သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်နယ်တချို့ ကြိုတင်မဲပေး


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်လို့ သတ်မှတ်ထားကြတဲ့ ပြည်နယ်တွေထဲမှာ ပါဝင်တဲ့ Florida နဲ့ Colorado ပြည်နယ်တွေအပါအဝင် ပြည်နယ်အတော်များများမှာ လူကိုယ်တိုင် ကြိုတင်မဲပေးမှုတွေကို စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Florida ပြည်နယ်အတွင်းက အကြီးဆုံးမြို့နယ်တွေဖြစ်ကြတဲ့ Duval ၊ Hillsborough ၊ Miami-Dade ၊ Orange နဲ့ Palm Beach စတဲ့ ဒေသတွေအပြင် မြို့နယ်ပေါင်း ၅၀ မှာ တနင်္လာနေ့က မဲရုံတွေ ဖွင့်ထားပေးပါမယ်။ Colorado ပြည်နယ်မှာတော့ မြို့နယ်ပေါင်း ၆၄ ခုစလုံးမှာ မဲရုံတွေကို တနင်္လာနေ့က ဖွင့်ထားပေးပါတယ်။

ဒါ့အပြင် Alaska ၊ Arkansas ၊ Masachusetts နဲ့ Texas ပြည်နယ်တွေမှာလည်း တနင်္လာနေ့က ကြိုတင်မဲပေးဖို့အတွက် မဲရုံတွေကို ဖွင့်ပေးထားပါတယ်။

စာတိုက်ကတဆင့် ကြိုတင် မဲပေးတဲ့အစီအစဉ်တွေကိုတော့ ပြည်နယ် အတော်များများမှာ လွန်ခဲ့တဲ့ သီတင်းပတ် အတန်ကြာကတည်းက ခွင့်ပြုထားပေးပြီး ဖြစ်ပါတယ်။

ဒီအတောအတွင်း လူထုစစ်တမ်းတွေမှာ နောက်ကျကျန်နေတဲ့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က သူ့ကို ထောက်ခံသူတွေ ယုံကြည်မှုကျဆင်းအောင် လူထု စစ်တမ်းတွေမှာ ပြိုင်ဖက် ကိုယ်စားလှယ်လောင်း Hillary Clinton က အသာစီး ရနေတယ်ဆိုပြီး ဒီမိုကရက်ပါတီဝင်တွေက လူထုစစ်တမ်း အတုတွေ လုပ်နေကြတယ်လို့ စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အစောပိုင်းတုန်းကတော့ သူ့အနေနဲ့ အနိုင်ရနေကြောင်း၊ အဲဒီကိစ္စကို သတင်းမီဒီယာတွေက ဖော်ပြဖို့ ငြင်းဆန်နေကြကြောင်း၊ သူတို့ရဲ့ လိမ်ညာမှုကို လက်မခံပဲ မဲပေးကြပါဆိုပြီး Twitter လူမှုကွန်ယက်ကတဆင့် ထောက်ခံသူတွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်နယ်တချို့ ကြိုတင်မဲပေး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG