သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Harvey မုန်တိုင်းဒဏ် ပျက်စီးဆုံးရှုံးမှုကြီးမား


အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် Houston မြို့ကို ရေလွှမ်းပြီး ထောင်နဲ့ချီတဲ့ လူတွေ အိုးအိမ်ပစ် ထွက်ခွာစေခဲ့တဲ့ Harvey လေမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့က ကုန်းတွင်းကို တကျော့ပြန် ဝင်ရောက်ပြီး အရှေ့ဖက်နဲ့ အိမ်နီးချင်း လူဝီစီယားနား ပြည်နယ်တို့ဆီ ရွှေ့လျား အားပျော့သွားဖွယ် ရှိနေပါတယ်။

Harvey လေမုန်တိုင်း ကုန်းတွင်းဘက် ရွှေ့လျားပြီး တဖြေးဖြေး အားပျော့သွားမှာ ဖြစ်တယ်လို့ ဟာရီကိန်းမုန်တိုင်း လေ့လာရေးဌာန ကပြောပါတယ်။ လေမုန်တိုင်း ဒဏ်ကြောင့် ဟူစတန် မြို့မှာ အိမ်တွင်း ပိတ်မိနေသူတွေ ရှိနေဆဲ ဖြစ်ပြီး ရွှံ့ရေတွေလည်း ၄ ပေ လောက်အထိ မြင့်တက်နေဆဲ ဖြစ်ပါတယ်။

အမိမြေ လုံခြုံရေးဌာန ယာယီဝန်ကြီး Elaine Duke ကတော့ Texas ပြည်နယ်ရဲ့ ဒီဘေးအန္တရာယ် ပြန်လည် ထူထောင်ရေး အတွက် ဗဟိုအစိုးရက နှစ်ရှည် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

အခ ုအခြေနေမှာတော့ အသေအပျောက် မရှိအောင် ကယ်ဆယ်ရေး လုပ်ဆောင်ဆဲ အဆင့်မှာပဲ ရှိနေသေးတယ်လို့ အရေးပေါ် စီမံမှုဌာန အကြီးအကဲက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG