သုံးရလွယ်ကူစေသည့် Link များ

Harvey မုန်တိုင်းကြောင့် Texas ပြည်နယ်မှာ စံချိန်ကျိုးအောင် မိုးကြီးရေလွှမ်း


ရေကြီးမှုနဲ့ အကြီးအကျယ် ကြုံတွေ့နေရတဲ့ အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်ကို သမ္မတ Donald Trump နဲ့ သမ္မတ ကတော် Melania Trump တို့ သွားရောက်ပါတယ်။ ဒေသတွင်းမှာတော့ အပူပိုင်းမုန်တိုင်း Harvey ဆက်လက် တိုက်ခတ်နေတာကြောင့် မိုးသည်းထန်နေဆဲ ဖြစ်ပါတယ်။

အင်အားပြင်း ဟာရီကိန်းမုန်တိုင်း အဖြစ်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က စတင် ဝင်ရောက်ခဲ့တဲ့ ဒေသ အနီးက Corpus Christi မြို့ကို သမ္မတနဲ့ ဇနီးတို့ ပထမဆုံး ဝင်ရောက်မှာပါ။ အဲဒီနောက်မှာတော့ တက္ကဆက် ပြည်နယ် မြို့တော် Austin ကို သွားရောက်တာမှာတော့ ဒေသဆိုင်ရာနဲ့ ပြည်နယ် ခေါင်းဆောင်ပိုင်းက အခြေအနေတွေကို ရှင်းပြကြမှာဖြစ်ပြီး အရေးပေါ် စီမံခန့်ခွဲရေး ဌာနကိုလည်း သွားဖို့ ရှိပါတယ်။ ဆိုးဆိုးရွားရွား ရေကြီးမှုနဲ့ ရင်ဆိုင်နေရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ကယ်ထုတ်နေရတဲ့ Houston မြို့မှာတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အနှောင့်အယှက် ဖြစ်မယ့် အရေးကြောင့် သမ္မတ Trumpနဲ့ ဇနီးတို့ သွားရောက်မှာ မဟုတ်ပါဘူး။ ထောင်နဲ့ချီတဲ့ လူတွေကို ကယ်တင်ထားရပါတယ်။ မော်တော်ဘုတ်တွေ ဖောင်တွေနဲ့ ကယ်ဆယ်ရေး သမားတွေကတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းလိုသူတွေကို တအိမ်တက်ဆင်း ရှာဖွေ ကယ်ဆယ်နေကြသလို ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေကတော့ အိမ်ခေါင်မိုးတွေပေါ်က လူတွေကို ကယ်ထုတ်နေကြပါတယ်။ အခုအချိန်ထိ လူ ၈ ထောင်လောက်ကို ခိုလှုံရေး စခန်းတွေကို ရွှေ့ပြောင်းပေးထားပြီး ဖြစ်တယ်လို့ Houstan မြို့တော်ဝန်က ပြောဆိုပြီး လူပေါင်း ၃ သောင်းလောက် ရွှေ့ပြောင်းပေးရနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG