ိန္စံညႊန္းေတြကို အသိအမွတ္ျပဳေလးစားဖို႔ေပါ့ေနာ္။

ၿပီးတဲ့ အခါက်ေတာ့ ဒီျမန္မာႏိုင္ငံရဲ႕ သြားေနတဲ့ ျငိမ္းခ်မ္းေရး ျဖစ္စဥ္သည္ ၿပီးေတာ့ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးနဲ႔ ဒီမိုကေရစီ တည္ေဆာက္ေရး က႑မွာ ဒီအစိုးရအေနနဲ႔ ဒီလိုမ်ိဳး တက္ၾကြလႈပ္ရွားသူေတြကို မတရားတဲ့ ဥပေဒအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးအေရးယူဖို႔ ေဆာင္ရြက္ေနတာဟာ ေရွ႕ဆက္သြားမယ့္ လုပ္ငန္းစဥ္ေတြအေပၚမွာေပါ့ေနာ္။ အမ်ားၾကီးအဟန္႔အတား ျဖစ္ေစတယ္လို႔ က်ေနာ္တို႔အေနနဲ႔ ေတာင္းဆိုတယ္။"

အဓိကကေတာ့ ဖက္ဒရယ္ ဒီမိုကေရစီႏုိင္ငံ တည္ေဆာက္ခ်ိန္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို အဟန္႔အတား ျဖစ္ေစမယ့္ လုပ္ေဆာင္ခ်က္ေတြကို ေရွာင္က်ဥ္ဖို႔- ႏုိင္ငံေတာ္ဖြ႔ံၿဖိဳးေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ တေထာင့္တေနရာကေန တက္ၾကြစြာ ပါဝင္လႈပ္ရွားေနတဲ့ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးလႈပ္ရွားသူ ကိုေစာသာဘိုးအပါအဝင္ တက္ၾကြလႈပ္ရွားသူေတြကို တရားစြဲဆိုေနတာေတြကို ရပ္တန္႔ဖို႔နဲ႔ ၂၀၂၀ျပည့္ႏွစ္ ေရြးေကာက္ပြဲ နီးကပ္လာခ်ိန္ မလိုလားအပ္တဲ့ လူမ်ိဳးေရးပဋိပကၡေတြ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ မလုပ္ဖို႔အပါအဝင္ လူ႔အခြင့္အေရး ဌာနတိုင္းရင္းသားေတြနဲ႔ ဒီမိုကေရစီစံႏႈန္းေတြကို အသိအမွတ္ျပဳတန္ဖိုးထားေလးစားေပးဖို႔ တုိက္တြန္းေၾကာင္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူေတြစုေပါင္းထားတဲ့ သံလြင္ကြန္ရက္က သေဘာထားေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကရင်သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူတဦး အင်အားသုံးဖမ်းဖို့ ရဲတပ်ဖွဲ့ကြိုးစား

ကရင်ပြည်နယ် မြိုင်ကလေးမြို့မှာ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ တဦးကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဖို့ ကြိုးစားခဲ့တဲ့ အပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားတဲ့အဖွဲ့တွေ စုပေါင်းထားတဲ့ကွန်ရက်က ရှုတ်ချ ကန့်ကွက်လိုက် ပါတယ်။ NLD အစိုးရအနေနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ နိုင်ငံသားတို့ရဲ့အခွင့်အရေးတွေအပေါ် အသိအမှတ်ပြု တန်ဖိုးထားလေးစားပါလို့လည်း သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်က တောင်းဆိုလိုက်တာပါ။ မဆုမွန် ဆက်သွယ် မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၁၇ရက်နေ့က ကရင်ပြည်နယ် ဘားကပ်ကျေးရွာ နတ်ကုန်းရွာမှာ - ကရင်ပြည်နယ် မြိုင်ကလေး ကျောက်မီးသွေးစက်ရုံအနီးတဝိုက်မှာ ရှိတဲ့ ကျေးရွာ သုံးဆယ်ဝန်းကျင်အနီးက ရေတွေ အရောင်ပြောင်းသွားတဲ့အတွက် ကရင်ရိုးရာဓလေ့အရ ဆုတောင်းပွဲမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေအပါအဝင် ဒေသခံတွေနဲ့ သံဃာတော်တွေ ရပ်မိရပ်ဖတွေ စုဝေးပြီး ဆုတောင်းပွဲ ကျင်းပခဲ့ကြတာပါ။

ဒီအပေါ် ကရင်ပြည်နယ် ဘားအံမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ အစိုးရရဲ့လုပ်ဆောင်ချက်အပေါ် ပုန်ကန်ချင်လာအောင် အများပြည်သူ ထိတ်လန့်အောင် သတင်းမှား ကောလဟလဖြန့်ချီတယ်ဆိုတဲ့စွဲချက်- ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ဘားအံမြို့ တရားရုံးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ကိုစောသာဘိုး ကို တရားစွဲဆိုခဲ့ပါတယ်။

မတ်လ ၆ရက်နေ့ ညမှာတော့ ကရင်ပြည်နယ် မြိုင်ကလေးရဲစခန်းနဲ့ ဘားအံရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ ကိုစောသာဘိုးရဲ့နေအိမ်ကို ညဘက်ဝင်စီးနင်းပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမဲ့ ကိုစောသာဘိုး ခရီးလွန်နေလို့မိသားစုဝင်တွေကိုပဲ စစ်ဆေးခဲ့ပါတယ်။

ဒီလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတယောက်ကို ရဲက အင်အားသုံးဖမ်းဆီးဖို့ကြိုးစားနေတ့အခြေအနေအပေါ် ဒါဟာ နိုင်ငံသားတို့ရဲ့ အခွင့်အရေး ဌာနတိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်ရာကျတယ် ဆိုပြီး ဒီကနေ့ မတ်လ ၉ရက်နေ့ရက်စွဲနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ စုပေါင်းထားတဲ့ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်က ပြင်းထန်စွာ ရှုံ့ချကြောင်း သဘောထားထုတ်ပြန်ပါတယ်။ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်ရဲ့အဖွဲ့ဝင် ကိုစောလင်းစိန်က ဗွီအိုအေကို အခြေအနေ အခုလို ရှင်းပြပါတယ်။

"ဘားအံမြို့နယ် ဒီ မြိုင်ကလေး ဘိလပ်မြေစက်ရုံက ကျောက်မီးသွေး၊ လောင်စာ အသုံးပြုနေတာ တနှစ်လောက်ရှိနေပြီ ခင်ဗျ။ အဲ့ဒီ ဒီနှစ်မှာဆိုရင် မြိုင်ကလေး ဘိလပ်မြေစက်ရုံ ပတ်လည်မှာရှိတဲ့ ကျေးရွာပေါင်း ၂၇ ရွာကနေပြီးတော့မှ ရေတွေ မဲ-လာတဲ့အခါမှာ ဒေသခံတွေနဲ့ ဒေသခံ ဆရာတော်တွေ ပူးပေါင်းပြီးတော့မှ ဆုတောင်းပွဲ တခုကို ဒီ ၂၀၂၀၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ် ခင်ဗျ။ အဲဒီဆုတောင်းပွဲမှာ စောသာဘိုးအနေနဲ့ ဒီ မီဒီယာတွေမှာ ဖြေကြားတဲ့ အခါမျိုးတွေမှာ ဖြေကြားတာမျိုးတွေ လုပ်ခဲ့တယ် ခင်ဗျ။ အဲ့ဒီ ကျနော်တို့အနေနဲ့ သုံးသပ်တာတော့ အဲ့ဒီ ဖြေကြားချက်တွေ အပေါ်မှာ ဒီအစိုးရအနေနဲ့ ဒီနိုင်ငံတော်ကို အကြည်ညိုပျက်စေတယ် ဆိုပြီးတော့ အဲ့ဒီထင်မြင်ချက်ကြောင့်မို့လို့ တရားစွဲတယ်လို့ ကျနော်တို့တွေအနေနဲ့ သုံးသပ်တယ် ခင်ဗျ။"

ပြည်သူကရွေးချယ်တဲ့ NLD အရပ်သားအစိုးရလက်ထက်မှာ အရင်စစ်အစိုးရခေတ်တွေတုန်းကလို နိုင်ငံသားတဦးကို အင်အားသုံး ရှောင်တခင်ဖမ်းဆီးဖို့ ကြိုးစားတဲ့လုပ်ရပ်ဟာ မလုပ်သင့်ကြောင်းနဲ့ ကိုစောသာဘိုးကို ဘားအံထွေအုပ်ကနေ တရားစွဲဆိုမှုကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ကိုလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက တောင်းဆိုကြောင်း သံလွင်မြစ်ထိန်းသိမ်း ကာကွယ်ရေးကွန်ရက်က ကိုစောလင်းစိန်က ပြောပါတယ်။

"အခုဒီလိုမျိုး လုပ်ဆောင်နေတာသည် ပြည်သူရွေးချယ်တဲ့ အစိုးရဖြစ်တယ်လို့ ကျနော်တို့အနေနဲ့တော့ မထင်ဘူးပေါ့နော်။ ဒီလို လုပ်ဆောင်ခြင်းကြောင့် အစိုးရဟာ ဟိုးအရင်ရဲ့ အာဏာရှင်အစိုးရပုံစံ အတိုင်းပဲ ဆက်ပြီးတော့ ဖြစ်နေတယ်လို့ပဲ ကျနော်တို့အနေနဲ့ သုံးသပ်တယ်ခင်ဗျ။ အဲ့တော့ ကျနော်တို့အနေနဲ့ ဒီ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံရေး ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပေါ့နော်၊ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တဒေါင့်တနေရာ ပါဝင်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး မြှင့်တင်ရေးလုပ်ငန်းမှာ တက်ကြွလှုပ်ရှားတဲ့ စောသာဘိုးအပေါ်မှာ တရားစွဲမှုကို ဖျက်သိမ်းပေးဖို့၊ မပြုလုပ်ဖို့ပေါ့နော်။ အစိုးရအနေနဲ့ ဒေသခံတွေရဲ့၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ပြီးတော့ ဒီမိုကရေစီရဲ့ စံချိန်စံညွှန်းတွေကို အသိအမှတ်ပြုလေးစားဖို့ပေါ့နော်။ ပြီးတဲ့ အခါကျတော့ ဒီမြန်မာနိုင်ငံရဲ့ သွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် ပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး ကဏ္ဍမှာ ဒီအစိုးရအနေနဲ့ ဒီလိုမျိုး တက်ကြွလှုပ်ရှားသူတွေကို မတရားတဲ့ ဥပဒေအမျိုးမျိုးနဲ့ ဖမ်းဆီးအရေးယူဖို့ ဆောင်ရွက်နေတာဟာ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေအပေါ်မှာပေါ့နော်။ အများကြီးအဟန့်အတား ဖြစ်စေတယ်လို့ ကျနော်တို့အနေနဲ့ တောင်းဆိုတယ်။"

အဓိကကတော့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ချိန် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဟန့်အတားဖြစ်စေမယ့် လုပ်ဆောင်ချက်တွေကို ရှောင်ကျဉ်ဖို့- နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တထောင့်တနေရာကနေ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ကိုစောသာဘိုးအပါအဝင် တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုနေတာတွေကို ရပ်တန့်ဖို့နဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ နီးကပ်လာချိန် မလိုလားအပ်တဲ့ လူမျိုးရေးပဋိပက္ခတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်ဖို့အပါအဝင် လူ့အခွင့်အရေး ဌာနတိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီစံနှုန်းတွေကို အသိအမှတ်ပြုတန်ဖိုးထားလေးစားပေးဖို့ တိုက်တွန်းကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေစုပေါင်းထားတဲ့ သံလွင်ကွန်ရက်က သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG