သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္ ဖားကန႔္ ဆယ္ဇင္း႐ြာတိုက္ပြဲ ေဒသခံတခ်ိဳ႕ ပိတ္မိေန


People displaced in the conflict between Kachin Independence Army (KIA) and Myanmar military for the control of an amber mine are seen at a Christian church in Tanai township, Kachin state, Myanmar June 14, 2017.

ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႕ KIA နဲ႔ ပူးေပါင္း PDF တပ္ဖြဲ႕ေတြကတဖက္ စစ္ေကာင္စီတပ္ဖြဲ႕ေတြကတဖက္ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္း႐ြာက စစ္ေျပးဒုကၡသည္ ၁၀၀၀ ေလာက္ တာမခန္႐ြာဘက္ကို တိမ္းေရွာင္ေနၿပီး ေနထိုင္ေရး အခက္အခဲေတြ ႀကဳံေတြ႕ေနရပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ သတင္းကို ကိုရဲမြန္ ေျပာျပပါလိမ့္မယ္။

ကခ်င္ ဖားကန႔္ ဆယ္ဇင္း႐ြာတိုက္ပြဲ ေဒသခံတခ်ိဳ႕ ပိတ္မိေန

{{Zawgyi/Unicode}}

ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႕ KIA နဲ႔ ပူးေပါင္း PDF တပ္ဖြဲ႕ေတြကတဖက္ စစ္ေကာင္စီတပ္ဖြဲ႕ေတြကတဖက္ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္း႐ြာက စစ္ေျပးဒုကၡသည္ ၁ဝဝဝ ေလာက္ တာမခန္႐ြာဘက္ကို တိမ္းေရွာင္ေနၿပီး ေနထိုင္ေရး အခက္အခဲေတြ ႀကဳံေတြ႕ေနရပါတယ္။ စစ္ေကာင္စီတပ္စခန္းေတြနဲ႔ SNA ရွမ္းနီတပ္စခန္းေတြကို KIA နဲ႔ PDF က ထိုးစစ္ဆင္သလို စစ္ေကာင္စီဘက္ကလည္း ေလေၾကာင္းကေန ထိုးစစ္ဆင္ခဲ့ပါတယ္ ။ ကခ်င္ျပည္နယ္အတြင္းက စစ္ေဘးေရွာင္ေတြရဲ႕ အေျခအေန၊ ရန္ကုန္က ေပးပို႔တဲ့ သတင္းကို ကိုရဲမြန္ က ေျပာျပပါလိမ့္မယ္။

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ တာမခန္႐ြာဘက္ကို တိမ္းေရွာင္လာတဲ့ ရာနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြကို ဆိုင္းေတာင္၊ ဆိပ္မူနဲ႔ နမ့္မျဖစ္႐ြာဘက္ေတြမွာ ကယ္ဆယ္ေရးအဖြဲ႕ေတြက ျဖန႔္ခြဲ ေနရာခ်ထားေပးပါတယ္။ ဒီလ ၈ရက္ေန႔က စတင္ၿပီး ဆယ္ဇင္း႐ြာမွာ စစ္ေကာင္စီတပ္စခန္းနဲ႔ SNA ေခၚ ရွမ္းနီတပ္ဖြဲ႕ တပ္စခန္းေတြကို KIA နဲ႔ PDF ပူးေပါင္းတပ္ေတြက တိုက္ခိုက္ခဲ့ပါတယ္။ ၉ ရက္ေန႔မွာ စစ္ေကာင္စီ ဘက္က ေလေၾကာင္းက တိုက္ခိုက္ခဲ့တဲ့အထိ တိုက္ပြဲေတြ ျပင္းထန္လာခဲ့ပါတယ္။ ဆယ္ဇင္း႐ြာတစ္႐ြာလုံးနီးပါး မီးရႈိ႕ခံရတယ္လို႔လည္း ထြက္ေျပးတိမ္းေရွာင္လာတဲ့ ေဒသခံေတြက ေျပာပါတယ္။ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြ ေနထိုင္ေရးအခက္အခဲေတြ ရင္ဆိုင္ေနရတဲ့အေၾကာင္း စစ္ေျပးဒုကၡသည္ေတြကို ကူညီေနသူ တစ္ဦးက ေျပာပါတယ္။

“ တာမခန္က ၁ဝဝဝ ေက်ာ္သြားၿပီ။ မေန႔ကဆိုရင္ ၈ဝဝ ေလာက္ ေရာက္တဲ့အခါက်ေတာ့ လက္မခံႏိုင္ေတာ့ဘူးလို႔။ ဆိုင္းေတာင္တို႔ဘာတို႔ ပို႔ေပးမယ္လို႔။ အဲလိုေျပာလိုက္တဲ့အခါက်ေတာ့ တခ်ိဳ႕ေတြက မသြားခ်င္ဘဲနဲ႔ သူတို႔ေတြက ခိုးဝင္ကုန္ၾကတာ။ က်ေနာ္တို႔ စာသင္ေက်ာင္းထဲေတြေလ။ ခိုးဝင္တဲ့အခါက်ေတာ့ ၁ဝဝဝ ေက်ာ္သြားေရာ။ ဒီေန႔ ရွိတာကက် ၃ဝေက်ာ္။ ၄ဝ အဲေလာက္ရွိတယ္ဗ်။ ထိန္းသိမ္းေစာင့္ေရွာက္ရတဲ့ အခက္အခဲကေတာ့ ဒီေနထိုင္ဖို႔ ေနရာရယ္။ ေကြၽးေမြးဖို႔ စရိတ္ေတြရယ္။ အဲဒါေတြေပါ့။ အခုအေျခအေန အထိကေတာ့ ေနထိုင္ဖို႔လည္း ခက္ခဲေနတုံး။”

လက္ရွိအခ်ိန္မွာေတာ့ တာမခန္က စာသင္ေက်ာင္း၊ ခရစ္ယာန္ ဘုရားေက်ာင္းေတြမွာ လူ ၁ဝဝဝ ေလာက္ ေနရာခ်ထားသလို ခိုမ႐ြာ၊ နန႔္ေရေတာင္႐ြာနဲ႔ ေဟာင္ပါးဘက္မွာလည္း ၄ဝဝ ေက်ာ္ေလာက္ ေရာက္ရွိေနတာျဖစ္ပါတယ္။ တျခားေနရာေတြကို ပို႔ေပးရတဲ့ ဒုကၡသည္ေတြလည္း ရွိေနတယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။

“မေန႔ကဆိုရင္ ဖားကန႔္၊ နမ့္မျဖစ္ေပါ့ေနာ္။ နမ့္မျဖစ္ ေက်း႐ြာဘက္ကို ပို႔တာ ၁၃၈ေယာက္။ ဒီေန႔ဆိုရင္ တခ်ိဳ႕ဆို မိုးညႇင္း၊ မိုးေကာင္း၊ ဟိုပင္ အဲလိုမ်ိဳးေနရာေတြေပါ့ေနာ္။ မႏၲေလး သြားခ်င္တဲ့လူေတြေရာ အကုန္လုံး ကားေတြ စီစဥ္ၿပီးမွ ျပန္လႊတ္ပစ္လိုက္ေတာ့တာ။ အေတာ္မ်ားတယ္ဗ်။ ျပန္တာ ခန႔္မွန္ေျခကေတာ့ ၁ဝဝ နီးနီးေလာက္ရွိ မယ္။ ”

၉ ရက္ေန႔က ဆယ္ဇင္းရဲစခန္းကို KIA နဲ႔ PDF ပူးေပါင္းတပ္ဖြဲ႕ေတြ တိုက္ခိုက္တဲ့အခ်ိန္၊ စစ္ေကာင္စီဘက္က ေလေၾကာင္းကေန အနည္းဆုံး ၉ ႀကိမ္ေလာက္ တိုက္ခိုက္ခဲ့သလို တိုက္ပြဲအတြင္း ပိတ္မိေနတဲ့ ႐ြာသားေတြကိုလည္း စစ္ေကာင္စီတပ္နဲ႔ ရွမ္းနီ SNA တပ္ေတြက အေစာပိုင္းမွာ အျခားကို ထြက္ခြာခြင့္ မေပးခဲ့ဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ ေနာက္ပိုင္းမွာ ႐ြာသားတခ်ိဳ႕ ထြက္ခြာခြင့္ရခဲ့ေပမယ့္ က်န္ေသးတယ္လို႔လည္း ေျပာပါတယ္။

“ မေန႔က ၃ဝဝေက်ာ္ေလာက္ ထြက္လာတယ္။ အဲဒါကိုေတာ့ လႊတ္ေပးလိုက္တယ္။ က်န္ေသးတယ္ အဲဒါကိုက။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ က်န္ေနေသးတာကို ၅ဝ- ၆ဝေလာက္ရွိေသးတယ္။”

ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္း႐ြာအနီး ပတ္ဝန္းက်င္ကို စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေၾကာင့္ ေ႐ႊေမွာ္ေတြမွာ လုပ္ကိုင္ေနသူ လူ ၃ဝဝ ေလာက္ ၾကာသပေတးေန႔က ထြက္ေျပး ခဲ့ရေၾကာင္း ေဒသခံ KNG ကခ်င္သတင္းဌာက သတင္းထုတ္ျပန္ထားပါတယ္။ ကခ်င္ျပည္နယ္အတြင္း တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က ေလာေလာဆယ္ သတင္းထုတ္ျပန္တာ မရွိေသးသလို၊ အရပ္သားေတြ ထိခိုက္ဒဏ္ရရတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ သီးျခား အတည္ျပဳခ်က္ မရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

..........................................................

ကချင် ဖားကန့် ဆယ်ဇင်းရွာတိုက်ပွဲ ဒေသခံတချို့ ပိတ်မိနေ

{{Zawgyi/Unicode}}
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်း PDF တပ်ဖွဲ့တွေကတဖက် စစ်ကောင်စီတပ်ဖွဲ့တွေကတဖက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာက စစ်ပြေးဒုက္ခသည် ၁၀၀၀ လောက် တာမခန်ရွာဘက်ကို တိမ်းရှောင်နေပြီး နေထိုင်ရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ စစ်ကောင်စီတပ်စခန်းတွေနဲ့ SNA ရှမ်းနီတပ်စခန်းတွေကို KIA နဲ့ PDF က ထိုးစစ်ဆင်သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ထိုးစစ်ဆင်ခဲ့ပါတယ် ။ ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေ၊ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုရဲမွန် က ပြောပြပါလိမ့်မယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်ရွာဘက်ကို တိမ်းရှောင်လာတဲ့ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေကို ဆိုင်းတောင်၊ ဆိပ်မူနဲ့ နမ့်မဖြစ်ရွာဘက်တွေမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ဖြန့်ခွဲ နေရာချထားပေးပါတယ်။ ဒီလ ၈ရက်နေ့က စတင်ပြီး ဆယ်ဇင်းရွာမှာ စစ်ကောင်စီတပ်စခန်းနဲ့ SNA ခေါ် ရှမ်းနီတပ်ဖွဲ့ တပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ ၉ ရက်နေ့မှာ စစ်ကောင်စီ ဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။ ဆယ်ဇင်းရွာတစ်ရွာလုံးနီးပါး မီးရှို့ခံရတယ်လို့လည်း ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေက ပြောပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေထိုင်ရေးအခက်အခဲတွေ ရင်ဆိုင်နေရတဲ့အကြောင်း စစ်ပြေးဒုက္ခသည်တွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။

“ တာမခန်က ၁၀၀၀ ကျော်သွားပြီ။ မနေ့ကဆိုရင် ၈၀၀ လောက် ရောက်တဲ့အခါကျတော့ လက်မခံနိုင်တော့ဘူးလို့။ ဆိုင်းတောင်တို့ဘာတို့ ပို့ပေးမယ်လို့။ အဲလိုပြောလိုက်တဲ့အခါကျတော့ တချို့တွေက မသွားချင်ဘဲနဲ့ သူတို့တွေက ခိုးဝင်ကုန်ကြတာ။ ကျနော်တို့ စာသင်ကျောင်းထဲတွေလေ။ ခိုးဝင်တဲ့အခါကျတော့ ၁၀၀၀ ကျော်သွားရော။ ဒီနေ့ ရှိတာကကျ ၃၀ကျော်။ ၄၀ အဲလောက်ရှိတယ်ဗျ။ ထိန်းသိမ်းစောင့်ရှောက်ရတဲ့အခက်အခဲကတော့ ဒီ နေထိုင်ဖို့ နေရာရယ်။ ကျွေးမွေးဖို့ စရိတ်တွေရယ်။ အဲဒါတွေပေါ့။ အခုအခြေအနေအထိကတော့ နေထိုင်ဖို့လည်း ခက်ခဲနေတုံး။”

လက်ရှိအချိန်မှာတော့ တာမခန်က စာသင်ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းတွေမှာ လူ ၁၀၀၀လောက် နေရာချထားသလို ခိုမရွာ၊ နန့်ရေတောင်ရွာနဲ့ ဟောင်ပါးဘက်မှာလည်း ၄၀၀ ကျော်လောက် ရောက်ရှိနေတာဖြစ်ပါတယ်။ တခြားနေရာတွေကို ပို့ပေးရတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“မနေ့ကဆိုရင် ဖားကန့်၊ နမ့်မဖြစ်ပေါ့နော်။ နမ့်မဖြစ် ကျေးရွာဘက်ကို ပို့တာ ၁၃၈ယောက်။ ဒီနေ့ဆိုရင် တချို့ဆို မိုးညှင်း၊ မိုးကောင်း၊ ဟိုပင် အဲလိုမျိုးနေရာတွေပေါ့နော်။ မန္တလေး သွားချင်တဲ့လူတွေရော အကုန်လုံး ကားတွေ စီစဉ်ပြီးမှ ပြန်လွှတ်ပစ်လိုက်တော့တာ။ အတော်များတယ်ဗျ။ ပြန်တာ ခန့်မှန်ခြေကတော့ ၁၀၀ နီးနီးလောက်ရှိ မယ်။ ”

၉ ရက်နေ့က ဆယ်ဇင်းရဲစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်တဲ့အချိန်၊ စစ်ကောင်စီဘက်က လေကြောင်းကနေ အနည်းဆုံး ၉ ကြိမ်လောက် တိုက်ခိုက်ခဲ့သလို တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ရွာသားတွေကိုလည်း စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်တွေက အစောပိုင်းမှာ အခြားကို ထွက်ခွာခွင့် မပေးခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ နောက်ပိုင်းမှာ ရွာသားတချို့ ထွက်ခွာခွင့်ရခဲ့ပေမယ့် ကျန်သေးတယ်လို့လည်း ပြောပါတယ်။

“ မနေ့က ၃၀၀ကျော်လောက် ထွက်လာတယ်။ အဲဒါကိုတော့ လွှတ်ပေးလိုက်တယ်။ ကျန်သေးတယ် အဲဒါကိုက။ အကြောင်းအမျိုးမျိုးကြောင့် ကျန်နေသေးတာကို ၅၀- ၆၀လောက်ရှိသေးတယ်။”

ဖားကန့်မြို့နယ် ဆယ်ဇင်းရွာအနီး ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွှေမှော်တွေမှာ လုပ်ကိုင်နေသူ လူ ၃၀၀ လောက် ကြာသပတေးနေ့က ထွက်ပြေး ခဲ့ရကြောင်း ဒေသခံ KNG ကချင်သတင်းဌာက သတင်းထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က လောလောဆယ် သတင်းထုတ်ပြန်တာ မရှိသေးသလို၊ အရပ်သားတွေ ထိခိုက်ဒဏ်ရရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

XS
SM
MD
LG