သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန္႔ ဆယ္ဇင္းေက်းရြာ တိုက္ပဲြၾကားမွာ ေဒသခံတခ်ဳိ႕ပိတ္မိ


KIA soldiers at outpost (မွတ္တမ္းဓါတ္ပုံ)

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာမွာ ၾသဂုတ္လ(၉)ရက္ေန႔ တိုက္ပြဲဆက္လက္ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္က ေလေၾကာင္းက တိုက္ခိုက္တာေတြ ရွိခဲ့ေၾကာင္း KIA ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္ျပည္နယ္က သတင္းကိုေတာ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပပါမယ္။

ဖားကန္႔ ဆယ္ဇင္းေက်းရြာ တိုက္ပဲြၾကားမွာ ေဒသခံတခ်ဳိ႕ပိတ္မိ

{{Zawgyi/Unicode}}
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာမွာ ၾသဂုတ္လ(၉)ရက္ေန႔ တိုက္ပြဲဆက္လက္ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္က ေလေၾကာင္းက တိုက္ခိုက္တာေတြ ရွိခဲ့ေၾကာင္း KIA ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။ တိုက္ပြဲေတြ ထပ္ျဖစ္လာတာေၾကာင့္ ဆယ္ဇင္း႐ြာမွာ ေဒသခံျပည္သူအခ်ိဳ႕ ပိတ္မိေနတာေတြလည္း ရွိေနပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္ျပည္နယ္က သတင္းကိုေတာ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပပါမယ္။

ဖားကန္႔ၿမိဳ႔နယ္ ဆယ္ဇင္းေက်းရြာမွာ ၿပီးခဲ့တဲ့လတည္းက တုိက္ပဲြျဖစ္ပြားၿပီး စစ္ေရးတင္းမာမႈေတြ ရိွေနရာက တနလၤာေန႔က စစ္ေကာင္စီတပ္စခန္းနဲ႔ ရွမ္းနီတပ္ဖဲြ႔ SNA ရဲ့ တပ္စခန္းေတြကို ကခ်င္လြတ္ေျမာက္ေရးတပ္ဖဲြ႔ KIA က တိုက္ခုိက္ခဲ့သလို အဂၤါေန႔မွာလည္း တုိက္ပဲြ ထပ္မံျဖစ္ပြားခဲ့တာပါ။

လက္ရိွ တိုက္ပဲြျဖစ္ပြားတဲ့ အေျခအေနကို KIA ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မႈးၾကီးေနာ္ဘူက VOA ကို အခုလုိ ေျပာပါတယ္။

“ အဲဒီ ဆယ္ဇင္းဘက္မွာ တိုက္ပဲြေတာ့ ဆက္ျဖစ္ပါတယ္။ အဓိကကေတာ့ ရဲစခန္းကို သြားတိုက္တဲ့ အေျခအေနကေန တုိက္ပဲြကေတာ့ ဆက္ၿပီးမွ ျပန္ျဖစ္တယ္လုိ႔ ၾကားပါတယ္ခင္ဗ်။ စစ္ေကာင္စီဘက္ကေန ေလေၾကာင္းကေန တုိက္ခုိက္တဲ့အေျခအေန ရိွပါတယ္ခင္ဗ်။ ညေနပိုင္း ၁နာရီခဲြအခ်ိန္ေလာက္မွာ Jet Fighter နဲ႔ လာတယ္လုိ႔ ေျပာတယ္။ ဘယ္ႏွစ္စင္းဆုိတာ အတိအက်ေတာ့ မသိဘူး။ ဒါေပမဲ့ ၂ၾကိမ္။ ၃ၾကိမ္ေလာက္ ပတ္ၿပီးမွ ဗံုးၾကဲတယ္လုိ႔ သတင္းကေတာ့ ရပါတယ္ခင္ဗ်။ ”

ၾသဂုတ္လ ၈ရက္ေန႔ မနက္ ၁နာရီအခ်ိန္ေလာက္မွာ KIA နဲ႔ PDF ပူးေပါင္းတပ္ဖဲြ႔ေတြက ဆယ္ဇင္းရြာက စစ္ေကာင္စီတပ္စခန္း တစ္ခုနဲ႔ SNA တပ္စခန္း ၂ခုကို သိမ္းပိုက္ခဲ့တာျဖစ္ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လလည္ပိုင္းေလာက္လည္း ဆယ္ဇင္းရြာမွာ စစ္ေကာင္စီ၊ SNA ပူးေပါင္းတပ္နဲ႔ KIA၊ PDF ပူးေပါင္းတပ္ေတြအၾကား တုိက္ပဲြျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းက တုိက္ခုိက္တာေတြ ရိွခဲ့ပါတယ္။

ဇူလိုင္လ တုိက္ပဲြျပင္းထန္ခဲ့တဲ့ေနာက္ ေဒသခံ ဆယ္ဇင္းရြာသားေတြဟာ ဖားကန္႔ၿမိဳ႔နယ္ ေဟာင္ပါးနဲ႔ တာမခန္ေက်းရြာ၊ မိုးညွင္းၿမိဳ႔နယ္ အင္းေတာ္ၾကီး ေဒသဘက္ေတြကို တိမ္းေရွာင္တာေတြ ရိွခဲ့ၿပီး ေနာက္ပိုင္းတုိက္ပဲြေတြ ျပန္ၿငိမ္သက္ခ်ိန္မွာ အခ်ိဳ႔က ေနရပ္ျပန္တာေတြလည္း ရိွခဲ့ပါတယ္။

ဆယ္ဇင္းရြာသားေတြနဲ႔ အဆက္အသြယ္ရိွသူ တစ္ဦးကေတာ့ ဆယ္ဇင္းရြာတြင္းမွာ ပိတ္မိေနသူေတြ ရိွေၾကာင္း အခုလုိ ေျပာပါတယ္။

“ ဒီေန႔ကေတာ့ ေလယာဥ္ကေတာ့ ေတာ္ေတာ္ကို ေခါက္ေရ စိပ္တယ္။ ၂စီးတစ္ခါ။ တစီးတခါနဲ႔ကို ၅ခါ။ ၆ခါေလာက္ရိွသြားၿပီ။ ဗံုးခ်တာေလေနာ။ ဟိုမွာ ပိတ္မိကုန္ၿပီ ထြက္လို႔ မရကုန္ေတာ့ဘူးလုိ႔ ၾကားတယ္။ အဲဒီ မနက္ပိုင္းကေတာ့ ခ်ိတ္လုိ႔ ရေသးတယ္။ အခု ၂နာရီေလာက္က စၿပီး ျပန္ခ်ိတ္လုိ႔ မရဘူးျဖစ္ေနတာ။ အဲေတာ့ ေဘးနားေလးက ရြာေတြကို လာကယ္ၾကပါအံုးဆုိၿပီး ဖုန္းေတြ ဘာေတြ ဆက္တယ္လုိ႔လည္း ၾကားေနတယ္။”

အျခား ေဒသခံ ကူညီသူ တဦးကလည္း တုိက္ပဲြျဖစ္ပြားၿပီးေနာက္မွာ ဆယ္ဇင္းရြာသားေတြဟာ ထပ္မံတိမ္းေရွာင္ဖုိ႔ ဆက္သြယ္လာတာေတြ ရိွေနေၾကာင္း ေျပာပါတယ္။

“ ခုနေနက က်ေနာ့္ကို ဖုန္းဆက္ေနၾကတာ။ တခ်ိဳ႔လည္း အိမ္ေတြကို မွန္တယ္လုိ႔ ေျပာတယ္။ ရြာထဲကို ပစ္တယ္လုိ႔ ေျပာတယ္။ အဲဒါနဲ႔ သူတုိ႔ လာခ်င္တာေပါ့ေလ။ တာမခန္ဘက္ကို လာခ်င္တာ။ မျဖစ္မေနလာရမယ္ဆုိရင္ေတာ့ ကူညီရမွာေပါ့။ က်ေနာ္တုိ႔ကလည္း ဒီဘက္မွာလည္း တတ္ႏိုင္သေလာက္ေတာ့ ကူညီထားတာေပါ့ေလ။ ေဟာင္းပါးနဲ႔ တာမခန္ေပါင္းရင္ေတာ့ ေလာေလာဆည္ေတာ့ ၂၀၀ေက်ာ္ေလာက္ေတာ့ ရိွတယ္။ ”

ကခ်င္ျပည္နယ္ ဒီရက္ပိုင္း တုိက္ပဲြေတြ ဆက္တိုက္ျဖစ္ပြားေနတာပါ။ ၿပီးခဲ့တဲ့ ၈ရက္ေန႔က နမၼတီးၿမိဳ႔ အထက္တန္းေက်ာင္းမွာ ေပါက္ကဲြမႈတစ္ခုျဖစ္ခဲ့သလို ၇ရက္ေန႔ကေတာ့ ျမစ္ၾကီးနားၿမိဳ႔ ပလန ရပ္ကြက္က နယ္ေျမရဲစခန္းကို ၀င္ေရာက္တုိက္ခိုက္တာေတြ ရိွခဲ့ပါတယ္။

၀ုိင္းေမာ္ၿမိဳ႔နယ္အတြင္းမွာေတာ့ ဇူလုိင္လဆန္းကတည္းက တုိက္ပဲြေတြ ဆက္တုိက္ျဖစ္ပြားေနသလို အခုခ်ိန္ထိလည္း စစ္ေရးတင္းမာမႈေတြ ျမင့္တက္ေနဆဲရိွေနပါတယ္။

ကခ်င္ျပည္နယ္တြင္း ျဖစ္ပြားတဲ့ တုိက္ပဲြေတြနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရိွေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

.....................................................

ဖားကန့် ဆယ်ဇင်းကျေးရွာ တိုက်ပွဲကြားမှာ ဒေသခံတချို့ပိတ်မိ

{{Zawgyi/Unicode}}
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ သြဂုတ်လ(၉)ရက်နေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တိုက်ပွဲတွေ ထပ်ဖြစ်လာတာကြောင့် ဆယ်ဇင်းရွာမှာ ဒေသခံပြည်သူအချို့ ပိတ်မိနေတာတွေလည်း ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က သတင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ ပြီးခဲ့တဲ့လတည်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာမှုတွေ ရှိနေရာက တနင်္လာနေ့က စစ်ကောင်စီတပ်စခန်းနဲ့ ရှမ်းနီတပ်ဖွဲ့ SNA ရဲ့ တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က တိုက်ခိုက်ခဲ့သလို အင်္ဂါနေ့မှာလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ အဲဒီ ဆယ်ဇင်းဘက်မှာ တိုက်ပွဲတော့ ဆက်ဖြစ်ပါတယ်။ အဓိကကတော့ ရဲစခန်းကို သွားတိုက်တဲ့ အခြေအနေကနေ တိုက်ပွဲကတော့ ဆက်ပြီးမှ ပြန်ဖြစ်တယ်လို့ ကြားပါတယ်ခင်ဗျ။ စစ်ကောင်စီဘက်ကနေ လေကြောင်းကနေ တိုက်ခိုက်တဲ့အခြေအနေ ရှိပါတယ်ခင်ဗျ။ ညနေပိုင်း ၁နာရီခွဲအချိန်လောက်မှာ Jet Fighter နဲ့ လာတယ်လို့ ပြောတယ်။ ဘယ်နှစ်စင်းဆိုတာ အတိအကျတော့ မသိဘူး။ ဒါပေမဲ့ ၂ကြိမ်။ ၃ကြိမ်လောက် ပတ်ပြီးမှ ဗုံးကြဲတယ်လို့ သတင်းကတော့ ရပါတယ်ခင်ဗျ။ ”

သြဂုတ်လ ၈ရက်နေ့ မနက် ၁နာရီအချိန်လောက်မှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဆယ်ဇင်းရွာက စစ်ကောင်စီတပ်စခန်း တစ်ခုနဲ့ SNA တပ်စခန်း ၂ခုကို သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလည်ပိုင်းလောက်လည်း ဆယ်ဇင်းရွာမှာ စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဇူလိုင်လ တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် ဒေသခံ ဆယ်ဇင်းရွာသားတွေဟာ ဖားကန့်မြို့နယ် ဟောင်ပါးနဲ့ တာမခန်ကျေးရွာ၊ မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသဘက်တွေကို တိမ်းရှောင်တာတွေ ရှိခဲ့ပြီး နောက်ပိုင်းတိုက်ပွဲတွေ ပြန်ငြိမ်သက်ချိန်မှာ အချို့က နေရပ်ပြန်တာတွေလည်း ရှိခဲ့ပါတယ်။

ဆယ်ဇင်းရွာသားတွေနဲ့ အဆက်အသွယ်ရှိသူ တစ်ဦးကတော့ ဆယ်ဇင်းရွာတွင်းမှာ ပိတ်မိနေသူတွေ ရှိကြောင်း အခုလို ပြောပါတယ်။

“ ဒီနေ့ကတော့ လေယာဉ်ကတော့ တော်တော်ကို ခေါက်ရေ စိပ်တယ်။ ၂စီးတစ်ခါ။ တစီးတခါနဲ့ကို ၅ခါ။ ၆ခါလောက်ရှိသွားပြီ။ ဗုံးချတာလေနော။ ဟိုမှာ ပိတ်မိကုန်ပြီ ထွက်လို့ မရကုန်တော့ဘူးလို့ ကြားတယ်။ အဲဒီ မနက်ပိုင်းကတော့ ချိတ်လို့ ရသေးတယ်။ အခု ၂နာရီလောက်က စပြီး ပြန်ချိတ်လို့ မရဘူးဖြစ်နေတာ။ အဲတော့ ဘေးနားလေးက ရွာတွေကို လာကယ်ကြပါအုံးဆိုပြီး ဖုန်းတွေ ဘာတွေ ဆက်တယ်လို့လည်း ကြားနေတယ်။”

အခြား ဒေသခံ ကူညီသူ တဦးကလည်း တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ ဆယ်ဇင်းရွာသားတွေဟာ ထပ်မံတိမ်းရှောင်ဖို့ ဆက်သွယ်လာတာတွေ ရှိနေကြောင်း ပြောပါတယ်။

“ ခုနနေက ကျနော့်ကို ဖုန်းဆက်နေကြတာ။ တချို့လည်း အိမ်တွေကို မှန်တယ်လို့ ပြောတယ်။ ရွာထဲကို ပစ်တယ်လို့ ပြောတယ်။ အဲဒါနဲ့ သူတို့ လာချင်တာပေါ့လေ။ တာမခန်ဘက်ကို လာချင်တာ။ မဖြစ်မနေလာရမယ်ဆိုရင်တော့ ကူညီရမှာပေါ့။ ကျနော်တို့ကလည်း ဒီဘက်မှာလည်း တတ်နိုင်သလောက်တော့ ကူညီထားတာပေါ့လေ။ ဟောင်းပါးနဲ့ တာမခန်ပေါင်းရင်တော့ လောလောဆည်တော့ ၂၀၀ကျော်လောက်တော့ ရှိတယ်။ ”

ကချင်ပြည်နယ် ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။ ပြီးခဲ့တဲ့ ၈ရက်နေ့က နမ္မတီးမြို့ အထက်တန်းကျောင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သလို ၇ရက်နေ့ကတော့ မြစ်ကြီးနားမြို့ ပလန ရပ်ကွက်က နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာတော့ ဇူလိုင်လဆန်းကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို အခုချိန်ထိလည်း စစ်ရေးတင်းမာမှုတွေ မြင့်တက်နေဆဲရှိနေပါတယ်။

ကချင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG