သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတည်ငြိမ်ရေး အလွန်အကျွံ မကိုင်တွယ်ဖို့ ကန်ဝန်ကြီးကယ်ရီ သတိပေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

တူရကီနိုင်ငံရဲ့ စစ်အာဏာသိမ်း ကြိုးပမ်းမှုမှာ အဓိက ပါဝင်ပတ်သက်နေသူတွေကို တရားဥပဒေနဲ့အညီ အရေးယူသွားဖို့ ထောက်ခံအားပေးပေမဲ့၊ တိုင်းပြည်အတွင်း တည်ငြိမ်မှုပြန်လည်ရရှိအောင် လုပ်ဆောင်ရာမှာ တူရကီအစိုးရအနေနဲ့ တရားလက်လွန် အလွန်အကျွံ လုပ်ဆောင်တာမျိုး မဖြစ်စေဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သတိပေး ပြောဆိုလိုက်ပါတယ်။

တိုင်းပြည်ရဲ့ လူထု ရွေးကောက်ခံခေါင်းဆောင်နဲ့ အတူ အမေရိကန်အစိုးရက ရပ်တည်နေတဲ့အကြောင်း၊ ဒါပေမဲ့ တချိန်တည်းမှာလည်း တူရကီအစိုးရ အနေနဲ့ တိုင်းပြည်တဝှမ်း တည်ငြိမ်မှုရှိအောင် ဆက်လက်ကြိုးပမ်းသွားဖို့ အခိုင်အမာ တိုက်တွန်းတဲ့အကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂ အီးယူက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတခုမှာ ဝန်ကြီးကယ်ရီက ပြောသွားပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေအပေါ် အမြင့်ဆုံး စံနှုန်းထားပြီး လေးစားလိုက်နာသွားဖို့ တူရကီအစိုးရကို တိုက်တွန်းတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

သောကြာနေ့က တူရကီနိုင်ငံမှာ စစ်အာဏာသိမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် အစိုးရအရာရှိ ၈,၇၇၇ ကို ရာထူးတာဝန်တွေ ကနေ ရပ်ဆိုင်းခဲ့ပြီး တရားစီရင်ရေးနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၆,၀၀၀ ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အကြောင်း တူရကီအစိုးရသတင်းအေဂျင်စီ Anadolu က ဖော်ပြပါတယ်။ အခုလို ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ ကမ္ဘာ့ခေါင်းဆောင်တွေကတော့ တူရကီအစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင် လုပ်ဆောင်တာမျိုး မဖြစ်စေဖို့ သတိပေး ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG