သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တပ်ကီပြည်နယ် ရေကြီးမှု အနည်းဆုံး ၁၅ ဦးသေ


KENTUCKY-FLOODS/
KENTUCKY-FLOODS/

အမေရိကန် ပြည်ထောင်စု ကန်တပ်ကီပြည်နယ်မှာ ရေကြီးမှုတွေ ဆိုးဆိုးရွားရွား ကြုံခဲ့ရတာကြောင့် အနည်းဆုံးလူ ၁၅ ဦး သေဆုံးပြီး၊ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက သောကြာနေ့မှာ ပြောလိုက်ပါတယ်။

ကန်တပ်ကီပြည်နယ် ရေကြီးမှု အနည်းဆုံး ၁၅ ဦးသေ

{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စု ကန်တပ်ကီပြည်နယ်မှာ ရေကြီးမှုတွေ ဆိုးဆိုးရွားရွား ကြုံခဲ့ရတာကြောင့် အနည်းဆုံးလူ ၁၅ ဦး သေဆုံးပြီး၊ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက သောကြာနေ့မှာ ပြောလိုက်ပါတယ်။

ကယ်ဆယ်ရေး ဝန်ထမ်းတွေက အရေးပေါ်လုပ်ငန်းတွေကို နေ့မအားညမအား ဆက်လုပ်နေကြပြီး ဗုဒ္ဓဟူးနေ့ ညကနေ ကြာသပတေးနေ့ မနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာက ရေလွှမ်းမိုးမှုနဲ့ ကြုံခဲ့ရတာကြောင့် တချို့နေရာတွေကို သွားဖို့ အခက်အခဲတွေ ရှိနေကြောင်းလည်း အုပ်ချုပ်ရေးမှူး Andy Beshear ကပြောပါတယ်။

ရေဘေးဒဏ်သင့် ဒေသကို အရေးပေါ် အကူအညီတွေ ပေးအပ်နိုင်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကလည်း ကပ်ဘေးသင့်ဒေသအဖြစ် သောကြာနေ့မှာပဲ ကြေညာခဲ့တာပါ။

“ကပ်ဘေးသင့် ဒေသအဖြစ် အမြန်ဆုံးကြေညာဖို့ အုပ်ချုပ်ရေးမှူးရဲ့ ပန်ကြားချက်ကို သမ္မတက အတည်ပြုလက်ခံလိုက်ပါတယ်။ ပြည်နယ်နဲ့ ဒေသဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တာတွေကို ဗဟိုအစိုးရက အကူအညီပေးဖို့လည်း အမိန့်ပေးထားပါတယ်။” လို့ အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဒီသီတင်းပတ် အစောပိုင်းက အမေရိကန် အလယ်ပိုင်းပြည်နယ်တွေမှာ မိုးအကြီးအကျယ် ရွာသွန်းတာဟာ တချို့နေရာတွေမှာ မိုးရေချိန် ၃ဝ စင်တီမီတာအထိ ရှိပါတယ်။

ကန်တပ်ကီ ပြည်နယ်က တောင်ပေါ်ဒေသ Perry ခရိုင်မှာလည်း မိုးရေချိန် ၂ဝ စင်တီမီတာအထိ ရွာသွန်းခဲ့တာကြောင့် ရေလွှမ်းမိုးမှုတွေ ကြုံခဲ့ရပြီး အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ကားတွေလည်း ရေထဲမျောပါကုန်ပါတယ်။ လမ်းတွေပေါ်မှာ ရွှံတွေပြိုဆင်းလာတာ၊ တံတားတွေပျက်စီးတာ၊ လျှပ်စစ်မီး ပြတ်တောက်တာတွေ ကြုံကြရပြီး လူအများအပြားကိုလည်း အိမ်ခေါင်မိုးပေါ်ကနေ အရေးပေါ် ကယ်ဆယ်ခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

....................................


{{Zawgyi/Unicode}}






XS
SM
MD
LG