သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ် ၃၇ ခုမှာ ကန်သမ္မတရွေးကောက်ပွဲ ကြိုတင်မဲပေး

အမေရိကန် သမ္မတရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးနေပုံ
အမေရိကန် သမ္မတရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးနေပုံ

အမေရိကန် သမ္မတရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်တွေကို ပြည်နယ် ၃၇ တို့မှာ စတင်နေပြီး နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့ မတိုင်ခင်မှာ သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ မဲပေးနေကြပါပြီ။ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲရတဲ့ အရေးပါတဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာတော့ မဲဆန္ဒရှင်တွေက စည်းရုံးဟောပြောမှုတွေကို ခေါင်းထဲမထည့်ဘဲ ကိုယ့်အတွက် အရေးကြီးတဲ့ အကြောင်းအရာတွေ အပေါ်မှာ စဉ်းစား ရွေးချယ် မဲပေးနေကြတဲ့ အကြောင်း ဗွီအိုအေ သတင်းထောက် Chris Simkins က သတင်းပေးပို့ထားပါတယ်။ မသိဂီ ၤထိုက်က ပြောပြမှာပါ။

မြောက်ကယ်ရိုလိုင်းနား ပြည်နယ်က မဲဆန္ဒရှင် Scott Herrick ကတော့ ဒီနှစ် သမ္မတရွေးကောက်ပွဲမှာ မဲပေးဖို့ စိတ်အားထက်သန်နေပါတယ်။ သူ့အတွက်ကတော့ သဘာဝပတ်ဝန်းကျင် အရေးက အရေးကြီးတယ်လို့ ပြောပါတယ်။

“ရာသီဥတု ပြောင်းလဲမှုက အကြောင်းရင်း တရပ် ဖြစ်လာပြီလို့ ကျနော် ယုံကြည်ပါတယ်။ ဒီအပေါ်မှာ ဟီလာရီ ကလင်တန်ရဲ့ အယူအဆက ကျနော့် အယူအဆနဲ့ တူတယ်လို့လည်း ယူဆတယ်လေ။ ဒီနှစ် ရွေးကောက်ပွဲကတော့ ရီပတ်ပလီကန်နဲ့ ဒီမိုကရက်ကြား အစဉ်အလာ အရ ရွေးချယ်ရတဲ့ ရွေးကောက်ပွဲလို့တော့ ကျနော် မထင်ပါဘူး။ ဒီမိုကရက် တယောက်နဲ့ အာဏာရှင် တယောက်ကြားက ရွေးကောက်ပွဲလို့ ကျနော်က ထင်ပါတယ်။”

ရီပတ်ပလီကန် Lewis Hutchinson ကတော့ ဒေါ်နယ် ထရမ့်ကို မဲပေးခဲ့ပါတယ်။ သူကတော့ အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေက အလုပ်အကိုင်တွေ ဆုံးရှုံးနေတာကို ပူပန်နေသလို လူဝင်မှုကြီးကြပ်ရေးကိုလည်း ပိုပြီး တင်းကျပ်စေချင်နေတာ ဖြစ်ပါတယ်။

“မူဆလင်တွေကို နယ်စပ်တွေကနေ ပိတ်ထားမယ်ဆိုတဲ့ Trump ရဲ့ အယူအဆကို ကြိုက်တယ်။ မူဆလင်တွေကို အထဲကို အဝင်မခံနဲ့လို့ ပြောနေတာ မဟုတ်ဘူးနော်။ တရားနည်းလမ်း တကျ ဝင်လာဖို့ ဆိုတဲ့ အချက်ကို ပြောနေတာပါ။”

အာဖရိက ကနေ အမေရိကန် ပြည်ထောင်စုကို ရွှွေ့ပြောင်းနေထိုင်သူ မဲဆန္ဒရှင် Sylvia Richardson ကတော့ Trump ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို သဘောမတူပါဘူး။

“အားလုံးကို တိုင်ပြည်ထဲကနေ နှင်ထုတ်မယ့် ပုံစံ Trump က ပြောနေတာပါ။ ဒီက လူတွေ အများစုက ရွှေ့ပြောင်းအခြေချသူတွေ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုကနေ နယ်နှင်နိုင်တဲ့ လူဆိုးတွေ ရှိနေသလိုဘဲ လူကောင်းတွေလည်း အများကြီး ရှိနေတယ်လေ။”

ပထမဆုံး အကြိမ် မဲပေးမယ့် ကောလိပ် ကျောင်းသူ Mattie Heyn အတွက်တော့ အမျိုးသမီး အခွင့်အရေးနဲ့ ပညာရေးက သူမ အတွက် အရေးအကြီးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

“ကလေးတွေက အနာဂတ်ကို ပုံဖော်ကြမှာပါ။ ဒီကလေးတွေကို ကောင်းကောင်း ပြုစုပျိုးထောင် မပေးနိုင်ခဲ့ဘူးဆိုရင် သူတို့ ကြီးပြင်းဖို့ အတွက် အခက်တွေ့ပါလိမ့်မယ်။”

ပညာရေးက သိပ်အရေးပါတယ်လို့ ရှုမြင်သူ နောက်တဦး ဖြစ်တဲ့ Geba McDaniel ကတော့ သားဖြစ်သူ Malik ကို ဒီမိုကရေစီ စနစ်မှာ ဘာတွေ လုပ်ဆောင်ဖို့ တာဝန်ရှိသလဲ ဆိုတာကို သိမြင်စေချင်နေသူပါ။

“ကျမမှာ ကလေးသုံးယောက်ရှိပါတယ်။ သူက ၁၄ နှစ်ရှိပြီလေ။ မဲ ပေးဖို့ လိုအပ်တယ်ဆိုတာကို ကျမက သူ့ကို သိစေချင်ပါတယ်။”

အသက် ၁၈ နှစ် မပြည့်ခင်မှာတော့ Malik အနေနဲ့ မဲပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မိခင် ဖြစ်သူကတော့ ဒီမိုကရေစီ စနစ်တရပ်မှာ သူ့အနေနဲ့ ဆောင်ရွက်ပိုင်ခွင့်တွေကို သိရှိ နားလည်စေချင်နေတာ ဖြစ်ပါတယ်။

ပြည်နယ် ၃၇ ခုမှာ ကန်သမ္မတရွေးကောက်ပွဲ ကြိုတင်မဲပေး
please wait

No media source currently available

0:00 0:02:53 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG