သုံးရလွယ်ကူစေသည့် Link များ

Trump နှင့် Clinton နောက်ဆုံးအကျော့ စကားစစ်ထိုးပွဲ ဗုဒ္ဒဟူးနေ့ ကျင်းပမည်


Republican ပါတီ သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton
Republican ပါတီ သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton နဲ့ Republican ပါတီ သမ္မတလောင်း Donald Trump တို့ဟာ ဗုဒ္ဓဟူးနေ့ကြရင် Nevada ပြည်နယ် Las Vegas မြို့မှာ တတိယနဲ့ နောက်ဆုံးအကြိမ်အဖြစ် စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။

လူထု စစ်တမ်း ကောက်ယူထားချက်တွေအရ Trump ဟာ Clinton ရဲ့နောက်က လိုက်နေပြီး ဗုဒ္ဓဟူးနေ့ စကားစစ်ထိုးပွဲဟာ ရွေးကောက်ပွဲ ကျင်းပဖို့ သတင်းသုံးပတ်တောင် မလိုတော့တဲ့ အချိန်အတွင်း အခြေနေတွေကို အပြောင်းလဲ ဖြစ်ပေါ်အောင် ကြိုးပမ်းဖို့ Trump အတွက် နောက်ဆုံး အခွင့်အလမ်းလည်း ဖြစ်ပါတယ်။

Real Clear Politics အဖွဲ့က နောက်ဆုံး ကောက်ယူခဲ့တဲ့ ပျမ်းမျှစစ်တမ်းအရ Clinton က ၆.၄ % အသာနဲ့ ဦးဆောင်နေပါတယ်။ Clinton ဟာ တကယ်တမ်း အရေးပါတဲ့ ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေအများစုမှာ နှာတဖျား အသာစီးရရှိနေပါတယ်။

Trump အနေနဲ့ မကြာသေးခင်က ကြုံခဲ့ရတဲ့ နိုင်ငံရေးပြဿ နာတွေ ရှိနေပေမဲ့ Nevada, North Carolina, Ohio စတဲ့ ပြည်နယ်တွေမှာ ထောက်ခံမဲ ရရှိမှုက သိပ်မကွာလှကြောင်း CNN နဲ့ ORC စစ်တမ်းတွေမှာ ပြသနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG