သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်း တိုက်ပွဲများပြင်းထန်နေ


တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြဝတီခရိုင် မြင်ကွင်း (ဓါတ်ပုံ - CJ)
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြဝတီခရိုင် မြင်ကွင်း (ဓါတ်ပုံ - CJ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဆိုတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကို မတ်လ ၇ ရက်၊ မနက်ပိုင်းကနေ စပြီး ကရင်အမျိုးသားအစည်းအရုံး (KNU ) နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေပြင်းပြင်းထန်ထန်လုပ်နေပြီး တိုက်ပွဲ တွေပြင်းထန်နေပါတယ်။ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဆိုတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကို မတ်လ ၇ ရက်နေ့ မနက်ကစပြီး KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ဖို့လုပ်ရင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေလက်နက်ကြီးနဲ့ပစ်တာတွေလုပ်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

" ဒီနေ့ သင်္ကန်းညီနောင် ၃၅၅ နားမှာ လက်နက်ကြီးကျတယ်။ ဒီမနက် ခမ၇ ၃၅၅နားမှာ ကေအန်ယူနဲ့တိုက်ပွဲ တွေဖြစ်နေတာ။ လေယာဉ်တွေလည်းလာတယ်။ လက်နက်ကြီးသံတွေလည်းကြားရတယ်။ မနက်ပိုင်းကတော့လေယာဉ်တွေဆက်တိုက်လာတယ်။ လက်နက်ကြီးကတော့အခု ဒီနေ့ညမိုးချုပ်ထိပစ်နေတာဖြစ်တယ်။ တဒိန်းဒိန်း၊ တဒိုင်းဒိုင်းနဲ့ပစ်နေတာဖြစ်တယ်"

အခုဆိုရင် ကရင်ပြည်နယ်အတွင်းက စစ်ကောင်စီရဲ့တပ်စခန်းအတော်များများက လက်လွတ်ဆုံးရှုံးလာရပြီးတဲ့နောက် မြေပြင်ထိုးစစ်အင်အားတွေနည်းလာသလို နယ်ခြားစောင့်တပ်ကလည်း စစ်ကောင်စီရဲ့လက်အောက်ခံအဖြစ်ကနေ ခွဲထွက်ပြီးသီးခြားအဖွဲ့ အဖြစ် ရပ်တည်နေတာတွေလည်းရှိပါတယ်။

စစ်ကောင်စီဘက်ကအခုဆိုရင် စစ်တပ်နဲ့ရဲ့ပူးပေါင်းအင်းအားနဲ့သာ ပူးပေါင်းတပ်ဖွဲ့ တွေကို ခုခံနေရတယ်လို့လည်းဆိုပါတယ်။

"စစ်တပ်ဘက်ကတော့ မြ၀တီမှာရှိတဲ့စစ်တပ်ကရဲဘော်တွေကောရဲကောပေါင်းထားတယ်"

မနက်အစောပိုင်းမှာ KNU တပ်မဟာ (၆) နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်တိုက်နေတာဖြစ်ပြီး ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပါတယ်။

မြဝတီမြို့နဲ့ ၁၀ မိုင်ခန့် အကွာမှာရှိတဲ့ ခမရ ၃၅၅ ကျမသွားရေး အတွက် စစ်တပ်ဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်လုပ်နေပါတယ်။ မြ၀တီ- ကော့ကရိပ်-ဒေါနလမ်းဆုံမှာရှိတဲ့ခမရ ၃၅၅ အတွင်းကနေ စစ်တပ်အင်အားတွေကလည်း တနေကုန်အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ မနေရဲပဲဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။

သင်္ဃန်းညီနောင်မှာ တော့ ခမရ ၃၅၅ အပြင် ၃၅၆ နဲ့ ၃၅၇ ဆိုတဲ့ ခြေမြန်တပ်ရင်း ၂ ရင်းလည်းရှိတာပါ။ ဇန်နဝါရီ ၂၉ ရက်နေ့တုန်းကတော့ သင်္ဃန်းညီနောင်မှာရှိတဲ့ ခမရ ၃၅၆ ကိုလာတဲ့ စစ်ကောင်စီအရာရှိတွေတပ်ပြောင်း ချိန်စီးလာတဲ့ ရဟတ်ယာဉ်ကို KNU က ပစ်ချခဲ့တာကြောင့် အသေအပျောက်နဲ့ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်း တိုက်ပွဲများပြင်းထန်နေ
please wait

No media source currently available

0:00 0:02:32 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG