သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပူတာအိုၿမိဳ႕နယ္မွာ စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဒသခံေတြစိုးရိမ္ 


KIA Kachin Soldiers (မွတ္တမ္းဓါတ္ပုံ)

ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႔နယ္အတြင္းမွာ စစ္ေကာင္စီတပ္ဘက္က တပ္အင္အားေတြ ထပ္တိုးေနသလို၊ KIA ၊ PDF တပ္ေတြနဲ႔ စစ္ေရးတင္းမာမႈေတြလည္း ရွိေနတာေၾကာင့္ ေဒသခံျပည္သူေတြ တိုက္ပဲြေတြ ထပ္ျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ကခ်င္ျပည္နယ္က အေျခအေန ကိုခင္ေမာင္စိုးမင္း က ေျပာျပပါမယ္။

ပူတာအိုၿမိဳ႕နယ္မွာ စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဒသခံေတြစိုးရိမ္

{{Zawgyi/Unicode}}

ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႔နယ္အတြင္းမွာ စစ္ေကာင္စီတပ္ဘက္က တပ္အင္အားေတြ ထပ္တိုးေနသလို၊ KIA ၊ PDF တပ္ေတြနဲ႔ စစ္ေရးတင္းမာမႈေတြလည္း ရွိေနတာေၾကာင့္ ေဒသခံျပည္သူေတြ တိုက္ပဲြေတြ ထပ္ျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။ ဒီရက္ပိုင္းအတြင္း မန္စီ၊ ေရႊကူ ၊ ဖားကန္႔စတဲ့ ၿမိဳ႔နယ္ဘက္ေတြမွာေတာ့ တိုက္ပဲြေတြ ႐ွိေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ကခ်င္ျပည္နယ္က အေျခအေန ကိုခင္ေမာင္စိုးမင္း က ေျပာျပပါမယ္။

ပူတာအိုၿမိဳ႔နယ္အတြင္း တုိက္ပဲြေၾကာင့္ ေတာေတာင္ေတြမွာ တိမ္းေရွာင္ေနၾကတဲ့ ေဒသခံေတြဟာ ျမစ္ၾကီးနား ခရစ္ယာန္ေကာင္စီ၊ ကခ်င္အတုိင္ပင္ခံေကာင္စီနဲ႔ PCG ေခၚ ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္အဖဲြ႔ေတြက ၾကား၀င္ ညိွႏိႈင္းခဲ့တာေၾကာင့္ မတ္လကုန္ပိုင္းက ေနရပ္ျပန္ခဲ့ၾကပါတယ္။ စစ္ေကာင္စီတပ္နဲ႔ KIA၊ PDF အၾကားတုိက္ပဲြေၾကာင့္ ေဖေဖာ္၀ါရီလဆန္းကတည္းက လံုရွာယန္၊ ဆြန္ပီယန္နဲ႔ အင္စီယန္စတဲ့ ေက်းရြာေတြမွာ ေနၾကတဲ့ ျပည္သူေတြ ေဘးလြတ္ရာ တိမ္းေ႐ွာင္ခဲ့ၾကတာပါ။ အဲဒီေဒသေတြမွာ စစ္ေကာင္စီတပ္ေတြက အခု စစ္အင္အား တိုးခ်ေနတာေၾကာင့္ တိုက္ပဲြထပ္မံျဖစ္မွာကို စိုးရိမ္ေနေၾကာင္း ဆြန္ပီယန္ေက်းရြာက ေဒသခံတစ္ဦးက VOA ကို ေျပာပါတယ္။

“ ဟိုးတေလာက ကစင့္ကလ်ားနဲ႔ ထြက္သြားတဲ့သူေတြက ေလာေလာဆည္ အမ်ားပိုင္းေတာ့ ျပန္ေရာက္လာၾကၿပီ။ အခု အိမ္ေတြ ဘာေတြ ျပင္စရာရိွတာ အကုန္လံုးျပင္ၾကတယ္။ အခုျပန္အေျခခ်ၿပီေပါ့ကြာ။ အဲလုိ ျဖစ္ေနၾကတာ။ ဒါေပမဲ့ ဒီတစ္ရက္၊ ႏွစ္ရက္အတြင္းမွာ တန္ဂ်ာရြာမွာက တပ္မေတာ္က အေယာက္ ၁၀၀ေက်ာ္ေလာက္ အဲဒီမွာ စုပံုေနၾကတယ္။ ရြာသားေတြက အဲဒီအထက္ဖက္ တန္ဂ်ာ၊ လံုရွာယန္ အဲဒီဘက္မွာေတာ့ ရြာ လူေတြကေတာ့ စိုးရိမ္ေနၾကတာေပါ့။”

တန္ဂ်ာရြာဟာ ျမစ္ၾကီးနား- ပူတာအို ကားလမ္း၊ ဆြန္ပီယန္နဲ႔ လံုရွာယန္ရြာအၾကားမွာ ရိွတာျဖစ္ပါတယ္။

အျခားေဒသခံတစ္ဦးကလည္း ပူတာအိုၿမိဳ႔နယ္အတြင္း ႏွစ္ဘက္တပ္ေတြအၾကား စစ္ေရးတင္းမာေနတဲ့ အေျခအေနကို အခုလုိ ေျပာပါတယ္။

“ အေျခအေနက စစ္ေကာင္စီကေန တန္ဂ်ာမွာ ၂၀၀ ေက်ာ္နီးပါး ရိွတယ္။ ဆြန္ပီယန္ကေန ျပန္ေခါက္လာတဲ့ အဖဲြ႔ေတြ၊ ေနာက္ၿပီး ပူတာအိုဘက္က ေရာက္လာတဲ့အဖဲြ႔ေတြ ႏွစ္ဖဲြ႔ ေရာက္လာတယ္။ ၂၀၀ေတာ့ အနည္းဆံုး ရိွမွာပဲ။ အဲဒီအနီးအနားမွာပဲ အဲဒီ တန္ဂ်ာရြာကေန တစ္မုိင္ေက်ာ္ေလာက္မွာ PDF နဲ႔ KIA ေတြလည္းပဲ အေယာက္ ၁၀၀ နီးပါးရိွတယ္။ ဟိုးတစ္ေန႔က တနလၤာေန႔မွာ PDF ေတြ ၃ခ်က္ပစ္တာ။ စစ္ေကာင္စီက ျပန္မပစ္ေတာ့ တိုက္ပဲြမျဖစ္ဘူး။”

ကခ်င္ျပည္နယ္က ၿမိဳ႔နယ္အခ်ိဳ႔မွာေတာ့ အခုရက္ပိုင္း စစ္ေကာင္စီနဲ႔ KIA အၾကား တုိက္ခုိက္မႈေတြ ဆက္တိုက္ျဖစ္ခဲ့ပါတယ္။
ဒီလ ၇ ရက္ေန႔ မနက္ပိုင္းက စစ္ေကာင္စီရဲ့ ရိကၡာပို႔ယာဥ္တန္းကို မံစီၿမိဳ႔နယ္၊ မုိင္းေခါင္ရြာအနီးမွာ KIA က မိုင္းခဲြတုိက္ခိုက္ခဲ့ ပစ္ခတ္မႈေတြ ျဖစ္ခဲ့ေၾကာင္း ေဒသခံတစ္ဦးက အခုလို ေျပာပါတယ္။

“ မိုင္းေခါင္ရြာဦးမွာ ျဖစ္တာ။ ရိကၡာသယ္တဲ့ ကားကို မုိင္းခဲြတာေနမွာ။ မိုင္းခဲြၿပီးမွ နည္းနည္းပစ္လုိက္တာေနမွာ ပစ္ၿပီးမွ သူတို႔က ေရွာင္သြားတာ။ ၁၀မိနစ္ေက်ာ္ေက်ာ္၊ ၁၅မိနစ္ေလာက္ပဲ ရိွမယ္။ အထိအခိုက္ေတာ့ ဘာမွ မရိွဘူး။ မၾကားမိဘူး။ ကားေတြ နည္းနည္းပဲ ထိပါတယ္။ ဘာမွ မျဖစ္ပါဘူး။”

ဒီကေန႔ ေသာၾကာေန႔မွာေတာ့ မုိင္းေခါင္နဲ႔ ၃မိုင္ေက်ာ္အကြာ ဆမာရြာဘက္မွာ လက္နက္ၾကီး ပစ္သံေတြ ၾကားရေၾကာင္း ေျပာပါတယ္။

ဒီလ ၇ ရက္ေန႔ ေန႔လည္ ၁၁နာရီေလာက္မွာေတာ့ ေရႊကူၿမိဳ႔နယ္ ၿမိဳ႔လွရြာအနီးမွာ စစ္ေကာင္စီရဲ့ ရိကၡာတင္ စက္ေလွ ၂စီးကို PDF က နစ္ျမဳပ္ခဲ့သလို ဒီလ ၅ရက္ေန႔ကလည္း ဖားကန္႔ၿမိဳ႔နယ္ လ၀ါးရြာအနီးမွာ စစ္ေကာင္စီရဲ႔ စစ္ေၾကာင္းကို KIA က ၾကားျဖတ္ တုိက္ခုိက္တာေတြ ရိွခဲ့ပါတယ္။

လတ္တေလာ ကခ်င္ျပည္နယ္အတြင္း တိုက္ပဲြအေျခအေနနဲ႔ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖုိ႔ ဆက္သြယ္ခဲ့ေပမဲ့ KIA ေျပာေရးဆုိခြင့္ရိွသူက ဖုန္း လက္ခံ ေျဖဆိုတာမရိွခဲ့သလို စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္တာ မရိွပါဘူး။

တိုက္႐ိုက္ လင့္ခ္

.........................................

ပူတာအိုမြို့နယ်မှာ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေစိုးရိမ်

{{Unicode}}

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က တပ်အင်အားတွေ ထပ်တိုးနေသလို၊ KIA ၊ PDF တပ်တွေနဲ့ စစ်ရေးတင်းမာမှုတွေလည်း ရှိနေတာကြောင့် ဒေသခံပြည်သူတွေ တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီရက်ပိုင်းအတွင်း မန်စီ၊ ရွှေကူ ၊ ဖားကန့်စတဲ့ မြို့နယ်ဘက်တွေမှာတော့ တိုက်ပွဲတွေ ရှိနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ကချင်ပြည်နယ်က အခြေအနေ ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

ပူတာအိုမြို့နယ်အတွင်း တိုက်ပွဲကြောင့် တောတောင်တွေမှာ တိမ်းရှောင်နေကြတဲ့ ဒေသခံတွေဟာ မြစ်ကြီးနား ခရစ်ယာန်ကောင်စီ၊ ကချင်အတိုင်ပင်ခံကောင်စီနဲ့ PCG ခေါ် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေက ကြားဝင် ညှိနှိုင်းခဲ့တာကြောင့် မတ်လကုန်ပိုင်းက နေရပ်ပြန်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်နဲ့ KIA၊ PDF အကြားတိုက်ပွဲကြောင့် ဖေဖော်ဝါရီလဆန်းကတည်းက လုံရှာယန်၊ ဆွန်ပီယန်နဲ့ အင်စီယန်စတဲ့ ကျေးရွာတွေမှာ နေကြတဲ့ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြတာပါ။ အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်တွေက အခု စစ်အင်အား တိုးချနေတာကြောင့် တိုက်ပွဲထပ်မံဖြစ်မှာကို စိုးရိမ်နေကြောင်း ဆွန်ပီယန်ကျေးရွာက ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ ဟိုးတလောက ကစင့်ကလျားနဲ့ ထွက်သွားတဲ့သူတွေက လောလောဆည် အများပိုင်းတော့ ပြန်ရောက်လာကြပြီ။ အခု အိမ်တွေ ဘာတွေ ပြင်စရာရှိတာ အကုန်လုံးပြင်ကြတယ်။ အခုပြန်အခြေချပြီပေါ့ကွာ။ အဲလို ဖြစ်နေကြတာ။ ဒါပေမဲ့ ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာ တန်ဂျာရွာမှာက တပ်မတော်က အယောက် ၁၀၀ကျော်လောက် အဲဒီမှာ စုပုံနေကြတယ်။ ရွာသားတွေက အဲဒီအထက်ဖက် တန်ဂျာ၊ လုံရှာယန် အဲဒီဘက်မှာတော့ ရွာ လူတွေကတော့ စိုးရိမ်နေကြတာပေါ့။”

တန်ဂျာရွာဟာ မြစ်ကြီးနား- ပူတာအို ကားလမ်း၊ ဆွန်ပီယန်နဲ့ လုံရှာယန်ရွာအကြားမှာ ရှိတာဖြစ်ပါတယ်။

အခြားဒေသခံတစ်ဦးကလည်း ပူတာအိုမြို့နယ်အတွင်း နှစ်ဘက်တပ်တွေအကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ အခြေအနေက စစ်ကောင်စီကနေ တန်ဂျာမှာ ၂၀၀ ကျော်နီးပါး ရှိတယ်။ ဆွန်ပီယန်ကနေ ပြန်ခေါက်လာတဲ့ အဖွဲ့တွေ၊ နောက်ပြီး ပူတာအိုဘက်က ရောက်လာတဲ့အဖွဲ့တွေ နှစ်ဖွဲ့ ရောက်လာတယ်။ ၂၀၀တော့ အနည်းဆုံး ရှိမှာပဲ။ အဲဒီအနီးအနားမှာပဲ အဲဒီ တန်ဂျာရွာကနေ တစ်မိုင်ကျော်လောက်မှာ PDF နဲ့ KIA တွေလည်းပဲ အယောက် ၁၀၀ နီးပါးရှိတယ်။ ဟိုးတစ်နေ့က တနင်္လာနေ့မှာ PDF တွေ ၃ချက်ပစ်တာ။ စစ်ကောင်စီက ပြန်မပစ်တော့ တိုက်ပွဲမဖြစ်ဘူး။”

ကချင်ပြည်နယ်က မြို့နယ်အချို့မှာတော့ အခုရက်ပိုင်း စစ်ကောင်စီနဲ့ KIA အကြား တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
ဒီလ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီရဲ့ ရိက္ခာပို့ယာဉ်တန်းကို မံစီမြို့နယ်၊ မိုင်းခေါင်ရွာအနီးမှာ KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ မိုင်းခေါင်ရွာဦးမှာ ဖြစ်တာ။ ရိက္ခာသယ်တဲ့ ကားကို မိုင်းခွဲတာနေမှာ။ မိုင်းခွဲပြီးမှ နည်းနည်းပစ်လိုက်တာနေမှာ ပစ်ပြီးမှ သူတို့က ရှောင်သွားတာ။ ၁၀မိနစ်ကျော်ကျော်၊ ၁၅မိနစ်လောက်ပဲ ရှိမယ်။ အထိအခိုက်တော့ ဘာမှ မရှိဘူး။ မကြားမိဘူး။ ကားတွေ နည်းနည်းပဲ ထိပါတယ်။ ဘာမှ မဖြစ်ပါဘူး။”

ဒီကနေ့ သောကြာနေ့မှာတော့ မိုင်းခေါင်နဲ့ ၃မိုင်ကျော်အကွာ ဆမာရွာဘက်မှာ လက်နက်ကြီး ပစ်သံတွေ ကြားရကြောင်း ပြောပါတယ်။

ဒီလ ၇ ရက်နေ့ နေ့လည် ၁၁နာရီလောက်မှာတော့ ရွှေကူမြို့နယ် မြို့လှရွာအနီးမှာ စစ်ကောင်စီရဲ့ ရိက္ခာတင် စက်လှေ ၂စီးကို PDF က နစ်မြုပ်ခဲ့သလို ဒီလ ၅ရက်နေ့ကလည်း ဖားကန့်မြို့နယ် လဝါးရွာအနီးမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

လတ်တလော ကချင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ KIA ပြောရေးဆိုခွင့်ရှိသူက ဖုန်း လက်ခံ ဖြေဆိုတာမရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

XS
SM
MD
LG