သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ဂ်ီးရီးယားေက်ာင္းသား ၃၄၄ ေယာက္ကုိ ဘုိကုိဟာရမ္းအဖြဲ႔ျပန္လြတ္


ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ ေသနတ္သမားမ်ားဖမ္းဆီးခံရၿပီး ျပန္ လြတ္ေျမာက္လာသည့္ ေက်ာင္းသားေလးမ်ား

{{Zawgyi/Unicode}}

ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ သီတင္ပတ္တုန္းက သူတုိ႔ေက်ာင္းကေန ေသနတ္သမားေတြရဲ့ ဖမ္းဆီးေခၚေဆာင္တာခံခဲ့ရတဲ့ ေက်ာင္းသားလူငယ္ေလးေတြထဲက ၃၄၄ ေယာက္ ၾကာသပေတးေန႔မွာ ျပန္လည္လြတ္ေျမာက္လာပါၿပီ။

အခုလို ျပန္လည္လြတ္ေျမာက္လာတာဟာ တႏိုင္ငံလံုးနဲ႔ ႏိုင္ငံတကာအသိုင္းဝို္င္းအတြက္ပါ စိတ္ပူပန္မႈေတြ အေတာ္ေလ်ာ့သြားေစတယ္လို႔ ႏိုင္ဂ်ီးရီးယား သမၼတ Muhammadu Buhari က တြစ္တာမွာ ေရးပါတယ္။ ဒါ့အျပင္ Katsina ျပည္နယ္ အုပ္ခ်ဳပ္ေရးမႈး Masari ကိုေရာ ေထာက္လွန္းေရးအဖြဲ႔ေတြ၊ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔ကိုပါ တႏိုင္ငံလံုးက ေက်းဇူးတင္ေၾကာင္းေျပာပါတယ္။

အခု ျပန္ေတြ႔ရတဲ့ ကေလးေတြဟာ အနားက Zamfara ျပည္နယ္ ေတာအုပ္ထဲမွာ ေတြ႔ခဲ့ရတာျဖစ္ၿပီး ေပ်ာက္ဆံုးေနတဲ့ ေက်ာင္းသားအားလံုး ျပန္လြတ္လာတာမဟုတ္ပဲ တခ်ိဳ႕က်န္ေနေသးတယ္လို႔ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႈး Masari က ႏိုင္ငံေတာ္ရုပ္သံ NTA ကို ေျပာပါတယ္။ သူတို႔ေလးေတြကို ေဆးစစ္ေပးၿပီးရင္ သူတုိ႔မိသားစုေတြ ဆီ ေသာၾကာေန႔မွာ ျပန္ပို႔ေပးမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒီေက်ာင္းသားေလးေတြ လြတ္ေျမာက္ေအာင္ ျပန္ေပးေငြေပးမေပးေတာ့ ေသေသခ်ာခ်ာ မသိရေသးပါဘူး။
Boko Haramအစၥလန္အစြန္းေရာက္အဖြဲ႔က ေက်ာင္းသားေလး ၅၀၀ ေက်ာ္ကို ျပန္ေပးဆြဲသြားတယ္ ဆိုတဲ့ ဗီဒီယိုဖိုင္ လူမႈကြန္ယက္ေတြမွာ ၾကာသပေတးေန႔က တက္လာခဲ့ၿပီးတဲ့ ေနာက္ အခု ေက်ာင္းသားေလးေတြ ျပန္လြတ္လာတဲ့ သတင္းၾကားရတာျဖစ္ပါတယ္။ ဗီဒီိယိုမွာ ဒီအဖြဲ႔ရဲ့ တံဆိပ္ပါေနေပမယ့္ ဒီအဖြဲ႔က ျပန္ေပးဆြဲတာ ဟုတ္မဟုတ္မသိရေသးပါဘူး။

၂၀၁၄ ခုႏွစ္တုန္းကေတာ့ ႏိုင္ဂ်ီးရီးယား အေရွ႕ေျမာက္ပိုင္းမွာ ေက်ာင္းသူေလး ၂၇၀ ေက်ာ္ကို ဒီအဖြဲ႔က ျပန္ေပးဆြဲသြားခဲ့တာ ျဖစ္ပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

နိုင်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်ပတ်တုန်းက သူတို့ကျောင်းကနေ သေနတ်သမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတဲ့ ကျောင်းသားလူငယ်လေးတွေထဲက ၃၄၄ ယောက် ကြာသပတေးနေ့မှာ ပြန်လည်လွတ်မြောက်လာပါပြီ။

အခုလို ပြန်လည်လွတ်မြောက်လာတာဟာ တနိုင်ငံလုံးနဲ့ နိုင်ငံတကာအသိုင်းဝိုင်းအတွက်ပါ စိတ်ပူပန်မှုတွေ အတော်လျော့သွားစေတယ်လို့ နိုင်ဂျီးရီးယား သမ္မတ Muhammadu Buhari က တွစ်တာမှာ ရေးပါတယ်။ ဒါ့အပြင် Katsina ပြည်နယ် အုပ်ချုပ်ရေးမှုး Masari ကိုရော ထောက်လှန်းရေးအဖွဲ့တွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကိုပါ တနိုင်ငံလုံးက ကျေးဇူးတင်ကြောင်းပြောပါတယ်။

အခု ပြန်တွေ့ရတဲ့ ကလေးတွေဟာ အနားက Zamfara ပြည်နယ် တောအုပ်ထဲမှာ တွေ့ခဲ့ရတာဖြစ်ပြီး ပျောက်ဆုံးနေတဲ့ ကျောင်းသားအားလုံး ပြန်လွတ်လာတာမဟုတ်ပဲ တချို့ကျန်နေသေးတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှုး Masari က နိုင်ငံတော်ရုပ်သံ NTA ကို ပြောပါတယ်။ သူတို့လေးတွေကို ဆေးစစ်ပေးပြီးရင် သူတို့မိသားစုတွေ ဆီ သောကြာနေ့မှာ ပြန်ပို့ပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီကျောင်းသားလေးတွေ လွတ်မြောက်အောင် ပြန်ပေးငွေပေးမပေးတော့ သေသေချာချာ မသိရသေးပါဘူး။
Boko Haramအစ္စလန်အစွန်းရောက်အဖွဲ့က ကျောင်းသားလေး ၅၀၀ ကျော်ကို ပြန်ပေးဆွဲသွားတယ် ဆိုတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ယက်တွေမှာ ကြာသပတေးနေ့က တက်လာခဲ့ပြီးတဲ့ နောက် အခု ကျောင်းသားလေးတွေ ပြန်လွတ်လာတဲ့ သတင်းကြားရတာဖြစ်ပါတယ်။ ဗီဒီယိုမှာ ဒီအဖွဲ့ရဲ့ တံဆိပ်ပါနေပေမယ့် ဒီအဖွဲ့က ပြန်ပေးဆွဲတာ ဟုတ်မဟုတ်မသိရသေးပါဘူး။

၂၀၁၄ ခုနှစ်တုန်းကတော့ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ ကျောင်းသူလေး ၂၇၀ ကျော်ကို ဒီအဖွဲ့က ပြန်ပေးဆွဲသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG