သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ေလးေကေကာ္ ထိုးစစ္ရပ္ဖို႔ စစ္ေကာင္စီကို KNU ေတာင္းဆို


စစ္ေကာင္စီတပ္နဲ႔ ရင္ဆုိင္တုိက္ခုိက္ေနတဲ့ KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕။

ေလးေကေကာ္ ထိုးစစ္ရပ္ဖို႔ စစ္ေကာင္စီကို KNU ေတာင္းဆို

{{Zawgyi/Unicode}}

ထိုင္းျမန္မာနယ္စပ္ ျမ၀တီခရိုင္ ေလးေကေကာ္ၿမိဳ႔သစ္ကေန စတင္လိုက္တဲ့ တိုက္ပဲြေတြ ဒီထက္ ပိုမို မက်ယ္ျပန္ေစဖို႔ဆုိရင္ လက္ရိွ စစ္ေကာင္စီဘက္က ထိုးစစ္ေတြ ရပ္ဆိုင္းဖုိ႔ လုိအပ္ေၾကာင္း KNU ဘက္က ေတာင္းဆုိလုိက္ပါတယ္။ စစ္ေကာင္စီအေနနဲ႔ ျပည္သူလူထု မထိခိုက္ေအာင္ ေနာက္ဆုတ္သင့္တယ္လို႔ NCA လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ကိုယ္စားျပဳ ေျပာခြင့္ရသူကလည္း ေတာင္းဆိုပါတယ္။ စစ္တပ္နဲ႔ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ KNU အဖဲြ႔ၾကား တုိက္ပြဲေတြျဖစ္ေနတဲ့အေပၚ တံု႔ျပန္ခ်က္ေတြအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုရဲမြန္ က တင္ျပထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ ျမ၀တီခရိုင္ ေလးေကေကာ္ၿမိဳ႔သစ္မွာ ကရင္အမ်ဳိးသား အစည္းအ႐ံုး KNU ရဲ႕လက္နက္ကိုင္ KNLA၊ ျပည္သူ႔ကာကြယ္ေရး PDF ပူးေပါင္းအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား တုိက္ပဲြျဖစ္ပြားတာ ရက္သတၱ တစ္ပတ္ၾကာလာခ်ိန္မွာ ၂ ဘက္ၾကား တုိက္ပဲြေတြဟာ အနီးပတ္၀န္းက်င္သာမက အျခားနယ္ေျမေတြမွာပါ က်ယ္ျပန္႔လာမယ့္ အေျခအေနေတြ ရိွေနပါတယ္။ ဒီတိုက္ပဲြေတြ ရပ္သြားဖို႔အတြက္ စစ္ေကာင္စီနဲ႔ KNU အၾကား ေဆြးေႏြးမႈေတြ ခုခ်ိန္ထိ မ႐ွိေသးပါဘူး။ တိုက္ပြဲေတြ ရပ္သြားဖုိ႔ ဆိုရင္ စစ္ေကာင္စီရဲ့ လက္ရိွ ထိုးစစ္ကို ရပ္တန္႔ဖို႔ လိုအပ္ေၾကာင္း KNU ရဲ့ ဒုဥကၠဌ ပဒိုေစာကြယ္ထူး၀င္းက ေျပာပါတယ္။

“ က်ေနာ္တုိ႔ ေဆြးေႏြးထားတာေတာ့ မရိွဘူး။ က်ေနာ္တုိ႔ရဲ့ သေဘာထား ထုတ္ျပန္ေၾကညာခ်က္အရေတာ့ က်ေနာ္တုိ႔ ေတာင္းဆိုတာက၊ ဒီ အခု Operation ကို ဆက္ၿပီး မလုပ္ဖုိ႔အတြက္ တပ္ေတြ ျပန္ရုတ္ဖို႔ ေပါ့ေနာ္။ ေနာက္တစ္ခုကေတာ့ ေလယာဥ္ပ်ံေတြ မသံုးဖို႔ ကိစၥရယ္။ ေနာက္ၿပီးေတာ့လည္း ဒီႏိုင္ငံတကာအဖဲြ႔အစည္းေတြကလည္း ဒီကိစၥမွာ အေထာက္အကူေပးႏိုင္ဖို႔လည္း က်ေနာ္တုိ႔ လုပ္ေနတယ္။ အပစ္အခတ္ ရပ္စဲေရးဆုိင္ရာကိစၥကေတာ့ ခုနက က်ေနာ္တုိ႔ တင္ျပသလိုေပ့ါ။ တပ္မေတာ္ဘက္က ဘယ္ေလာက္ လက္ခံၿပီးေတာ့ ေဆာင္ရြက္မလဲဆုိတာေပၚမွာ မူတည္တာေပါ့ေနာ္။”

KNU ရဲ့ တပ္မဟာ ၁၊ တပ္မဟာ ၂၊ တပ္မဟာ ၃ နယ္ေျမေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပဲြေတြ အရင္က ၾကိဳးၾကားျဖစ္ပြားတတ္သလို၊ တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမမွာ မၾကာခန ျဖစ္ပြားတာရိွေပမဲ့၊ တပ္မဟာ ၆ ထိန္းခ်ဳပ္တဲ့ ေလးေကေကာ္တုိက္ပဲြမွာေတာ့ စစ္ေကာင္စီဘက္က စစ္အင္အား ပိုမိုသံုးစဲြလာတာရိွေၾကာင္းလည္း ပဒိုကြယ္ထူး၀င္းက ေထာက္ျပပါတယ္။
ေလးေကေကာ္ၿမိဳ႔သစ္ဟာ တစ္ႏိုင္ငံလံုး ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA လက္မွတ္ထိုးၿပီးေနာက္ပိုင္း ကရင္စစ္ေျပးဒုကၡသည္ေတြကို ျပန္လည္ေနရခ်ထားဖို႔အတြက္ ႏိုင္ငံတကာအကူအညီနဲ႔ တည္ေဆာက္ခဲ့တဲ့ေနရာျဖစ္ပါတယ္။

NCA လက္မွတ္ထိုးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔ရဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရးဦးေဆာင္အဖဲြ႔ PPSTက ေျပာေရးဆုိခြင့္ရိွသူ ခြန္ျမင့္ထြန္းကေတာ့ ေလးေကေကာ္ျဖစ္ရပ္ဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ထိခိုက္ေစတယ္လို႔ သံုးသပ္ပါတယ္။

“ ေလးေကေကာ္ဆုိတာ ႏိုင္ငံေရးအရ စံတန္ဖိုးေတြ၊ ၿငိမ္းခ်မ္းေရးအရ စံတန္ဖိုးေတြ၊ NCA ရဲ့ စံတန္ဖိုးေတြအရေတာ့ အင္မတန္ကို ၾကီးမားပါတယ္။ ေလးေကေကာ္မွာ အခုလို ျဖစ္တဲ့ ျဖစ္စဥ္ေတြကေတာ့ NCA အပါအ၀င္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အေတာ္ကို ထိခိုက္မႈေတြျဖစ္တယ္။ ေနာင္ေရရွည္မွာ ႏိုင္ငံေရးေဆြးေႏြးတာျဖစ္ျဖစ္၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးတာျဖစ္ျဖစ္ တပ္မေတာ္ရဲ့ တာ၀န္ယူမႈ၊ တာ၀န္ခံမႈ အေပၚမွာေတာ့ ဒါ ေမးခြန္းထုတ္စရာေတာ့ ၾကီးၾကီးက်ယ္က်ယ္ ရိွပါတယ္လို႔ အဲလုိပဲ ေျပာရမွာပါ။”

ဒီတိုက္ပဲြေတြေၾကာင့္ ကရင္စစ္ေျပးဒုကၡသည္ ၅ ေထာင္ထက္မနည္း ထုိင္းႏိုင္ငံဘက္ကို ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္။ ဒါေၾကာင့္ ျပည္သူလူထုရဲ့ မ်က္ႏွာကို ေထာက္ထားၿပီး စစ္ေကာင္စီဘက္ ဆုတ္ေပးသင့္ေၾကာင္းလည္း ခြန္ျမင့္ထြန္းက ေျပာပါတယ္။

“ ျပည္သူလူထုရဲ့ မ်က္ႏွာကို ၾကည့္ၿပီးေတာ့ စစ္ေကာင္စီကေတာ့ ဆုတ္ေပးဖို႔ေတာ့ လုိပါတယ္။ က်ေနာ္တို႔ အေနနဲ႔က ဒီျပႆနာကို စၿပီးေတာ့ ဖန္တီးတဲ့သူက စစ္ေကာင္စီျဖစ္ေနတဲ့ အခါက်ေတာ့ ဒီကိစၥမွာ စစ္ေကာင္စီက အေလ်ာ့ေပးၿပီး ဆုတ္လိုက္တာကေတာ့ ပိုၿပီး ေကာင္းတယ္လုိ႔ ျမင္ပါတယ္။ ”

KNU တပ္မဟာ (၆) ထိန္းခ်ဳပ္ထားတဲ့ ေလးေက့ေကာ္ျမိဳ႕သစ္ထဲကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ျပီး လႊတ္ေတာ္အမတ္၂ ဦးနဲ႔ စစ္ေကာင္စီအေပၚ ဆန္႔က်င္ေနသူတခ်ဳိ႕ကိုဖမ္းဆီးခဲ့ရာက ဒီဇင္ဘာ ၁၅ ရက္မွာ တုိက္ပဲြေတြ စတင္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

လေးကေကော် ထိုးစစ်ရပ်ဖို့ စစ်ကောင်စီကို KNU တောင်းဆို

{{Unicode}}

ထိုင်းမြန်မာနယ်စပ် မြဝတီခရိုင် လေးကေကော်မြို့သစ်ကနေ စတင်လိုက်တဲ့ တိုက်ပွဲတွေ ဒီထက် ပိုမို မကျယ်ပြန်စေဖို့ဆိုရင် လက်ရှိ စစ်ကောင်စီဘက်က ထိုးစစ်တွေ ရပ်ဆိုင်းဖို့ လိုအပ်ကြောင်း KNU ဘက်က တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီအနေနဲ့ ပြည်သူလူထု မထိခိုက်အောင် နောက်ဆုတ်သင့်တယ်လို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားပြု ပြောခွင့်ရသူကလည်း တောင်းဆိုပါတယ်။ စစ်တပ်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ KNU အဖွဲ့ကြား တိုက်ပွဲတွေဖြစ်နေတဲ့အပေါ် တုံ့ပြန်ချက်တွေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် က တင်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မြဝတီခရိုင် လေးကေကော်မြို့သစ်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့လက်နက်ကိုင် KNLA၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားတာ ရက်သတ္တ တစ်ပတ်ကြာလာချိန်မှာ ၂ ဘက်ကြား တိုက်ပွဲတွေဟာ အနီးပတ်ဝန်းကျင်သာမက အခြားနယ်မြေတွေမှာပါ ကျယ်ပြန့်လာမယ့် အခြေအနေတွေ ရှိနေပါတယ်။ ဒီတိုက်ပွဲတွေ ရပ်သွားဖို့အတွက် စစ်ကောင်စီနဲ့ KNU အကြား ဆွေးနွေးမှုတွေ ခုချိန်ထိ မရှိသေးပါဘူး။ တိုက်ပွဲတွေ ရပ်သွားဖို့ ဆိုရင် စစ်ကောင်စီရဲ့ လက်ရှိ ထိုးစစ်ကို ရပ်တန့်ဖို့ လိုအပ်ကြောင်း KNU ရဲ့ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ ကျနော်တို့ ဆွေးနွေးထားတာတော့ မရှိဘူး။ ကျနော်တို့ရဲ့ သဘောထား ထုတ်ပြန်ကြေညာချက်အရတော့ ကျနော်တို့ တောင်းဆိုတာက၊ ဒီ အခု Operation ကို ဆက်ပြီး မလုပ်ဖို့အတွက် တပ်တွေ ပြန်ရုတ်ဖို့ ပေါ့နော်။ နောက်တစ်ခုကတော့ လေယာဉ်ပျံတွေ မသုံးဖို့ ကိစ္စရယ်။ နောက်ပြီးတော့လည်း ဒီနိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဒီကိစ္စမှာ အထောက်အကူပေးနိုင်ဖို့လည်း ကျနော်တို့ လုပ်နေတယ်။ အပစ်အခတ် ရပ်စဲရေးဆိုင်ရာကိစ္စကတော့ ခုနက ကျနော်တို့ တင်ပြသလိုပေ့ါ။ တပ်မတော်ဘက်က ဘယ်လောက် လက်ခံပြီးတော့ ဆောင်ရွက်မလဲဆိုတာပေါ်မှာ မူတည်တာပေါ့နော်။”

KNU ရဲ့ တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၃ နယ်မြေတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ အရင်က ကြိုးကြားဖြစ်ပွားတတ်သလို၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ မကြာခန ဖြစ်ပွားတာရှိပေမဲ့၊ တပ်မဟာ ၆ ထိန်းချုပ်တဲ့ လေးကေကော်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က စစ်အင်အား ပိုမိုသုံးစွဲလာတာရှိကြောင်းလည်း ပဒိုကွယ်ထူးဝင်းက ထောက်ပြပါတယ်။
လေးကေကော်မြို့သစ်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးပြီးနောက်ပိုင်း ကရင်စစ်ပြေးဒုက္ခသည်တွေကို ပြန်လည်နေရချထားဖို့အတွက် နိုင်ငံတကာအကူအညီနဲ့ တည်ဆောက်ခဲ့တဲ့နေရာဖြစ်ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးဦးဆောင်အဖွဲ့ PPSTက ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းကတော့ လေးကေကော်ဖြစ်ရပ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတယ်လို့ သုံးသပ်ပါတယ်။

“ လေးကေကော်ဆိုတာ နိုင်ငံရေးအရ စံတန်ဖိုးတွေ၊ ငြိမ်းချမ်းရေးအရ စံတန်ဖိုးတွေ၊ NCA ရဲ့ စံတန်ဖိုးတွေအရတော့ အင်မတန်ကို ကြီးမားပါတယ်။ လေးကေကော်မှာ အခုလို ဖြစ်တဲ့ ဖြစ်စဉ်တွေကတော့ NCA အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အတော်ကို ထိခိုက်မှုတွေဖြစ်တယ်။ နောင်ရေရှည်မှာ နိုင်ငံရေးဆွေးနွေးတာဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးတာဖြစ်ဖြစ် တပ်မတော်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပေါ်မှာတော့ ဒါ မေးခွန်းထုတ်စရာတော့ ကြီးကြီးကျယ်ကျယ် ရှိပါတယ်လို့ အဲလိုပဲ ပြောရမှာပါ။”

ဒီတိုက်ပွဲတွေကြောင့် ကရင်စစ်ပြေးဒုက္ခသည် ၅ ထောင်ထက်မနည်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ထားပြီး စစ်ကောင်စီဘက် ဆုတ်ပေးသင့်ကြောင်းလည်း ခွန်မြင့်ထွန်းက ပြောပါတယ်။

“ ပြည်သူလူထုရဲ့ မျက်နှာကို ကြည့်ပြီးတော့ စစ်ကောင်စီကတော့ ဆုတ်ပေးဖို့တော့ လိုပါတယ်။ ကျနော်တို့ အနေနဲ့က ဒီပြဿနာကို စပြီးတော့ ဖန်တီးတဲ့သူက စစ်ကောင်စီဖြစ်နေတဲ့ အခါကျတော့ ဒီကိစ္စမှာ စစ်ကောင်စီက အလျော့ပေးပြီး ဆုတ်လိုက်တာကတော့ ပိုပြီး ကောင်းတယ်လို့ မြင်ပါတယ်။ ”

KNU တပ်မဟာ (၆) ထိန်းချုပ်ထားတဲ့ လေးကေ့ကော်မြို့သစ်ထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး လွှတ်တော်အမတ်၂ ဦးနဲ့ စစ်ကောင်စီအပေါ် ဆန့်ကျင်နေသူတချို့ကိုဖမ်းဆီးခဲ့ရာက ဒီဇင်ဘာ ၁၅ ရက်မှာ တိုက်ပွဲတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG