သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယား၀န္ႀကီးခ်ဳပ္အလဲြသံုးစားမႈစဲြခ်က္ ျပည္နယ္လႊတ္ေတာ္အတည္ျပဳ


ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရႈိ။ (ဓာတ္ပုံ - ကယားျပည္နယ္အစိုးရအဖြဲ႕႐ုံး)

[Zawgyi/Unicode]

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ဟာ လုပ္ပိုင္ခြင့္ကို အလြဲသုံးစားလုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ကို ျပည္နယ္လႊတ္ေတာ္က ဒီကေန႔ မဲခြဲဆုံးျဖတ္ အတည္ျပဳလိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရႈိ။ (ဓာတ္ပုံ - ကယားျပည္နယ္အစိုးရအဖြဲ႕႐ုံး)
ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရႈိ။ (ဓာတ္ပုံ - ကယားျပည္နယ္အစိုးရအဖြဲ႕႐ုံး)

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရႈိဟာ တာဝန္ယူစဥ္ကာလမွာ လုပ္ပိုင္ခြင့္ကို အလြဲသုံးစားလုပ္ခဲ့ေၾကာင္း စုံစမ္းစစ္ေဆးေရးအဖြဲ႕ရဲ႕ ေတြ႕ရွိခ်က္ကို ဒီကေန႔ ျပည္နယ္လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ရာမွာ အမ်ားစုက လက္ခံခဲ့တဲ့အတြက္ လႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။

ေနာက္ဆုံးအဆင့္အေနနဲ႔ ကယားျပည္နယ္ လႊတ္ေတာ္ဥကၠ႒က ႏိုင္ငံေတာ္သမၼဆီ ဒီဆုံးျဖတ္ခ်က္ကို ေပးပို႔ရမွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္မွာ အျပစ္ရွိ-မရွိ ဆိုတာကို သမၼတက ဆုံးျဖတ္ဖို႔သာ က်န္ေတာ့ေၾကာင္း လႊတ္ေတာ္ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒ ခူးသဲရယ္က ဗြီအိုေအကို ေျပာပါတယ္။

“လႊတ္ေတာ္ထဲမွာ ဒီေန႔မဲခြဲဆုံးျဖတ္ၾကတာေတာ့ က်ေနာ္တို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ရဲ႕ အစီရင္ခံစာ ေတြ႕ရွိခ်က္ကို တင္သြင္းၿပီးေတာ့မွ စြပ္စြဲျပစ္တင္တဲ့ အေၾကာင္းအရာ ႏွစ္ခုက လႊတ္ေတာ္ (ကိုယ္စားလွယ္) အမ်ားစုက လက္ခံတယ္ ေထာက္ခံတဲ့အခါက်ေတာ့ ဒါလႊတ္ေတာ္ဥကၠ႒ကေနၿပီးေတာ့မွ သူ႔တာဝန္ျဖစ္သြားၿပီ။ သမၼတဆီကို သူအစီရင္ခံ ေပးပို႔ရမွာျဖစ္ပါတယ္။”

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရႈိကေတာ့ လႊတ္ေတာ္ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ မွတ္ခ်က္ေပးဖို႔မရွိေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

"လႊတ္ေတာ္ရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ ဒါတဘက္သတ္ ဆုံးျဖတ္ခ်က္ပဲေလ။ ဒါေျပာစရာေတာ့မလိုဘူး ၾကည့္ရင္ သိေနတာပဲ။ အခုဆက္လုပ္ရမယ့္ ကိစၥကေတာ့ ဥပေဒလမ္းေၾကာင္းနဲ႔အညီ မွန္မွန္ကန္ကန္ ဆက္လက္ ေဆာင္႐ြက္သြားဖို႔ပဲ ရွိမွာေပါ့။"

ဝန္ႀကီးခ်ဳပ္အေပၚ စြပ္စြဲခ်က္ေတြမွာေတာ့ ႏိုင္ငံပိုင္စက္ယႏၲရားငွားရမ္းခေငြကို သူ႔ရဲ႕ ကိုယ္ပိုင္ ဘဏ္စာရင္းထဲ သြင္းထားတဲ့ကိစၥ၊ ကယားျပည္နယ္ပြဲေတာ္ က်င္းပရာေျမေနရာကို ေနာက္ထပ္ ၆.၂၂၄ ဧကတိုးခ်ဲ႕ဖို႔ အဆိုေအာင္ထားေပမဲ့ အေကာင္အထည္မေဖာ္ခဲ့တာေတြ ပါဝင္ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၅) ပုဒ္မ ၂၆၃ အရဆိုရင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္တေယာက္ကို ႏိုင္ငံေတာ္သစၥာေဖာက္တာ၊ ဖြဲ႕စည္းပုံဥပေဒကို က်ဴးလြန္တာ၊ အက်င့္သိကၡာပ်က္တာ၊ ဝန္ႀကီးခ်ဳပ္ရဲ႕ အရည္အခ်င္းပ်က္တာနဲ႔ တာဝန္ကို မေက်ပြန္တာ ဒီအခ်က္ ၅ ခုနဲ႔ စြဲခ်က္တင္ႏိုင္တယ္လို႔ ျပ႒ာန္းထားပါတယ္။

ကယားျပည္နယ္အတြင္း သတၱဳသန႔္စင္စက္႐ုံ တည္ေဆာက္တဲ့ကိစၥ၊ တိုင္းရင္းသားစာေပနဲ႔ ယဥ္ေက်းမႈအဖြဲ႕ေတြကို ေငြေၾကးေထာက္ပံ့တဲ့ကိစၥ၊ အမ်ားျပည္သူပိုင္ပန္းၿခံမွာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ တည္ေဆာက္တဲ့ကိစၥ ဒါေတြကိုလည္း စုံစမ္းေပးဖို႔အရပ္ဘက္အဖြဲ႕အစည္း ၂၃ ခုက လႊတ္ေတာ္ကို ေတာင္းဆိုထားပါတယ္။

ဝန္ႀကီးခ်ဳပ္ရဲ႕ ေဆာင္႐ြက္ခ်က္ေတြအေပၚ စုံစမ္းေဖာ္ထုတ္ အေရးယူဖို႔ လႈပ္ရွားရာမွာ ပါဝင္ခဲ့တဲ့ ကယန္းမ်ိဳးဆက္သစ္လူငယ္အဖြဲ႕ ဥကၠ႒ ခြန္းဘားနဒ္ဘုတ္ ကေတာ့ လႊတ္ေတာ္ ဆုံးျဖတ္ခ်က္အေပၚ အခုလို ေျပာပါတယ္။

“လႊတ္ေတာ္အမတ္ ၂၀ ဦးမွာ ၁၆ ဦးက ဒါကို သေဘာတူတယ္ေပါ့ေနာ္ ဒီအခ်က္ ၂ခ်က္ေပါ့။ က်ေနာ္တို႔ မရွင္းမလင္း ျဖစ္ေနတဲ့ က်ေနာ္တို႔ျပည္သူေတြၾကားမွာ ေမးခြန္းထုတ္မႈ မ်ားေနတဲ့ က်ေနာ္တို႔ ေတာင္းဆိုထားတဲ့ အခ်က္ကေတာ့ ပါမလား၊ မပါဘူးလားဆိုတာကေတာ့ မသိရေသးဘူးေပါ့ေနာ္။”

ဝန္ႀကီးခ်ဳပ္အေပၚ စြပ္စြဲတဲ့ အဆိုကိုေတာ့ ကယားျပည္နယ္ လႊတ္ေတာ္ေတာ္ကိုယ္စားလွယ္ ေလးပုံတပုံက ဩဂုတ္လထဲမွာပဲ လက္မွတ္ေရးထိုး တင္သြင္းခဲ့တာပါ။ ဒီေနာက္ ၾသဂုတ္လလယ္မွာပဲ လႊတ္ေတာ္ဥကၠ႒က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းၿပီး သီတင္း ၂ ပတ္ၾကာ စုံစမ္းစစ္ေဆး အစီရင္ခံခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကယားဝန်ကြီးချုပ်အလွဲသုံးစားမှုစွဲချက် ပြည်နယ်လွှတ်တော်အတည်ပြု

ကယားပြည်နယ်ဝန်ကြီးချုပ်ဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပြည်နယ်လွှတ်တော်က ဒီကနေ့ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုဟာ တာဝန်ယူစဉ်ကာလမှာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်ကို ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ အများစုက လက်ခံခဲ့တဲ့အတွက် လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မဆီ ဒီဆုံးဖြတ်ချက်ကို ပေးပို့ရမှာဖြစ်ပြီး ဝန်ကြီးချုပ်မှာ အပြစ်ရှိ-မရှိ ဆိုတာကို သမ္မတက ဆုံးဖြတ်ဖို့သာ ကျန်တော့ကြောင်း လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ခူးသဲရယ်က ဗွီအိုအေကို ပြောပါတယ်။

“လွှတ်တော်ထဲမှာ ဒီနေ့မဲခွဲဆုံးဖြတ်ကြတာတော့ ကျနော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ တွေ့ရှိချက်ကို တင်သွင်းပြီးတော့မှ စွပ်စွဲပြစ်တင်တဲ့ အကြောင်းအရာ နှစ်ခုက လွှတ်တော် (ကိုယ်စားလှယ်) အများစုက လက်ခံတယ် ထောက်ခံတဲ့အခါကျတော့ ဒါလွှတ်တော်ဥက္ကဋ္ဌကနေပြီးတော့မှ သူ့တာဝန်ဖြစ်သွားပြီ။ သမ္မတဆီကို သူအစီရင်ခံ ပေးပို့ရမှာဖြစ်ပါတယ်။”

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် မှတ်ချက်ပေးဖို့မရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။

"လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကတော့ ဒါတဘက်သတ် ဆုံးဖြတ်ချက်ပဲလေ။ ဒါပြောစရာတော့မလိုဘူး ကြည့်ရင် သိနေတာပဲ။ အခုဆက်လုပ်ရမယ့် ကိစ္စကတော့ ဥပဒေလမ်းကြောင်းနဲ့အညီ မှန်မှန်ကန်ကန် ဆက်လက် ဆောင်ရွက်သွားဖို့ပဲ ရှိမှာပေါ့။"

ဝန်ကြီးချုပ်အပေါ် စွပ်စွဲချက်တွေမှာတော့ နိုင်ငံပိုင်စက်ယန္တရားငှားရမ်းခငွေကို သူ့ရဲ့ ကိုယ်ပိုင် ဘဏ်စာရင်းထဲ သွင်းထားတဲ့ကိစ္စ၊ ကယားပြည်နယ်ပွဲတော် ကျင်းပရာမြေနေရာကို နောက်ထပ် ၆.၂၂၄ ဧကတိုးချဲ့ဖို့ အဆိုအောင်ထားပေမဲ့ အကောင်အထည်မဖော်ခဲ့တာတွေ ပါဝင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) ပုဒ်မ ၂၆၃ အရဆိုရင် ပြည်နယ်ဝန်ကြီးချုပ်တယောက်ကို နိုင်ငံတော်သစ္စာဖောက်တာ၊ ဖွဲ့စည်းပုံဥပဒေကို ကျူးလွန်တာ၊ အကျင့်သိက္ခာပျက်တာ၊ ဝန်ကြီးချုပ်ရဲ့ အရည်အချင်းပျက်တာနဲ့ တာဝန်ကို မကျေပွန်တာ ဒီအချက် ၅ ခုနဲ့ စွဲချက်တင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ကယားပြည်နယ်အတွင်း သတ္တုသန့်စင်စက်ရုံ တည်ဆောက်တဲ့ကိစ္စ၊ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေကို ငွေကြေးထောက်ပံ့တဲ့ကိစ္စ၊ အများပြည်သူပိုင်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်တဲ့ကိစ္စ ဒါတွေကိုလည်း စုံစမ်းပေးဖို့အရပ်ဘက်အဖွဲ့အစည်း ၂၃ ခုက လွှတ်တော်ကို တောင်းဆိုထားပါတယ်။

ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် စုံစမ်းဖော်ထုတ် အရေးယူဖို့ လှုပ်ရှားရာမှာ ပါဝင်ခဲ့တဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ဥက္ကဋ္ဌ ခွန်းဘားနဒ်ဘုတ် ကတော့ လွှတ်တော် ဆုံးဖြတ်ချက်အပေါ် အခုလို ပြောပါတယ်။

“လွှတ်တော်အမတ် ၂၀ ဦးမှာ ၁၆ ဦးက ဒါကို သဘောတူတယ်ပေါ့နော် ဒီအချက် ၂ချက်ပေါ့။ ကျနော်တို့ မရှင်းမလင်း ဖြစ်နေတဲ့ ကျနော်တို့ပြည်သူတွေကြားမှာ မေးခွန်းထုတ်မှု များနေတဲ့ ကျနော်တို့ တောင်းဆိုထားတဲ့ အချက်ကတော့ ပါမလား၊ မပါဘူးလားဆိုတာကတော့ မသိရသေးဘူးပေါ့နော်။”

ဝန်ကြီးချုပ်အပေါ် စွပ်စွဲတဲ့ အဆိုကိုတော့ ကယားပြည်နယ် လွှတ်တော်တော်ကိုယ်စားလှယ် လေးပုံတပုံက ဩဂုတ်လထဲမှာပဲ လက်မှတ်ရေးထိုး တင်သွင်းခဲ့တာပါ။ ဒီနောက် သြဂုတ်လလယ်မှာပဲ လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး သီတင်း ၂ ပတ်ကြာ စုံစမ်းစစ်ဆေး အစီရင်ခံခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG