သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀နှစ် ကန်သမ္မတရွေးကောက်ပွဲပြိုင်ဖို့ ဒီမိုကရက်အမျိုးသမီးအမတ် ကြေညာ


Kamala Harris
Kamala Harris

အမေရိကန်ပြည်ထောင်စု ကလ်လီဖိုးနီးယားပြည်နယ်က ဒီမိုကရက်အထက်လွှတ်တော်အမတ် Kamala Harris ဟာ လာမယ့်နှစ် ၂၀၂၀ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်လိုက်ကြောင်း မနေ့ကကျ ရောက်တဲ့ မာတင်လူသာကင်းနေ့မှာ ကြေညာခဲ့ပါတယ်။

Kamala Harris ဟာ အထက်လွှတ်တော် အမတ် အဖြစ်ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတဦးဖြစ်ပြီးသူ့ရဲ့ဖခင်က ဂျမေကာနိုင်ငံက၊ မိခင်က အိန္ဒိယနိုင်ငံကနေ အမေရိကန်ကိုရွှေ့ပြောင်းအခြေချလာခဲ့ကြသူတွေဖြစ်ပါတယ်။ Kamala Harris ဟာ တရားမျှတမှု၊ လူမှုကျင့်ဝတ်ကောင်းမွန် ရေးနဲ့ တမ်းတူညီမျှရေးတို့အတွက် တိုက်ပွဲဝင်နေသူတဦးအဖြစ်သူ့ကိုယ်သူကြေညာထားသူ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ်ဟာ အမေရိကန်ရဲ့ စံတန်ဘိုးတွေရရှိရေး တိုက်ပွဲဝင်ဖို့ကြွေးကြော် နေကြတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေအပေါ်မှာမူတည်နေတယ်လို့လည်း သမ္မတဝင်အရွေးခံဖို့ဆုံးဖြတ်ထားတဲ့ ဒီမိုကရက်ပါ တီအထက်လွှတ်တော်အမတ် Kamala Harrisကပြောပါတယ်။

သူဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ်သက်တမ်းခြောက်နှစ်မှာ Kamala Harrisက ဒုတိ ယနှစ်အဖြစ်လက်ရှိတာဝန်ထမ်းဆောင်နေပြီး လက်ရှိသမ္မတဒေါ်နလ်ထရမ့်အစိုးရအဖွဲ့အပေါ် ခပ်စပ်စပ် မေးခွန်းတွေ ထုတ် နေတဲ့ အဓိကအတိုက်အခံအမတ်တဦးလည်းဖြစ်ပါတယ်။ အသက်၅၄နှစ်ရှိပြီဖြစ်တဲ့ Kamala Harrisသာ လာမယ့် နှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံးအမျိုးသမီးသမ္မတဖြစ်လာမှာဖြစ် သလို၊ ပထမဦးဆုံးအာရှအနွယ်ဝင် သမ္မတ၊ ဒုတိယမြောက် အာဖရိကန်အမေရိကန်သမ္မတ တဦးလည်းဖြစ်လာမှာပါ။

ဒီမိုကရက်ပါတီက အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ မက်ဆာချုးဆက်စ်ပြည်နယ်က Elizabeth Warrenနဲ့ နယူးယောက်ပြည်နယ်က Kirsten Gillibrand တို့ကလည်း လာမယ့်နှစ်ရွေးကောက်ပွဲမှာ သမ္မတဝင်အရွေးခံမယ်လို့ ကြေညာထားပါတယ်။

၂၀၁၆ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အရေးနိမ့်ခဲ့ရတဲ့ ဗားမောင့်ပြည်နယ်အထက်လွှတ်တော်အမတ် Bernie Sanders ကလည်း နောက်တကြိမ်ဝင်ပြိုင်ဖို့ စဉ်းစားနေပြီး သမ္မတအိုဘားမားလက်ထက်မှာ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Joe Biden ကလည်း လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့စဉ်းစားနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG