သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီယားလေတပ် မှားယွင်းဗုံးကြဲမှု အရပ်သား ၅၀ကျော် သေဆုံး


 Rann အရပ်က ဒုက္ခသည်စခန်းကို မှားယွင်း ဗုံးကျဲ
Rann အရပ်က ဒုက္ခသည်စခန်းကို မှားယွင်း ဗုံးကျဲ

နိုင်ဂျီးရီးယားအခြေစိုက် Boko Haram စစ်သွေးကြွအဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ဆင်ရေးအတွင်း နိုင်ဂျီးရီးယားစစ်ဘက် ရဲ့ အင်္ဂါနေ့ လေကြောင်း တိုက်ခိုက်မှု တခုကနေ တာဝန်ရှိသူတွေရဲ့အဆိုအားဖြင့် မှားယွင်း ဗုံးကျဲမိတာကြောင့် လူ ၅၀ ကျော် သေဆုံးသွားပါတယ်။

ဘိုကို ဟာရမ်းမ်အဖွဲ့ကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရသူတွေနေတဲ့ Rann အရပ်က စခန်းတခုကို လေကြောင်းကနေ တိုက်ခိုက် တာလို့ စစ်ဘက်က အစောပိုင်းမှာပြောပါတယ်။ ဒါပေမဲ့လည်း သမ္မတရုံးပြောခွင့်ရ Femi Adesina ကတော့ အရပ်သားတွေနေတဲ့ ဒေသကို တိုက်ခိုက်တာလို့ ဗွီအိုအေကိုပြောပါတယ်။

အဲဒီနေရာအနီးအနားမှာ ဘိုကို ဟာရမ်းမ်အဖွဲ့ရဲ့ လှုပ်ရှားမှုတချို့ရှိခဲ့တယ်လို့ ပြောခွင့်ရ Adesina ကပြောပါတယ်။

ဘေးဒဏ်သင့်သူတွေကို အကူအညီပေးသွားမယ်လို့ သူ့ရဲ့ တရားဝင် Twitter ကနေ ထုတ်ပြန်ချက်တခုမှာ သမ္မတ Muhammadu Buhari က ကတိပေးထားပါတယ်။

သေဆုံးသူ ၅၂ ဦးရှိတယ်လို့ တိုက်ခိုက်မှုဖြစ်အပြီး နာရီအတော်အကြာမှာ ထွက်လာတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Rann အရပ်မှာ အိုးအိမ်စွန့်ထွက်ပြေးနေရသူပေါင်း ၄၃၀၀၀ ရှိတယ်လို့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကုလ သမဂ္ဂ္ဂရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စားနပ်ရိက္ခာပြတ်တောက်တာနဲ့ ဆိုးဆိုးရွားရွား အဟာရချို့တဲ့နေတဲ့ အခြေအနေ အတွက် အကူအညီတွေပေးဖို့လဲ အခက်အခဲဖြစ်နေခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG