သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဒေသမှာကျန်ရစ်တဲ့ ကစ်ဆင်ဂျာရဲ့ပုံရိပ်


ကွယ်လွန်သူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာကို ပင်တဂွန်စစ်ဌာနချုပ်ကပေးတဲ့ ဆုပေးပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံ (မေ ၉၊ ၂၀၁၆)
ကွယ်လွန်သူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာကို ပင်တဂွန်စစ်ဌာနချုပ်ကပေးတဲ့ ဆုပေးပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံ (မေ ၉၊ ၂၀၁၆)

တရုတ်-အမေရိကန်ဆက်ဆံရေးကို ဖွင့်ပေးခဲ့တဲ့ နိုင်ငံခြားရေးရာဉာဏ်ကြီးရှင်တယောက်အဖြစ် ကမ္ဘ့ာနေရာအတော်များများမှာ မစ္စတာဟင်န်နရီကစ်ဆင်ဂျာကို သိကြမှာဖြစ်ပေမဲ့ အရှေ့တောင်အာရှမှာတော့ မရေမတွက်နိုင်တဲ့ လူတွေသေကြေပျက်စီးစေတဲ့ စစ်မဟာဗျူဟာရေးဆွဲသူအဖြစ် သိကြမှာဖြစ်ပါတယ်။

‘ဘယ်လိုပဲတော်တော်၊ ညှိနှိုင်းဆွေးနွေးရာမှာ ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင် ကစ်ဆငဂျား ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုမှာတော့ အပြစ်မဲ့ပြည်သူသိန်းပေါင်းများစွာအတွက် အသက်အိုးအိမ်ဘဝ ပျက်စီးရာ ပျက်စီးကြောင်းပါပဲ’ လို့ ဒေးဗီးမြို့၊ ကာလီဖိုးနီးယားပြည်နယ်တက္ကသိုလ်က ဗီယက်နမ်စစ်ပွဲရေးရာ ကျွမ်းကျင်သူ အငြိမ်းစား ပါမောက္ခ လာရီ ဘားမင်း (Larry Berman) က ဗွီအိုအေ ဗီယက်နမ်ဌာနကို ပြောပါတယ်။ ကွန်မြူနစ်တွေ ချုပ်ငြိမ်းရေးကို ရည်ရွယ်တဲ့ သူ့ မူဝါဒတွေကြောင့် လူပေါင်းသိန်းချီသေဆုံးခဲ့ကြတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။

ကမ္ဘောဒီးယားမှာ အမေရိကန်က ဗုံး တန်ပေါင်း ၅ သိန်း ကြဲချခဲ့တယ်လို့ အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခ အဲရင် လင်း (Erin Lin) က ဆိုပါတယ်။ ဒါကြောင့် အရပ်သားပြည်သူတသိန်းခွဲ သေဆုံးခဲ့ရတယ်လို့ အမေရိကန်နိုင်ငံ ယေးတက္ကသိုလ်က သမိုင်းဆရာ ဘင်န် ကီးအားနန်း (Ben Kiernan) က ဆိုကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ကိုးကား ရေးသားခဲ့တာပါ။

၁၉၇၅ ခုနှစ် အင်ဒိုနီးရှားက အရှေ့တီမောကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ လူ ၂ သိန်း သေဆုံးခဲ့ရပါတယ်။ အင်ဒိုနီးရှားကို ကျောထောက်နောက်ခံပေးခဲ့တဲ့အတွက် ကစ်ဆင်ဂျားမှာ တာဝန်ရှိတယ်လို့ ကောနက်တီကတ်ပြည်နယ်တက္ကသိုလ် သမိုင်းဌာန က ဘရက် ဆင်မ်ဆန် (Brad Simpson) က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG