သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

*ကိုယ်ပိုင် ဝက်ဘ်စာမျက်နှာ ထောင်နိုင်တော့မယ့် ကင်ညာကလေးတွေ*


အာဖရိကတိုက်နိုင်ငံတွေထဲ နည်းပညာပိုင်း အောင်မြင်သူ အများဆုံးထွက်တဲ့နိုင်ငံထဲ ကင်ညာနိုင်ငံလည်း ပါပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ကွန်ပြူတာနည်းပညာနဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ထောင်နိုင်အောင် သင်ပေးတဲ့ Code with Kids အစီအစဉ်ကို တည်ထောင်ထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

အာဖရိကတိုက်နိုင်ငံတွေထဲ နည်းပညာပိုင်းမှာ အောင်မြင်သူတွေအများဆုံးထွက်တဲ့နိုင်ငံထဲ ကင်ညာနိုင်ငံလည်း ပါဝင်လာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ကွန်ပြူတာနည်းပညာနဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ထောင်နိုင်အောင် သင်ပေးတဲ့ Code with Kids အစီအစဉ်ကို တည်ထောင်ထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။


ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်က ကီဘယ်ရာ ပျံကျရပ်ကွက်ထဲက နွမ်းပါးတဲ့ ကလေးတွေကို ကွန်ပြူတာနည်းပညာသင်ပေးနေပါတယ်။ အသက် ၂၉ နှစ်အရွယ် Renice Owino တည်ထောင်ထားတဲ့ Code with Kids အစီအစဉ်ကနေ ကလေးတွေကို စက်ရုပ်ဆောက်နည်းနဲ့ကွန်ပြူတာ coding နည်းပညာတွေကို သင်ပေးနေပါတယ်။ ဝင်ငွေနည်းမိသားစုက မတတ်နိုင်တဲ့ ကလေးတွေအတွက် သိပ္ပံနည်းပညာ အင်ဂျင်နီယာနဲ့ သင်္ချာ ဘာသာရပ်တွေကို သင်ပေးနေတာ ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ ကလေးတွေသုံးဖို့ လက်ပ်တော့ပ် ကွန်ပြူတာတွေနဲ့စက်ရုပ်ဆက်တဲ့ ကိရိယာတွေပါ ပံ့ပိုးပေးထားတာပါ။

“နိုင်ရိုဘီမြို့တော်က ကလေးအစီအစဉ်တော်တော်များများက အမေရိကန်ဒေါ်လာ ၅၀ နဲ့ညီမျှတဲ့ ကင်ညာ shilling (ရှင်းလင်း) ၅ ထောင်လောက် ကုန်ကျပါတယ်။ Kibera (ကီဘယ်ရာ) ပျံကျရပ်ကွက်က မိဘတွေကျတော့ ဒီလောက်မတတ်နိုင်ပါဘူး။ ကျမတို့ရဲ့ Code with Kids အစီအစဉ်မှာတော့ Kibera ရပ်ကွက်ကကလေးတွေအတွက် တတန်းကို ကင်ညာရှင်းလင်း ၅၀နဲ့ ကျောင်းတက်နိုင်အောင် စီစဉ်ထားပါတယ်။ ရှင်းလင်း ၅၀ ပဲ ဆိုတော့ မိဘတွေအတွက်လည်း ဝန်မပိဘဲ ကလေးလည်း ကျောင်းတက်နိုင်ပါတယ်။ ဒီကလေးတွေရဲ့ အနာဂတ်အတွက် အခမဲ့ အကူအညီတွေကို Code with Kids အစီအစဉ်ကနေ ပေးနေတာပါ။”

ဒီအစီအစဉ်ကို အလှူရှင်တွေရဲ့ရန်ပုံငွေနဲ့ ကျောင်းသားမိဘတွေပေးတဲ့ လခနဲ့ ပေါင်းပြီး ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ကလေးတွေအတွက် အကျိုးရှိပြီး အရည်အချင်းအသစ်တွေလည်း လေ့လာနိုင်တာကြောင့် ဒီအစီအစဉ်အပေါ် စိတ်ဝင်စားမှု တိုးလာပါတယ်။ ဒီအတန်းကို စတက်တက်ချင်းမှာ ကွန်ပြူတာ သုံးနည်း အခြေခံကို စသင်ပေးပြီး ဒီကနေမှတဆင့် ကလေးရဲ့စိတ်ဝင်စားမှုအပေါ် မူတည်ပြီး မိုဘိုင်း application ဒီဇိုင်း တည်ဆောင်တာနဲ့ ဂိမ်းကစားနည်း ဖန်တီးတာမျိုးကိုပါ ဆက်သင်ပေးပါတယ်။ ဒီအစီအစဉ်ကို ၂၀၁၅ တုန်းက ကလေး ၁၀ ယောက်နဲ့ စခဲ့တာ ဖြစ်ပြီး အခုတော့ ကလေး အယောက် ၂ ထောင်ကျော် တက်နေတဲ့အပြင် တခြားကျောင်းတွေနဲ့ဖက်စက် လုပ်ကိုင်တဲ့ အစီအစဉ်တွေလည်း ရှိနေပါပြီ။

XS
SM
MD
LG