သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအတွက် Trump ပြောကြားမှု အိုဘားမားဝေဖန်

ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump
ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ သူ့အတွက် တရားမျှတမှုမရှိဘူးလို့ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ရဲ့ ပြောဆိုချက်ဟာ ရယ်စရာကိစ္စ မဟုတ်ဘူးလို့ သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆိုလိုက်ပါတယ်။

ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့မှာ ကြာသပတေးနေ့က ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton အတွက် မဲဆွယ်စည်းရုံးပွဲအတွင်း သမ္မတ အိုဘားမား က - နောက်လထဲကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ အမေရိကန်မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမခံဆိုတဲ့ Donald Trump ရဲ့ ပြောင်းလွဲရပ်တည်ချက်က - ဒီမိုကရေစီအတွက် အန္တရာယ်ရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ သူ အနိုင်ရတာကို ပြသခဲ့မယ်ဆိုရင် ရွေးကောက်ပွဲရလဒ်ကို အပြည့်အ၀ လက်ခံမှာဖြစ်တယ်လို့ မစ္စတာ Trump က သူ့အပေါ် ထောက်ခံသူတွေကို ဟာသနှောရင်း ကြာသပတေးနေ့ က ပြောဆိုခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း Nevada ပြည်နယ် Las Vegas မြို့မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သမ္မတလောင်းတွေရဲ့ နောက်ဆုံး စကားစစ်ထိုးပွဲအတွင်း - မစ္စတာ Trump က - ရွေးကောက်ပွဲရလဒ်တွေကို လက်ခံမယ်လို့ အလေးအနက်ပြောကြားဖို့ကို ငြင်းဆန်ခဲ့ပြီး၊ စောင့်ကြည့် သွားမယ်လို့သာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ Trump ရဲ့ ပြောကြားချက်ဟာ သူနဲ့အတူ ယှဉ်ပြိုင်နေတဲ့ ဒုသမ္မတလောင်း၊ စည်းရုံးရေးအဖွဲ့က အဆင့်မြင့်အရာရှိတွေနဲ့ သူ့သမီးလည်းဖြစ် အနီးကပ်အကြံပေးလည်းဖြစ်တဲ့ Ivanka Trump တို့ရဲ့ အစောပိုင်း အချိန်တွေအတွင်း ပြောကြားခဲ့တဲ့ ကတိတွေနဲ့ ကွဲလွဲနေတာ လည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွက် ထရန့်ပြောကြားမှု အိုဘားမားဝေဖန်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG