သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jung Un မှ Donald Trump သို့ ပေးစာ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဆီကနေ “သိပ်ကောင်းတဲ့” စာတစောင် သူ လက်ခံရရှိတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။ အဲဒီစာထဲမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်စေဖို့နဲ့ ပြီးခဲ့တဲ့ဇွန်လ စင်္ကာပူထိပ်သီး အစည်းအဝေးမှာ သူတို့နှစ်ဦး ပူးတွဲလက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ သမ္မတထရမ့်ပ်ရဲ့ ကြိုးပမ်းချက်တွေကို ချီးကျူးပြောဆိုထားတယ်လို့ ဆိုပါတယ်။

“DPRK နဲ့ အမေရိကန်ပြည်ထောင်စုအကြား အနာဂတ်အသစ်တခုကို စတင်ရေးရည်ရွယ်ပြီး အကျွန်ုပ်ကိုယ်တိုင်နဲ့ သမ္မတကြီးရဲ့ အားကောင်းတဲ့ဆန္ဒ၊ စစ်မှန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ သူမတူတဲ့ ချဉ်းကပ်မှုကနေ သေချာပေါက် အကျိုးဖြစ်ထွန်းလာမယ် ဆိုတာ ကျွန်ုပ်အနေနဲ့ အခိုင်အမာယုံကြည်ပါတယ်” လို့ Kim Jong Un က စာထဲမှာရေးထားပါတယ်။

၁၉၅၀ ပြည့်နှစ် အစောပိုင်းကာလတွေက ကိုရီးယားစစ်ပွဲအတွင်း သေဆုံးသွားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းတွေကို ပြန်ပြီးလွှဲပြောင်းရေး အမေရိကန်တာဝန်ရှိသူတွေနဲ့ ကြာသပတေးနေ့က ဆွေးနွေးဖို့စီစဉ်ထားတာမှာ မြောက်ကိုရီးယားဘက်က ရောက်မလာဘူးဆိုတဲ့သတင်းတွေ ထွက်လာတဲ့တရက်ထဲမှာပဲ Kim Jong Un ဆီကစာကို သမ္မတ ထရမ့်ပ်က ထုတ်ပြန်လိုက်တာပါ။

နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ပြီးခဲ့တဲ့သီတင်းပတ် မြောက်ကိုရီးယားခရီးစဉ်အတွင်း သဘောတူညီချက်ရခဲ့တယ်လို့ ယူဆပြီး စစ်မဲ့ဇုံမှာဆွေးနွေးဖို့ အမေရိကန်တာဝန်ရှိသူတွေက မြောက်ကိုရီးယားဘက်က တာဝန်ရှိသူတွေကို စောင့်နေခဲ့တာပါ။ ဒါပေမဲ့ မြောက်ကိုရီးယားဘက်က ဘယ်လိုအကြောင်းပြချက် တခုခုကိုမှမရဘဲ ဆွေးနွေးပွဲကို ရောက်မလာကြပါဘူး။

Kim Jung Un မှ Donald Trump သို့ ပေးစာ
please wait

No media source currently available

0:00 0:02:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG