သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်ဂိုဏ်းတွေလက်က လွတ်လာသူ ကင်ညာနိုင်ငံသား ၆၀ ခန့် မြန်မာနယ်စပ်မှာပိတ်မိ


တရုတ်၊ ဗီယက်နမ်၊ အီသီယိုပီးယားနိုင်ငံတွေကလို့ ယူဆရတဲ့ မြန်မာနိုင်ငံ မြဝတီမြို့အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး ပိတ်မိနေကြသူတွေကို ကယ်ဆယ်ထားစဥ်။ (ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၅)
တရုတ်၊ ဗီယက်နမ်၊ အီသီယိုပီးယားနိုင်ငံတွေကလို့ ယူဆရတဲ့ မြန်မာနိုင်ငံ မြဝတီမြို့အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး ပိတ်မိနေကြသူတွေကို ကယ်ဆယ်ထားစဥ်။ (ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၅)

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိနေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်ကနေ ကယ်ထုတ်နိုင်တဲ့ ကင်ညာနိုင်ငံသား (၆၀) ကျော်ဟာ လက်ရှိ ထိုင်း-မြန်မာနယ်စပ်မှာ ပိတ်မိနေကြောင်း ကင်ညာအစိုးရက ဒီကနေ့ မတ်လ (၄) ရက်နေ့မှာ ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာသူ နိုင်ငံခြားသားတွေထဲမှာ ကင်ညာနိုင်ငံသား (၆၄) ယောက်ပါပေမယ့် သူတို့ဟာ ထိုင်းနိုင်ငံဘက်ကို ကူးမလာနိုင်သေးဘဲ မြန်မာဘက်မှာပဲပိတ်မိနေဆဲဖြစ်ကြောင်း ကင်ညာအစိုးရ ပြည်ပရောက် နိုင်ငံသားများအရေးဆိုင်ရာဌာက X လူမှုကွန်ယက်မှာ ရေးပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ဥပဒေမဲ့အွန်လိုင်းငွေလိမ်လည်တဲ့ စကမ်စင်တာတွေ (Scam Centers) ကို တည်ဆောက်၊ မြင့်မားတဲ့လုပ်ခလစာတွေနဲ့ အလုပ်ပေးမယ်ဆိုပြီး နိုင်ငံခြားသားအလုပ်သမားတွေကို လိမ်လည် ခေါ်ဆောင်နေတာပါ။

ဒါပေမယ့် အလုပ်သမားတွေ ရောက်လာတဲ့အခါမှာ တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေကနေ ပိတ်လှောင်ပြီး သူတို့ကို လိမ်လည်ကျွန်ပြုစေခိုင်းခဲ့တာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ကရင်ပြည်နယ် မြဝတီက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိုင်းနဲ့ မြန်မာ ပူးပေါင်း ဖြိုခွဲနှိမ်နင်းခဲ့ရာမှာ အနည်းဆုံး နိုင်ငံပေါင်း နှစ်ဒါဇင်က အလုပ်သမားပေါင်း (၇,၀၀၀) လောက် လွတ်မြောက်လာခဲ့ပေမဲ့ သူတို့ကို နေရပ်ပြန်ပို့ရေးအခက်အခဲ စိန်ခေါ်မှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG