သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာကျောင်း မီးလောင်မှု ကျောင်းသား ၁၇ ယောက်သေဆုံး


ကင်ညာနိုင်ငံ Nyeri ခရိုင်အတွင်းက မူလတန်းကျောင်းမီးလောင်အပြီးမြင်ကွင်း (စက်တင်ဘာ ၆၊ ၂၀၂၄)
ကင်ညာနိုင်ငံ Nyeri ခရိုင်အတွင်းက မူလတန်းကျောင်းမီးလောင်အပြီးမြင်ကွင်း (စက်တင်ဘာ ၆၊ ၂၀၂၄)

ကင်ညာနိုင်ငံက ကျောင်းအိပ် ကျောင်းစား အခြေခံမူလတန်းကျောင်းဆောင်တခု မီးလောင်မှုဖြစ်ပွားခဲ့တာမှာ အနည်းဆုံး ကျောင်းသား ၁၇ ဦး သေဆုံးပြီး ၁၃ ဦး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့မှာ ပြောပါတယ်။ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Nyeri ခရိုင်အတွင်းက Hillside Endarasha အခြေခံမူလတန်းကျောင်း မနေ့ ကြာသပတေးနေ့ညက ဘာကြောင့် မီးလောင်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ Resila Onyango က ပြောပါတယ်။​ ဒီကိစ္စကို စုံစမ်း စစ်ဆေးနေပြီး လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။​

ကင်ညာသမ္မတ William Ruto ကလည်း အင်မတန် စိတ်မချမ်းမြေ့ဘွယ်ကောင်းတဲ့ဖြစ်ရပ်လို့ ပြောဆိုလိုက်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ပြောပါတယ်။

ကင်ညာနိုင်ငံက ကျောင်းအိပ် ကျောင်းစား စာသင်ကျောင်းတွေမှာ မကြာခဏ မီးလောင်မှုဖြစ်ပွားလေ့ရှိပါတယ်။ တချို့စာသင်ကျောင်း မီးလောင်မှုတွေကတော့ ကျောင်းစာတွေ များလွန်းတာကို ဆန္ဒပြတဲ့အနေနဲ့ ကျောင်းသားတွေက မီးရှို့ကြတာမျိုး ရှိပါတယ်။ ၂၀၁၇ ခုနှစ်က မြို့တော် နိုင်ရိုဘီမှာ ဖြစ်သွားတဲ့ စာသင်ကျောင်း မီးလောင်မှုမှာတော့ အထက်တန်းကျောင်းသား ၁၀ ဦး သေဆုံးခဲ့ပါတယ်။

ကင်ညာမှာ ကျောင်းသား မိဘတွေက အိမ်နဲ့ကျောင်း အသွားအပြန် လုပ်နေရတဲ့အချိန်ကုန်သက်သာစေပြီး ကလေးတွေ စာသင်ချိန် ပိုရစေမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သူတို့ သား/သမီးတွေကို မူလတန်းအရွယ်ကတည်းက အခုလို ကျောင်းအိပ် ကျောင်းစား စာသင်ကျောင်းတွေမှာ ထားကြလေ့ရှိပါတယ်။​

ကင်ညာကျောင်း မီးလောင်မှု ကျောင်းသား ၁၇ ယောက်သေဆုံး
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG