သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယား အသေခံဗုံး ၅၀ ထက်မနည်းသေ


နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင်းက ဗလီ တခုမှာ ဒီကနေ့ အင်္ဂါနေ့ အစောပိုင်း အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် အနည်းဆုံး လူပေါင်း ၅၀ သေဆုံးခဲ့ပါတယ်။ Adamawa ပြည်နယ် Mubi မြို့က ဗလီ ဝတ်ပြုကျောင်းမှာ မနက်ပိုင်း ဘုရားဝတ်ပြုသူတွေ ရောက်ရှိလာချိန်မှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ ဘယ်သူ့လက်ချက် ဆိုတာ မသိရသေးပါဘူး။

ဘိုကိုဟာရန်း စစ်သွေးကြွ အဖွဲ့ကတော့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ် လုပ်ခဲ့တာပါ။ မူဆလင် အများစု နေထိုင်ရာ နိုင်ငံ မြောက်ပိုင်းမှာ တင်းကျပ်တဲ့ အစ္စလာမ် ဥပဒေတွေနဲ့ အုပ်ချုပ်မှု တည်ထောင်နိုင်ရေး နိုင်ဂျီးရီးယား အစိုးရကို ၈ နှစ်ကြာ သူပုန်ထ တိုက်ခိုက်မှု အတွင်း ဘိုကိုဟာရန်း အဖွဲ့ကြောင့် လူပေါင်း ၂ သောင်းကျော် သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG