သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အမတ်နေရာအများစု အနိုင်ရရေး Clinton ကြိုးပမ်းနေ


လာမည့်လ ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ်လို့ ယုံကြည်မှုအပြည့်ရှိနေတဲ့ ဒီမိုကရက်ပါတီသမ္မတလောင်း Hillary ကလင်တန် ဟာ အခုအချိန်မှာတော့ Republican သမ္မတလောင်း Donald Trump ကို အနိုင်ရရှိဖို့ အရေးမထား တော့ပဲ ဥပဒေပြုရေးမှာ သူမရဲ့ အဆိုတွေအပေါ်ထောက်ခံမှုရရှိစေဖို့အတွက် အောက်လွှတ်တော်မှာ ဒီမိုကရက် အမတ်တွေ ပိုမိုရွေးကောက်ခံရအောင် ကြိုးပမ်းမှု အသစ်တွေ လုပ်ဆောင်နေပါတယ်။

သူမအပေါ် အဂတိလိုက်စားတယ်၊ သမ္မတရာထူးနဲ့ မထိုက်တန်ဘူး စသဖြင့် ပြောဆိုနေတဲ့ Donald Trump အပေါ် သူ့အနေနဲ့ ဘာကိုမှာ တုန့်ပြန်ပြောဆိုဖို့ မစဉ်းစားတော့ဘူးလို့ မစ္စကလင်တန်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတ တဦး ဖြစ်လာဖွယ်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း က သူမရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ် သွားရောက်နေတဲ့ လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ရွေးကောက်ပွဲ ကျင်းပဖို့ ၁၆ ရက်သာလိုတော့တဲ့ စနေနေ့ညပိုင်းက စကားပြောဆိုရာမှာ လက်ရှိ Republicanတွေ အသာစီးရရှိထားတဲ့ အထက်နဲ့အောက် လွှတ်တော် ၂ ရပ်စလုံးကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ဒီမိုကရက်တွေ ရွေးချယ်ခံရရေး အတွက် အလေးထား လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG