သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KNU တပ္မဟာ (၆) က စစ္ေကာင္စီတပ္႐ုပ္ဖို႔အသိေပးတဲ့ၾကားက တပ္ေတြ ပိုတိုးခ်ေန


ေကအဲန္ယူတပ္မဟာ ၆ နယ္ေျမထဲ တပ္ေတြတုိးခ်လာေနတာေၾကာင့္ စစ္ေရွာင္ဒုကၡသည္ေတြ အိမ္မျပန္ႏိုင္ေသးေၾကာင္း ေကအဲန္ယူေျပာခြင့္ရက ေျပာပါတယ္။  ျမန္မာစစ္တပ္ ဗံုးႀကဲတိုက္ခိုက္မႈေၾကာင့္ တိမ္းေရွာင္ေနတဲ့ စစ္ေဘးေရွာင္ကရင္ဒုကၡသည္မ်ား (ယခင္ပံုေဟာင္း) (ဓာတ္ပံု - KNU )

[[Zawgyi/Unicode]]

ကရင္အမ်ိဳးသားအစည္းအ႐ံုး တပ္မဟာ (၆) နယ္ေျမျဖစ္တဲ့ ျမ၀တီခ႐ိုင္( ဒူးပလာယာခ႐ိုင္) ေလးေက့ ေကာ္ေဒသနဲ႔ ေကာ့ကရိတ္ၿမိဳ႕ ေတာင္ပုိင္းမွာ တပ္စြဲေနရာယူထားတဲ့ စစ္ေကာင္စီတပ္ေတြကို ဒီေန႔ မတ္လ ၁၁ ရက္ ေနာက္ဆံုးထားၿပီး ဖယ္႐ွားေပးဖို႔ အသိေပးထားပါတယ္။ ဒါေပမယ့္ စစ္ေကာင္စီတပ္ ေတြက မဆုတ္ခြါတဲ့အျပင္ ၃ ရက္အတြင္း ျမဝတီခ႐ိုင္ထဲကုိ တပ္ေတြ ပိုတိုးေရာက္လာတယ္လို႔ KNU ဘက္ကေျပာပါတယ္။ အဲဒီလိုအေျခအေနေၾကာင့္ တုိက္ပြဲျဖစ္မယ့္အလားအလာမ်ားေနတယ္လို႔ KNU ဘက္ကေျပာပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ံုးတပ္မဟာ (၆) နယ္ေျမျဖစ္တဲ့ ျမ၀တီခ႐ိုင္ (ဒူးပလာခ႐ိုင္)၊ ေလးေက့ ေကာ္နဲ႔ ေကာကရိတ္ၿမိဳ ့ေတာင္ပုိင္းေတြမွာ စစ္ေကာင္စီတပ္ေတြ တပ္စဲြေနရာယူထားၿပီး မၾကာခန တို္က္ပဲြေတြျဖစ္ေနတာပါ။ တိုက္ပြဲေတြအတြင္း လက္နက္ႀကီးက်ည္ဆံေတြ ေက်းရြာေတြထဲ က်တဲ့ အတြက္ ေဒသခံေတြ ေသဆံုးဒဏ္ရာရၾကသလို ေနအိမ္ေတြကုိ စြန္ခြာထြက္ေျပးေနရပါတယ္။ ဒါေၾကာင့္ ေကအန္ယူတပ္မဟာ (၆) က တာ၀န္ရွိသူေတြက စစ္ေကာင္စီတပ္ေတြ ၃ ရက္အတြင္း ဖယ္ရွားဖို႔ ေတာင္းဆိုထားေပမယ့္ ၃ ရက္ျပည့္တဲ့ ဒီေန႔ မတ္လ ၁၁ ရက္ေန႔မွာေတာ့ စစ္ေကာင္စီ ဘက္က တပ္ေတြတိုးခ်ဲ႕ ေရာက္လာတယ္လို႔ KNU ကေျပာပါတယ္။ လက္႐ွိအေျခအေနအရ တိုက္ပြဲေတြျဖစ္လာမယ့္ အလားအလာမ်ားေနတယ္လို႔ KNUရဲ႕ ႏို္င္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ ဖဒိုေစာေတာနီးက အခုလိုေျပာျပပါတယ္။

“မနက္တုန္းက ၈ နာရီေလာက္က တပ္ေတြအမ်ားႀကီးတုိးလာတယ္ေျပာတယ္။ ဘယ္ေလာက္ထိ တုိးလာလဲဆိုတာေတာ့ ေျပာမရေသးဘူး။ မဆုတ္ခြါတဲ့အျပင္ တပ္ေတြတုိးလာတယ္။ ေနာက္ၿပီးေတာ့ ၀န္တင္ျမင္းေတြ လားေတြလည္း ပါတယ္။ နယ္ေျမထဲ ကၽြံ၀င္လာၿပီဆုိရင္ေတာ့ တုိက္ပဲြေတြျဖစ္ဖို႔ကေတာ့ အလားအလာ အမ်ားႀကီးရွိတယ္။”

မတ္လ ၉ ရက္ေန႔ကစလို႔ ၃ ရက္အတြင္း စစ္ေကာင္စီတပ္ေတြ ဖယ္ရွားေပးဖို႔ KNU ဘက္က ေတာင္းဆုိၿပီးတဲ့ေနာက္မွာလည္း စစ္ေကာင္စီဘက္က ေလယာဥ္ေတြနဲ႔ ဗံုးႀကဲတုိ္က္ခုိက္တာေတြ ရွိတယ္လို႔ ေျပာပါတယ္။

“ေျပာၿပီးတာနဲ႔ ေလယာဥ္နဲ႔လည္း ေရာက္လာတယ္။ ပစ္တာကေတာ့ ပ်ံလာတဲ့အခ်ိန္မွာပစ္ခ်တယ္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္ ဟိုး ျမဝတီၿမိဳ့စြန္နားမွာလည္း တလံုးက်တယ္။ အဲဒီေလယာဥ္မတုိ္င္ခင္ကလည္း သံုးေလး ငါးရက္ ကတည္းက တိုက္ပဲြက ႀကိဳ့ ၾကားျဖစ္ေနတာပါ။”

ေလးေက့ေကာ္ေဒသနဲ႔ အနီးတ၀ိုက္ေက်းရြာေပါင္း ၁၀ ရြာေက်ာ္က စစ္ေျပးဒုကၡသည္ေတြဟာ ေသာရင္းျမစ္ကမ္းတေလွ်ာက္နဲ႔ ေတာေတာင္ေတြထဲ ပုန္းခိုေနၾကရတာ ၃ လေလာက္႐ွိေနၿပီျဖစ္ေပမ့ဲ ေနရပ္လည္း မျပန္ရဲၾကေသးပါဘူး။ သူတုိ႔႐ြာေတြနား၊ တုိက္ပြဲေတြ ဆက္ျဖစ္ေနၿပီး လက္နက္ႀကီးေတြ၊ ေလေၾကာင္းတုိက္ခိုက္မႈေတြေၾကာင့္ မျပန္ရဲၾကတာျဖစ္ပါတယ္။ အခုထပ္ၿပီး စစ္တပ္ဘက္က အင္အားေတြ တိုးခ်ဲ႕ေနတဲ့အတြက္ ဒုကၡသည္ေတြ ေတာေတာင္ေတြထဲ ဆက္လက္ေနထုိင္ရမယ့္ အေျခအေနရိွေနတယ္လို႔လည္း ဖဒိုေစာေတာနီးက ေျပာပါတယ္။

“ဒီအတိုင္းဆုိရင္ေတာ့ စစ္ေဘးေရွာင္ေတြအေနအထားက ျပန္ဖို႔ အလားအလာမေသခ်ာဘူး။ လက္ရွိေျပးလႊားေနတဲ့ေနရာေတြမွာပဲ ေနၾကရအုန္းမယ္။ ျပန္လာလို႔ မရေသးဘူး။”

ကရင္ျပည္နယ္ ေလးေက့ေကာ္ေဒသမွာ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကစၿပီး တုိက္ပဲြေတြ ျဖစ္ခဲ့သလိုု ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာလည္း တုိက္ပဲြေတြျဖစ္ေနတာပါ။ ကရင္အမ်ိဳးသားအစည္းအ႐ံုး တပ္မဟာ (၆) နယ္ေျမအပါအ၀င္ တပ္မဟာအသီးသီးမွာ တိုက္ပဲြေတြျဖစ္လာတဲ့အတြက္ ကရင္ျပည္နယ္အတြင္းမွာ ဒုကၡသည္ေနာက္ထပ္ ၇ ေသာင္းေလာက္ တုိးလာတယ္လို႔လည္း ေကအန္ယူဘက္က သတင္းထုတ္ျပန္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

KNU တပ်မဟာ (၆) က စစ်ကောင်စီတပ်ရုပ်ဖို့အသိပေးတဲ့ကြားက တပ်တွေ ပိုတိုးချနေ

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြဝတီခရိုင်( ဒူးပလာယာခရိုင်) လေးကေ့ ကော်ဒေသနဲ့ ကော့ကရိတ်မြို့ တောင်ပိုင်းမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို ဒီနေ့ မတ်လ ၁၁ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အသိပေးထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ် တွေက မဆုတ်ခွါတဲ့အပြင် ၃ ရက်အတွင်း မြဝတီခရိုင်ထဲကို တပ်တွေ ပိုတိုးရောက်လာတယ်လို့ KNU ဘက်ကပြောပါတယ်။ အဲဒီလိုအခြေအနေကြောင့် တိုက်ပွဲဖြစ်မယ့်အလားအလာများနေတယ်လို့ KNU ဘက်ကပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြဝတီခရိုင် (ဒူးပလာခရိုင်)၊ လေးကေ့ ကော်နဲ့ ကောကရိတ်မြို့တောင်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားပြီး မကြာခန တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ဆံတွေ ကျေးရွာတွေထဲ ကျတဲ့ အတွက် ဒေသခံတွေ သေဆုံးဒဏ်ရာရကြသလို နေအိမ်တွေကို စွန်ခွာထွက်ပြေးနေရပါတယ်။ ဒါကြောင့် ကေအန်ယူတပ်မဟာ (၆) က တာဝန်ရှိသူတွေက စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်း ဖယ်ရှားဖို့ တောင်းဆိုထားပေမယ့် ၃ ရက်ပြည့်တဲ့ ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာတော့ စစ်ကောင်စီ ဘက်က တပ်တွေတိုးချဲ့ ရောက်လာတယ်လို့ KNU ကပြောပါတယ်။ လက်ရှိအခြေအနေအရ တိုက်ပွဲတွေဖြစ်လာမယ့် အလားအလာများနေတယ်လို့ KNUရဲ့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပြပါတယ်။

“မနက်တုန်းက ၈ နာရီလောက်က တပ်တွေအများကြီးတိုးလာတယ်ပြောတယ်။ ဘယ်လောက်ထိ တိုးလာလဲဆိုတာတော့ ပြောမရသေးဘူး။ မဆုတ်ခွါတဲ့အပြင် တပ်တွေတိုးလာတယ်။ နောက်ပြီးတော့ ဝန်တင်မြင်းတွေ လားတွေလည်း ပါတယ်။ နယ်မြေထဲ ကျွံဝင်လာပြီဆိုရင်တော့ တိုက်ပွဲတွေဖြစ်ဖို့ကတော့ အလားအလာ အများကြီးရှိတယ်။”

မတ်လ ၉ ရက်နေ့ကစလို့ ၃ ရက်အတွင်း စစ်ကောင်စီတပ်တွေ ဖယ်ရှားပေးဖို့ KNU ဘက်က တောင်းဆိုပြီးတဲ့နောက်မှာလည်း စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်လို့ ပြောပါတယ်။

“ပြောပြီးတာနဲ့ လေယာဉ်နဲ့လည်း ရောက်လာတယ်။ ပစ်တာကတော့ ပျံလာတဲ့အချိန်မှာပစ်ချတယ် ဟိုး မြဝတီမြို့စွန်နားမှာလည်း တလုံးကျတယ်။ အဲဒီလေယာဉ်မတိုင်ခင်ကလည်း သုံးလေး ငါးရက် ကတည်းက တိုက်ပွဲက ကြို့ ကြားဖြစ်နေတာပါ။”

လေးကေ့ကော်ဒေသနဲ့ အနီးတဝိုက်ကျေးရွာပေါင်း ၁၀ ရွာကျော်က စစ်ပြေးဒုက္ခသည်တွေဟာ သောရင်းမြစ်ကမ်းတလျှောက်နဲ့ တောတောင်တွေထဲ ပုန်းခိုနေကြရတာ ၃ လလောက်ရှိနေပြီဖြစ်ပေမဲ့ နေရပ်လည်း မပြန်ရဲကြသေးပါဘူး။ သူတို့ရွာတွေနား၊ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မပြန်ရဲကြတာဖြစ်ပါတယ်။ အခုထပ်ပြီး စစ်တပ်ဘက်က အင်အားတွေ တိုးချဲ့နေတဲ့အတွက် ဒုက္ခသည်တွေ တောတောင်တွေထဲ ဆက်လက်နေထိုင်ရမယ့် အခြေအနေရှိနေတယ်လို့လည်း ဖဒိုစောတောနီးက ပြောပါတယ်။

“ဒီအတိုင်းဆိုရင်တော့ စစ်ဘေးရှောင်တွေအနေအထားက ပြန်ဖို့ အလားအလာမသေချာဘူး။ လက်ရှိပြေးလွှားနေတဲ့နေရာတွေမှာပဲ နေကြရအုန်းမယ်။ ပြန်လာလို့ မရသေးဘူး။”

ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့သလို ကော့ကရိတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေတာပါ။ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေအပါအဝင် တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေဖြစ်လာတဲ့အတွက် ကရင်ပြည်နယ်အတွင်းမှာ ဒုက္ခသည်နောက်ထပ် ၇ သောင်းလောက် တိုးလာတယ်လို့လည်း ကေအန်ယူဘက်က သတင်းထုတ်ပြန်ထားပါတယ်ရှင်။
==================

XS
SM
MD
LG