သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ပြဲေတြအဆံုးသတ္ေရး ဝိုင္းဝန္းႀကိဳးစားဖို႔ အတိုင္ပင္ခံတိုက္တြန္း


(၇၂)ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားမွာ အတိုင္ပင္ခံ မိန္႔ခြန္းေျပာ (ဓါတ္ပံု-Myanmar State Counsellor Office)

(Zawgyi/ Unicode)

ဒီကေန႔ ဇန္နဝါရီ ၁၀ရက္မွာ က်င္းပတဲ့ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားကို တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ျပည္တြင္းစစ္ပြဲေတြ ရပ္ဆိုင္းသြားေအာင္ ဝို္င္းဝန္းႀကိဳးစားၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

ကခ်င္အရပ္ဘက္ အဖြဲ႕အစည္းေတြကလည္း ကခ်င္မ်ိဳးႏြယ္စုေတြနဲ႔ အျခားလူမ်ိဳးစုေတြ စုေပါင္းေနထိုင္တဲ့ ကခ်င္ျပည္နယ္မွာ ၿငိမ္းခ်မ္းေရးအျမန္ဆုံး ရႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတာပါ။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ မနာကြင္းမွာ ဒီေန႔က်င္းပတဲ့ (၇၂)ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ့တာ ျဖစ္ၿပီး ဒါဟာ ၂၀၂၀မွာ သူ႔ရဲ႕ ပထမဦးဆုံး ျပည္နယ္ခရီးစဥ္လည္းျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ေန႔ရဲ့ အဓိကအခမ္းအနားတခု ျဖစ္တဲ့ မေနာပြဲမွာ ျပည္တြင္းစစ္ ရပ္စဲေရး အတြက္ ဝိုင္းဝန္းႀကိဳးပမ္းႀကဖို႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဓိကထားေျပာခဲ့သလို မေနာပြဲက်င္းပပံု ၅ မ်ိဳးထဲက “စစ္ပြဲေတြေအာင္ႏိုင္ျခင္း” နဲ႔ ပတ္သက္ၿပီး ဘယ္လို စစ္မ်ိဳးကို ေအာင္ႏုိင္ဖို႔ လိုတယ္ ဆိုတာကို ေျပာၾကား ခဲ့ပါတယ္။

“ ျပည္တြင္းစစ္ေတြ ေအာင္ႏိုင္ရင္ ေနာင္ျပည္တြင္းစစ္ေတြ မျဖစ္ေအာင္လို႔ အဲဒီလို ေအာင္ႏိုင္ေရး မေနာပြဲႀကီးတခု က်မတို႔ က်င္းပႏိုင္တဲ့အေျခအေနကို ေရာက္ေအာင္လို႔ အားလုံးႀကိဳးစားခ်င္ပါတယ္။ ဒီလိုစစ္ပြဲေတြျဖစ္ျခင္းကို ေအာင္ႏိုင္ၿပီဆိုမွ က်မတို႔ႏိုင္ငံဟာလည္း တကယ္တိုးတက္ႏိုင္မွာ၊ က်မတို႔ ျပည္သူေတြကလည္း ဖြံ႕ၿဖိဳးႏိုင္မွာ ျဖစ္ပါတယ္။”

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ ဒုဥကၠ႒ ဦးကြမ္ဂါင္ေအာင္ခမ္းက ေတာ့ ဒီေန႔က်င္းပတဲ့ ကခ်င္ျပည္နယ္ေန႔ဟာ ကခ်င္လူမ်ိဳးေတြအတြက္ အေရးႀကီးတဲ့ေန႔ျဖစ္ ေၾကာင္းနဲ႔ ဒီကတဆင့္ ဖက္ဒရယ္ႏိုင္ငံအတြက္ အေထာက္အကူျဖစ္တဲ့ အခမ္းအနားျဖစ္လာဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာပါတယ္။

“ အကုန္လုံး တန္းတူအခြင့္အေရးေတြ ရွိတဲ့ဟာမ်ိဳး ပုံစံမ်ိဳးနဲ႔ ျဖစ္သြားေစခ်င္ပါတယ္။ ပိုၿပီးမွ ဖက္ဒရယ္စနစ္ တည္ေဆာက္တဲ့အခါမွာ အေထာက္အကူျပဳတဲ့ အခမ္းအနားမ်ိဳးပဲ ျဖစ္ေစခ်င္ပါတယ္။ ဒါေပမဲ့ လက္ေတြ႕အေကာင္အထည္ ေဖာ္တာက ဘယ္ေလာက္အထိ အေကာင္အထည္ေဖာ္ သလဲဆိုတဲ့ အေပၚမွာေတာ့ မူတည္ပါလိမ့္မယ္။”

ကခ်င္ျပည္နယ္မွာ ဂ်ိန္းေဖာ၊ ရဝမ္၊ လီဆူ၊ လာခ်ိဒ္၊ ေလာ္ေဝၚ၊ ဇိုင္ဝါး စတဲ့ ကခ်င္မ်ိဳးႏြယ္စုေတြ အပါအဝင္ ရွမ္း၊ ဗမာနဲ႔ တျခားတိုင္းရင္းသား မ်ိဳးႏြယ္စု စုစုေပါင္း ၁၇ သိန္းေလာက္ ေနထိုင္ပါတယ္။ ျပည္နယ္ တြင္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနထိုင္ႏိုင္ေရး အတြက္ ကခ်င္မ်ိဳးႏြယ္စု ၆ခု စလံုး လက္တြဲ ေဆာင္ရြက္မွ အႀကိဳးရွိမယ္လုိ႔လည္း ျမန္မာႏိုင္ငံ ရဝမ္စာေပ ယဥ္ေက်းမႈအသင္း (ဗဟို)ရဲ႕ ဥကၠ႒ ဦးမယစ္ေယာရႈ က ဗြီအိုေအကို ေျပာပါတယ္။

“ ကခ်င္ျပည္နယ္ရဲ႕ အနာဂတ္ကို လက္တြဲအေကာင္အထည္ ေဖာ္ရင္းနဲ႔ ဤအမိ ျမန္မာႏိုင္ငံေတာ္ရဲ႕ၿငိမ္းခ်မ္းေရးကိုလည္း က်ေနာ္တို႔ ၆မ်ိဳးက အတူတကြ လက္တြဲၿပီးမွ ေဖာ္ေဆာင္ခ်င္တယ္ ဆိုၿပီးက်ေနာ္တို႔ စိတ္ကူးထဲမွာရွိပါတယ္။ တစည္းတလုံးတည္းပါဝင္ရင္ ပိုၿပီးမွ အားရွိမယ္ဆိုၿပီး အဲလိုပဲ ခံယူပါတယ္။”

ေတာင္တန္း၊ ျပည္မ တိုင္းရင္းသားေတြပါတဲ့ ၁၉၄၇ ပင္လုံေဆြးေႏြးပြဲရလဒ္ကေန တိုင္းရင္းသား စည္လုံးညီၫြတ္မႈကို တည္ေဆာက္ႏိုင္ခဲ့လို႔ၿဗိတိသွ်အစိုးရဆီကေန လြတ္လပ္ေရးကို ရခဲ့ပါတယ္။ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီ ၁၀ရက္မွာ ကခ်င္ျပည္နယ္ေကာင္စီညီလာခံရဲ႕ ပထမအႀကိမ္ အစည္းအေဝးမွာ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ကို ဖြဲ႕စည္းႏိုင္ခဲ့ၿပီး ဒါကိုဂုဏ္ျပဳတဲ့အေနနဲ႔ ဒီေန႔ကို ကခ်င္ျပည္နယ္ေန႔အျဖစ္ သတ္မွတ္ခဲ့တာပါ။

အစိုးရက ၂၁ရာစုပင္လုံညီလာခံကို ၃ႀကိမ္က်င္းပထားၿပီး အဲဒီညီလာခံေတြကေန ဘုံသေဘာတူညီခ်က္ ၅၁ခု ရရွိထားပါတယ္။ ဒီသေဘာတူညီခ်က္ေတြ ကေန ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ဖို႔၊ တိုင္းရင္းသားအားလုံး ျပည္ေထာင္စုစိတ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ကခ်င္ျပည္နယ္ေန႔အတြက္ သဝဏ္လႊာေပးပို႔ တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......................

စစ်ပွဲတွေအဆုံးသတ်ရေး ဝိုင်းဝန်းကြိုးစားဖို့ အတိုင်ပင်ခံတိုက်တွန်း

(Unicode)

ဒီကနေ့ ဇန်နဝါရီ ၁၀ရက်မှာ ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်ပွဲတွေ ရပ်ဆိုင်းသွားအောင် ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ကချင်အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ကချင်မျိုးနွယ်စုတွေနဲ့ အခြားလူမျိုးစုတွေ စုပေါင်းနေထိုင်တဲ့ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအမြန်ဆုံး ရနိုင်ဖို့ မျှော်လင့်နေကြတာပါ။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မနာကွင်းမှာ ဒီနေ့ကျင်းပတဲ့ (၇၂)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာ ဖြစ်ပြီး ဒါဟာ ၂၀၂၀မှာ သူ့ရဲ့ ပထမဦးဆုံး ပြည်နယ်ခရီးစဉ်လည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်နေ့ရဲ့ အဓိကအခမ်းအနားတခု ဖြစ်တဲ့ မနောပွဲမှာ ပြည်တွင်းစစ် ရပ်စဲရေး အတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဓိကထားပြောခဲ့သလို မနောပွဲကျင်းပပုံ ၅ မျိုးထဲက “စစ်ပွဲတွေအောင်နိုင်ခြင်း” နဲ့ ပတ်သက်ပြီး ဘယ်လို စစ်မျိုးကို အောင်နိုင်ဖို့ လိုတယ် ဆိုတာကို ပြောကြား ခဲ့ပါတယ်။

“ ပြည်တွင်းစစ်တွေ အောင်နိုင်ရင် နောင်ပြည်တွင်းစစ်တွေ မဖြစ်အောင်လို့ အဲဒီလို အောင်နိုင်ရေး မနောပွဲကြီးတခု ကျမတို့ ကျင်းပနိုင်တဲ့အခြေအနေကို ရောက်အောင်လို့ အားလုံးကြိုးစားချင်ပါတယ်။ ဒီလိုစစ်ပွဲတွေဖြစ်ခြင်းကို အောင်နိုင်ပြီဆိုမှ ကျမတို့နိုင်ငံဟာလည်း တကယ်တိုးတက်နိုင်မှာ၊ ကျမတို့ ပြည်သူတွေကလည်း ဖွံ့ဖြိုးနိုင်မှာ ဖြစ်ပါတယ်။”

ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးကွမ်ဂါင်အောင်ခမ်းက တော့ ဒီနေ့ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ဟာ ကချင်လူမျိုးတွေအတွက် အရေးကြီးတဲ့နေ့ဖြစ် ကြောင်းနဲ့ ဒီကတဆင့် ဖက်ဒရယ်နိုင်ငံအတွက် အထောက်အကူဖြစ်တဲ့ အခမ်းအနားဖြစ်လာဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

“ အကုန်လုံး တန်းတူအခွင့်အရေးတွေ ရှိတဲ့ဟာမျိုး ပုံစံမျိုးနဲ့ ဖြစ်သွားစေချင်ပါတယ်။ ပိုပြီးမှ ဖက်ဒရယ်စနစ် တည်ဆောက်တဲ့အခါမှာ အထောက်အကူပြုတဲ့ အခမ်းအနားမျိုးပဲ ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည် ဖော်တာက ဘယ်လောက်အထိ အကောင်အထည်ဖော် သလဲဆိုတဲ့ အပေါ်မှာတော့ မူတည်ပါလိမ့်မယ်။”

ကချင်ပြည်နယ်မှာ ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ လာချိဒ်၊ လော်ဝေါ်၊ ဇိုင်ဝါး စတဲ့ ကချင်မျိုးနွယ်စုတွေ အပါအဝင် ရှမ်း၊ ဗမာနဲ့ တခြားတိုင်းရင်းသား မျိုးနွယ်စု စုစုပေါင်း ၁၇ သိန်းလောက် နေထိုင်ပါတယ်။ ပြည်နယ် တွင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ရေး အတွက် ကချင်မျိုးနွယ်စု ၆ခု စလုံး လက်တွဲ ဆောင်ရွက်မှ အကြိုးရှိမယ်လို့လည်း မြန်မာနိုင်ငံ ရဝမ်စာပေ ယဉ်ကျေးမှုအသင်း (ဗဟို)ရဲ့ ဥက္ကဋ္ဌ ဦးမယစ်ယောရှု က ဗွီအိုအေကို ပြောပါတယ်။

“ ကချင်ပြည်နယ်ရဲ့ အနာဂတ်ကို လက်တွဲအကောင်အထည် ဖော်ရင်းနဲ့ ဤအမိ မြန်မာနိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့ ၆မျိုးက အတူတကွ လက်တွဲပြီးမှ ဖော်ဆောင်ချင်တယ် ဆိုပြီးကျနော်တို့ စိတ်ကူးထဲမှာရှိပါတယ်။ တစည်းတလုံးတည်းပါဝင်ရင် ပိုပြီးမှ အားရှိမယ်ဆိုပြီး အဲလိုပဲ ခံယူပါတယ်။”

တောင်တန်း၊ ပြည်မ တိုင်းရင်းသားတွေပါတဲ့ ၁၉၄၇ ပင်လုံဆွေးနွေးပွဲရလဒ်ကနေ တိုင်းရင်းသား စည်လုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့လို့ဗြိတိသျှအစိုးရဆီကနေ လွတ်လပ်ရေးကို ရခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ရက်မှာ ကချင်ပြည်နယ်ကောင်စီညီလာခံရဲ့ ပထမအကြိမ် အစည်းအဝေးမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဒါကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

အစိုးရက ၂၁ရာစုပင်လုံညီလာခံကို ၃ကြိမ်ကျင်းပထားပြီး အဲဒီညီလာခံတွေကနေ ဘုံသဘောတူညီချက် ၅၁ခု ရရှိထားပါတယ်။ ဒီသဘောတူညီချက်တွေ ကနေ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့၊ တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကချင်ပြည်နယ်နေ့အတွက် သဝဏ်လွှာပေးပို့ တိုက်တွန်းခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG