သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တနသၤာရီဂ်ာနယ္ အယူခံ တိုင္းတရားလႊတ္ေတာ္ ပယ္ခ်


တနသၤာရီဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ “မဲဆြယ္အျပံဳး” သေရာ္စာ (ဓါတ္ပံု-တနသၤာရီဂ်ာနယ္ )

(Zawgyi/Unicode)

တနသၤာရီဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ “မဲဆြယ္အျပံဳး” သေရာ္စာနဲ႔ပတ္သက္ၿပီး အသေရဖ်က္မႈနဲ႔ တရားစြဲခံထားရတာမွာ ဒီကေန႔မွာေတာ့ တိုင္းတရားလႊတ္ေတာ္က အယူခံကို ပလပ္လိုက္ပါတယ္။ ဂ်ာနယ္အေနနဲ႔ အယူခံ ဆက္ တက္သြားမယ္လို႔ တာဝန္ခံအယ္ဒီတာကေျပာပါတယ္။ လက္ရွိ အစိုးရလက္ထက္ အခုလို တရားစြဲဆိုမႈေတြေၾကာင့္ ဒီမိုကေရစီ အေျခခံစံႏႈန္းေတြအေပၚ ေမးခြန္းထုတ္လာေနၾကတာပါ။

ဒီအေၾကာင္း မဆုမြန္က ဆက္ေျပာ ျပပါမယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ႏိုဝင္ဘာလ ၂၀ ရက္ထုတ္ တနသၤာရီအပတ္စဥ္ဂ်ာနယ္ အတြဲ ၅ အမွတ္ ၁၇ မွာ ေဖာ္ျပခဲ့တဲ့ ကေလာင္ရွင္ မူးေဆးအိုးရဲ႕ မဲဆြယ္အၿပဳံးဆိုတဲ့ ေခါင္းစဥ္နဲ႔ သေရာ္စာဟာ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္္နဲ႔ အစိုးရအဖြဲ႔ ဂုဏ္သိကၡာကို ထိခိုက္ေစတယ္ဆိုတဲ့ စြဲခ်က္နဲ႔ အေရးယူေပးဖို႔ တိုင္းအစိုးရအဖြဲ႔႐ုံးရဲ႕ ဒုတိယ ၫႊန္ၾကားေရးမွဴး ဦးေအးလူက ထားဝယ္ၿမိဳ႕နယ္တရား႐ုံးမွာ ဦးတိုက္ ေလွ်ာက္ထားခဲ့တာပါ။

သတင္းမီဒီယာဥပေဒ( ၂၅-ခ) အမႈရင္ဆိုင္ခဲ့ၾကၿပီးေနာက္မွာေတာ့- တနသၤာရီ ဂ်ာနယ္မွာ အျပစ္ရွိတယ္လို႔ ဆံုးျဖတ္ၿပီး ၿမိဳ႕နယ္တရား႐ံုးကေန ေငြဒဏ္ငါးသိန္း-ခ်မွတ္ခဲ့ပါတယ္။ ဒီအေပၚ ျပစ္ဒဏ္ခ်မွတ္မႈ တရားမွ်တမႈမရွိဘူးဆိုၿပီး တနသၤာရီတုိင္းဂ်ာနယ္က ခ႐ိုင္တရားလႊတ္ေတာ္မွာ အယူခံဝင္ခဲ့ပါတယ္။ အဲဒီမွာ ပလပ္ခံရၿပီးတဲ့ေနာက္ တိုင္းတရားလႊတ္ေတာ္ ဆက္တက္တာမွာ ဒီကေန႔ထပ္ၿပီး အပယ္ခံရတာပါ။

ဂ်ာနယ္အေနနဲ႔ ျပည္ေထာင္စုတရားလႊတ္ေတာ္အထိ အဆင့္ဆင့္ အယူခံ ဆက္ဝင္သြားမယ္ လုိ႔ တနသၤာရီတုိင္း ဂ်ာနယ္ တာဝန္ခံ အယ္ဒီတာ ဦးမ်ိဳးေအာင္က ဗီြအိုေအျမန္မာပိုင္းကိုေျပာပါတယ္။

“ျပည္ေထာင္စုတရားလႊတ္ေတာ္အထိကို အယူခံ ဆက္တက္မယ္ေပါ့ေနာ္။ က်ေနာ္တို႔ ေဖာ္ျပခဲ့တာက သေရာ္စာပဲ ျဖစ္တယ္ေပါ့ေနာ္။ ဒီ သေရာ္စာထဲမွာ ပါေနတဲ့ အေၾကာင္းအရာေတြက အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့အေၾကာင္းအရာေတြျဖစ္တယ္ေပါ့ေနာ္။ က်ေနာ္တို႔ကေတာ့ တရားရံုးတခုခုမွာေတာ့ က်ေနာ္တိို႔ ေျပာခ်င္တာကို သေဘာေပါက္တဲ့ အေျခအေနနဲ႔ ႀကံဳမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ သြားရမွာေပါ့ေနာ္။ဒီကိစၥက တနသၤာရီဂ်ာနယ္က ရင္ဆိုင္ေနရတယ္ဆိုေပမယ့္ ဒါက အားလံုးနဲ႔ သက္ဆိုင္တဲ့အေနအထားျဖစ္ေနေတာ့ ေနာက္လူငယ္ေတြအတြက္ မ်က္ႏွာငယ္စရာ၊ စီရင္ထံုးတခုမျဖစ္ေစခ်င္ဘူးေလ။ အဲဒါေၾကာင့္ ရွိသမွ်အခြင့္အေရး၊ ရွိသမွ် ခြန္အားနဲ႔ေတာ့ က်ေနာ္တို႔အေနနဲ႔ ႀကိဳးစားေနပါတယ္။”

ဒီလိုတနသၤာရီဂ်ာနယ္ရဲ႕ မဲဆြယ္အျပံဳးသေရာ္စာ ျဖစ္ရပ္လိုပဲ သၾကၤန္ပ်က္လံုးေတြနဲ႔ တပ္မေတာ္ကို သေရာ္တဲ့အတြက္ အၾကည္ညိဳပ်က္ေစမႈနဲ႔ တရားစြဲဆိုခံထားရတဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ကိုလည္း အင္းစိန္ေထာင္ထဲ အက်ဥ္းခ်ထားၿပီး လာမယ့္ ေဖေဖာ္ဝါရီလ ၁၇ရက္ေန႔မွာ အျပီးသတ္အမိန္႔ခ်ဖို႔ရွိေနတာပါ။

အခုလို အရပ္သားအစိုးရလက္ထက္ ေဝဖန္မႈေတြ လြတ္လပ္စြာဆႏၵထုတ္ေဖာ္မႈေတြကို ပုဒ္မမ်ိဳးစံုနဲ႔ အစိုးရနဲ႔တပ္မေတာ္ဘက္က တရားစြဲဆုိမႈေတြဟာ ဒီမိုကေရစီအရပ္သားအစိုးရလက္ထက္ ဒီမုိကေရစီစံႏႈန္းေတြကို ေမးခြန္းထုတ္စရာ ျဖစ္လာ ေနတယ္လို႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ အသံအဖြဲ႔ရဲ႕ သုေတသနမွဴးကိုရဲေဝၿဖိဳးေအာင္က သံုးသပ္ပါတယ္။

“ က်ေနာ္တို႔ဒီ ႏိုင္ငံေရးအရ ေ၀ဖန္မႈဆိုတာက ပံုစံ ေပါင္းစံုနဲ႔ ျဖစ္ႏိုင္တယ္။ နည္းလမ္းေပါင္းစံုနဲ႔ ျဖစ္ႏိုင္တယ္။ အဲဒီမွာ ခုနေျပာတဲ့ သေရာ္တာေတြ ၊ ေလွာင္ေျပာင္တာေတြ သံခ်ပ္လုပ္တာေတြ ဒါမွမဟုတ္ရင္ အၿငိမ့္အျဖစ္ ကျပတာေတြ စတဲ့ပံုစံေတြ ေပါင္းစံုနဲ႔ ရွိမယ္ေပါ့ေနာ္။ အဲဒီလို ပံုစံေပါင္းစံုနဲ႔ ႏိုင္ငံေရးအရ ေ၀ဖန္မွလည္း တကယ္တမ္းေျပာင္းလာမယ္ေပါ့ေနာ္။ ဥပမာ- ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ကိုဆိုရင္ သံခ်ပ္ထိုးတဲ့ဟာတခုကိုပဲ အေၾကာင္းျပၿပီး ၅၀၅ (က) နဲ႔ေရာ ၆၆(ဃ) နဲ႔ ၿမိဳ႕နယ္ ၆ ခုမွာ စုစုေပါင္း အမႈ ၈ ခုနဲ႔ တရားစြဲ ထားတယ္ေပါ့ေနာ္။ အဲဒီအထဲမွာ ဆိုလိုခ်င္တာက ဒီမိုကေရစီကို သြားေနပါတယ္။ က်ေနာ္တို႔ က်မတို႔က ဘယ္ေလာက္ေတာင္ ဒီမိုကေရစီကို ေစာင့္ေရွာက္ေနပါတယ္ေျပာေျပာ ဒီလုပ္ရပ္ေတြကေနၿပီးေတာ့ သက္ေသျပေနတာေပါ့ေနာ္။”

တုိင္းရင္းေဒသေတြအပါအဝင္ ျမန္မာႏုိင္ငံတဝန္းမွာ ပုဒ္မမ်ိဳးစံုနဲ႔ တရားစြဲဆိုခံေနရတာ ေထာင္ခ်ခံထားရတာ ျပင္ပကေန အမႈရင္ဆိုင္ေနရတာ စတဲ့ ႏုိင္ငံေရးအမႈေတြဟာ ပိုတိုးလာေနပါတယ္။ ႏုိင္ငံေရးအက်ဥ္သား ၆၀၀ ေက်ာ္ထိ ရွိေနတာဟာ စိုးရိမ္စရာေကာင္းတဲ့ အေျခအေနျဖစ္တယ္လို႔ AAPPB ႏိုင္ငံေရးအက်ဥ္းသား မ်ားကူညီေစာင့္ေရွာက္ေရးအသင္းရဲ႕ တြဲဘက္အတြင္းေရးမွဴး ကိုဘိုၾကည္က ေျပာပါတယ္။

“ဒီအစိုးရ ျဖစ္လာၿပီ၊ ႏိုင္ငံေတာ္အႀကီးအကဲျဖစ္လာၿပီဆိုရင္ သူတို႔ လုပ္တဲ့ လုပ္ငန္းစဥ္ေတြအကုန္လံုးက သေဘာထားတခုတည္းျဖစ္ခ်င္မွ ျဖစ္မယ္၊ သေဘာထားကြဲေနတာလည္းရွိမယ္။ အဲဒီသေဘာထားကြဲေနတာကို ျပင္ဆင္ဖို႔ ေျပာတဲ့လူေတြကို အခုလိုမ်ိဳးတရားေတြစြဲေနမယ္ဆိုရင္ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီနဲ႔ အလွမ္းေ၀းေနတယ္လို႔ ေျပာလို႔ရမွာပါ ဒါက တခ်က္။ေနာက္တခ်က္က က်ေနာ္တို႔သည္ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလကို သြားၿပီဆိုရင္ ရွိတဲ့ တည္ဆဲဥပေဒကို ျပန္လည္ စမ္းစစ္ဖို႔လိုတယ္။ အဲဒီ ဥပေဒေတြက ျပည္သူေတြကို ဖိႏွိပ္ဖို႔အတြက္ ရည္ရြယ္ၿပီး ဆြဲထားတဲ့ ဥပေဒေတြျဖစ္တယ္။ ဒီလိုဥပေဒေတြကို ျပဳျပင္ေျပာင္းလဲမႈ မရွိပဲနဲ႔ ဒီဥပေဒေတြကို အသံုးခ်ၿပီးေတာ့ သူတို႔ကို ေ၀ဖန္တာေတြကို ပိတ္ေအာင္လုပ္ေနတာက အေၾကာက္တရားဖန္တီးတာျဖစ္တယ္။ဒါက ဒီမိုကေရစီနဲ႔ အလွမ္းေ၀းေနစဲလို႔ က်ေနာ္တုိ႔ ေျပာလို႔ရပါတယ္။”

NLD အစိုးရသက္တမ္း ၄၅ လအတြင္း ႏုိင္္ငံသားအခြင့္အေရး ကန္႔သတ္တဲ့ဥပေဒေတြကို ခ်ဳိးေဖာက္တယ္ဆိုတဲ့ စြဲခ်က္ေတြ နဲ႔ သတင္းသမား၊ ဥပေဒပညာရွင္၊ တက္ႂကြလႈပ္ရွားသူ စသည္အားျဖင့္ လူေပါင္း ၉၀ ေက်ာ္ ပုဒ္မမ်ဳိးစံုနဲ႔ တရားစြဲဆိုခံခဲ့ရတယ္လို႔ အသံအဖြဲ႔ကလည္း ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

တနင်္သာရီဂျာနယ် အယူခံ တိုင်းတရားလွှတ်တော် ပယ်ချ

(Unicode)

တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “မဲဆွယ်အပြုံး” သရော်စာနဲ့ပတ်သက်ပြီး အသရေဖျက်မှုနဲ့ တရားစွဲခံထားရတာမှာ ဒီကနေ့မှာတော့ တိုင်းတရားလွှတ်တော်က အယူခံကို ပလပ်လိုက်ပါတယ်။ ဂျာနယ်အနေနဲ့ အယူခံ ဆက် တက်သွားမယ်လို့ တာဝန်ခံအယ်ဒီတာကပြောပါတယ်။ လက်ရှိ အစိုးရလက်ထက် အခုလို တရားစွဲဆိုမှုတွေကြောင့် ဒီမိုကရေစီ အခြေခံစံနှုန်းတွေအပေါ် မေးခွန်းထုတ်လာနေကြတာပါ။ ဒီအကြောင်း မဆုမွန်က ဆက်ပြော ပြပါမယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ ၅ အမှတ် ၁၇ မှာ ဖော်ပြခဲ့တဲ့ ကလောင်ရှင် မူးဆေးအိုးရဲ့ မဲဆွယ်အပြုံးဆိုတဲ့ ခေါင်းစဉ်နဲ့ သရော်စာဟာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ စွဲချက်နဲ့ အရေးယူပေးဖို့ တိုင်းအစိုးရအဖွဲ့ရုံးရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးလူက ထားဝယ်မြို့နယ်တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့တာပါ။

သတင်းမီဒီယာဥပဒေ( ၂၅-ခ) အမှုရင်ဆိုင်ခဲ့ကြပြီးနောက်မှာတော့- တနင်္သာရီ ဂျာနယ်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး မြို့နယ်တရားရုံးကနေ ငွေဒဏ်ငါးသိန်း-ချမှတ်ခဲ့ပါတယ်။ ဒီအပေါ် ပြစ်ဒဏ်ချမှတ်မှု တရားမျှတမှုမရှိဘူးဆိုပြီး တနင်္သာရီတိုင်းဂျာနယ်က ခရိုင်တရားလွှတ်တော်မှာ အယူခံဝင်ခဲ့ပါတယ်။ အဲဒီမှာ ပလပ်ခံရပြီးတဲ့နောက် တိုင်းတရားလွှတ်တော် ဆက်တက်တာမှာ ဒီကနေ့ထပ်ပြီး အပယ်ခံရတာပါ။

ဂျာနယ်အနေနဲ့ ပြည်ထောင်စုတရားလွှတ်တော်အထိ အဆင့်ဆင့် အယူခံ ဆက်ဝင်သွားမယ် လို့ တနင်္သာရီတိုင်း ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ပြည်ထောင်စုတရားလွှတ်တော်အထိကို အယူခံ ဆက်တက်မယ်ပေါ့နော်။ ကျနော်တို့ ဖော်ပြခဲ့တာက သရော်စာပဲ ဖြစ်တယ်ပေါ့နော်။ ဒီ သရော်စာထဲမှာ ပါနေတဲ့ အကြောင်းအရာတွေက အများပြည်သူနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေဖြစ်တယ်ပေါ့နော်။ ကျနော်တို့ကတော့ တရားရုံးတခုခုမှာတော့ ကျနော်တို့ ပြောချင်တာကို သဘောပေါက်တဲ့ အခြေအနေနဲ့ ကြုံမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားရမှာပေါ့နော်။ဒီကိစ္စက တနင်္သာရီဂျာနယ်က ရင်ဆိုင်နေရတယ်ဆိုပေမယ့် ဒါက အားလုံးနဲ့ သက်ဆိုင်တဲ့အနေအထားဖြစ်နေတော့ နောက်လူငယ်တွေအတွက် မျက်နှာငယ်စရာ၊ စီရင်ထုံးတခုမဖြစ်စေချင်ဘူးလေ။ အဲဒါကြောင့် ရှိသမျှအခွင့်အရေး၊ ရှိသမျှ ခွန်အားနဲ့တော့ ကျနော်တို့အနေနဲ့ ကြိုးစားနေပါတယ်။”

ဒီလိုတနင်္သာရီဂျာနယ်ရဲ့ မဲဆွယ်အပြုံးသရော်စာ ဖြစ်ရပ်လိုပဲ သင်္ကြန်ပျက်လုံးတွေနဲ့ တပ်မတော်ကို သရော်တဲ့အတွက် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကိုလည်း အင်းစိန်ထောင်ထဲ အကျဉ်းချထားပြီး လာမယ့် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ရှိနေတာပါ။

အခုလို အရပ်သားအစိုးရလက်ထက် ဝေဖန်မှုတွေ လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုတွေကို ပုဒ်မမျိုးစုံနဲ့ အစိုးရနဲ့တပ်မတော်ဘက်က တရားစွဲဆိုမှုတွေဟာ ဒီမိုကရေစီအရပ်သားအစိုးရလက်ထက် ဒီမိုကရေစီစံနှုန်းတွေကို မေးခွန်းထုတ်စရာ ဖြစ်လာ နေတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အသံအဖွဲ့ရဲ့ သုတေသနမှူးကိုရဲဝေဖြိုးအောင်က သုံးသပ်ပါတယ်။

“ ကျနော်တို့ဒီ နိုင်ငံရေးအရ ဝေဖန်မှုဆိုတာက ပုံစံ ပေါင်းစုံနဲ့ ဖြစ်နိုင်တယ်။ နည်းလမ်းပေါင်းစုံနဲ့ ဖြစ်နိုင်တယ်။ အဲဒီမှာ ခုနပြောတဲ့ သရော်တာတွေ ၊ လှောင်ပြောင်တာတွေ သံချပ်လုပ်တာတွေ ဒါမှမဟုတ်ရင် အငြိမ့်အဖြစ် ကပြတာတွေ စတဲ့ပုံစံတွေ ပေါင်းစုံနဲ့ ရှိမယ်ပေါ့နော်။ အဲဒီလို ပုံစံပေါင်းစုံနဲ့ နိုင်ငံရေးအရ ဝေဖန်မှလည်း တကယ်တမ်းပြောင်းလာမယ်ပေါ့နော်။ ဥပမာ- ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကိုဆိုရင် သံချပ်ထိုးတဲ့ဟာတခုကိုပဲ အကြောင်းပြပြီး ၅၀၅ (က) နဲ့ရော ၆၆(ဃ) နဲ့ မြို့နယ် ၆ ခုမှာ စုစုပေါင်း အမှု ၈ ခုနဲ့ တရားစွဲ ထားတယ်ပေါ့နော်။ အဲဒီအထဲမှာ ဆိုလိုချင်တာက ဒီမိုကရေစီကို သွားနေပါတယ်။ ကျနော်တို့ ကျမတို့က ဘယ်လောက်တောင် ဒီမိုကရေစီကို စောင့်ရှောက်နေပါတယ်ပြောပြော ဒီလုပ်ရပ်တွေကနေပြီးတော့ သက်သေပြနေတာပေါ့နော်။”

တိုင်းရင်းဒေသတွေအပါအဝင် မြန်မာနိုင်ငံတဝန်းမှာ ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုခံနေရတာ ထောင်ချခံထားရတာ ပြင်ပကနေ အမှုရင်ဆိုင်နေရတာ စတဲ့ နိုင်ငံရေးအမှုတွေဟာ ပိုတိုးလာနေပါတယ်။ နိုင်ငံရေးအကျဉ်သား ၆၀၀ ကျော်ထိ ရှိနေတာဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ AAPPB နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်းရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“ဒီအစိုးရ ဖြစ်လာပြီ၊ နိုင်ငံတော်အကြီးအကဲဖြစ်လာပြီဆိုရင် သူတို့ လုပ်တဲ့ လုပ်ငန်းစဉ်တွေအကုန်လုံးက သဘောထားတခုတည်းဖြစ်ချင်မှ ဖြစ်မယ်၊ သဘောထားကွဲနေတာလည်းရှိမယ်။ အဲဒီသဘောထားကွဲနေတာကို ပြင်ဆင်ဖို့ ပြောတဲ့လူတွေကို အခုလိုမျိုးတရားတွေစွဲနေမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေတယ်လို့ ပြောလို့ရမှာပါ ဒါက တချက်။နောက်တချက်က ကျနော်တို့သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို သွားပြီဆိုရင် ရှိတဲ့ တည်ဆဲဥပဒေကို ပြန်လည် စမ်းစစ်ဖို့လိုတယ်။ အဲဒီ ဥပဒေတွေက ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် ရည်ရွယ်ပြီး ဆွဲထားတဲ့ ဥပဒေတွေဖြစ်တယ်။ ဒီလိုဥပဒေတွေကို ပြုပြင်ပြောင်းလဲမှု မရှိပဲနဲ့ ဒီဥပဒေတွေကို အသုံးချပြီးတော့ သူတို့ကို ဝေဖန်တာတွေကို ပိတ်အောင်လုပ်နေတာက အကြောက်တရားဖန်တီးတာဖြစ်တယ်။ဒါက ဒီမိုကရေစီနဲ့ အလှမ်းဝေးနေစဲလို့ ကျနော်တို့ ပြောလို့ရပါတယ်။”

NLD အစိုးရသက်တမ်း ၄၅ လအတွင်း နိုင်ငံသားအခွင့်အရေး ကန့်သတ်တဲ့ဥပဒေတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်တွေ နဲ့ သတင်းသမား၊ ဥပဒေပညာရှင်၊ တက်ကြွလှုပ်ရှားသူ စသည်အားဖြင့် လူပေါင်း ၉၀ ကျော် ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုခံခဲ့ရတယ်လို့ အသံအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG