လေးကေ့ကော်ဒေသ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်
{{Zawgyi/Unicode}}
KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ထိမ်းချုပ်ရာ နယ်မြေဖြစ်တဲ့ မြဝတီခရိုင် လေးကေကော်ဒေသ နဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ပစ်ခတ်မူတွေရှိနေသလို စစ်ကောင်စီဘက်က ဒေသခံကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခန ပစ်ခတ်မူတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးသလို တချို့လည်း ထပ်ပြီးတိမ်းရှောင်လာတာတွေရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ထိမ်းချုပ်ရာ နယ်မြေဖြစ်တဲ့ မြဝတီခရိုင် လေးကေကော်ဒေသနဲ့ ကော့ကရိပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်းတပ်ဖွဲ့များအကြား အရင်ကလောက် ခပ်စိတ်စိတ် တိုက်ပွဲမဖြစ်ပေမယ့် မကြာခနပစ်ခတ်မူတွေကတော့ ရှိနေဆဲပါ။ စစ်ကောင်စီဘက်ကတော့ အမြှောက်ကုန်းတွေကနေ ရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်မူတွေကြောင့် သောင်ရင်းမြစ်အနီးက စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်ကြသေးဘူးလို့် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် စားသောက်ရေး အကူညီပေးနေသူတဦး ကပြောပြပါတယ်။
"စစ်ကောင်စီဘက်ကပေါ့နော်။ နေ့တိုင်းလက်နက်ကြီးတွေနဲ့ပစ်တယ်။ ခပ်စိတ်စိတ်ပစ်တာရှိတယ်။ နေ့ကောညကောပစ်တာရှိတယ်။ သူတို့ပစ်တဲ့နေရာက လေးကေ့ကော်၊ ထီးမယ်ဝါးခီး၊ မနေ့တုန်းကပစ်တာ၊ တောဖလူးကြီးရွာဘက်ကို လက်နက်ကြီးတွေကျတာရှိတယ် ။ ၅လုံး ၆လုံးလောက်ကျတယ်ပြောတယ်။ဒီနေ့ပဲ ဖလူးကြီးရွာဘက်က စစ်ရှောင်တွေဆီသွားလို့ ပြောပြတာပါ။မနေ့ကဆိုရင် ၆၀ မမနဲ့ ဆို အလုံး၃၀လောက်ရှိတယ်။ ၁၂၀မမနဲ့ဆို အလုံး၁၀လုံးလောက်ရှိတယ်။ ပစ်ကြတယ်ပြောတယ်။ ပစ်ကြတဲ့အခါမှ ာရွာထဲကို အရပ်ထဲကို ပြည်သူတွေရှိတဲ့နေရာတွေမှာရမ်းသန်းပစ်ကြတာဆိုတော့ ပြည်သူတွေကမပြန်ရဲကြဘူး။ဒါကတချက်ပေါ့။ နောက်တချက်ကတော့ တချို့ရွာသားတွေက သူတို့ရွာထဲကို စနည်းနာတဲ့အနေနဲ့ ပြန်ကြတယ်။ သွားကြည့်ကြတယ် ။အဲဒီလိုသွားတဲ့အချိန်ကျတော့ ရွာထဲကသူတို့အိမ်တွေမှ ာပစ္စည်းတွေမရှိကြတော့ဘူး။ ယူသွားကုန်ကြပြီ။တချို့ဆန်တွေမရှိကြတော့ဘူးဆိုတာတွေ့ ရတယ်"
နေရပ်ပြန်နေကြတဲ့ စစ်ဘေးရှောင်သူတွေဟာ ဖေဖေဝါရီလ ၁၁ရက်နေ့မှာတော့ သောင်ရင်းမြစ်အနီးကို ပြန်ရောက်လာကြတယ်လို့လည်းပြောပြပါတယ်။
"ဒီနေ့နောက်ဆုံးအခြေအနေအရ ဖလူးကြီးရွာထဲကို စစ်ကောင်စီဘက်က စစ်သားတွေအများကြီးထပ်ရောက်လာတယ်။ဆိုတော့မပြန်နိုင်ကြသေးတဲ့အပြင် ရွာထဲမှာနေလို့မရဘူး ။ တိုက်ပွဲထပ်ဖြစ်နိုင်တဲ့အတွက် ရွာထဲကဘုန်းကြီးတွေကအစ စစ်ဘေးရှောင်တဲ့နေရာတွေဆီ ထပ်ရောက်လာတာတွေ့ရတယ်"
ဖေဖော်ဝါရီလ ၉ရက်နေ့ ကတော့ ကရင်အမျိုသားအစည်းအရုံး တပ်မဟာ(၆)ထိမ်းချုပ်ရာ ကော့ကရိတ် ၊ ကျိုက်ဒုံ လမ်းပိုင်းရှိ ကြာအင်း၊တဂေးလမ်း ပိုင်းဘက်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသာလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ပစ်ခတ်မူတွေဖြစ်ပြီးနောက် ဒေသခံတွေဟာ ဘေးလွတ်ရာကို ပြန်ပြီး တိမ်းရှောင်လာခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
ကော့ကရိတ်မြို့နယ်ထဲက မြို့ဟောင်းကျေးရွာ ၊ အံဖကြီးကျေးရွာဘက် မှာတော့ နေအိမ်များကို စစ်ကောင်စီတပ်ဘက်က ဖောက်ထွင်း ဖျက်ဆီးတာတွေလုပ်ထားတဲ့အတွက် နေထိုင်ရေးနဲ့ အစားအသောက်များအတွက် အခက်အခဲရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ် ။
ကရင်ပြည်နယ် ဒူးပလာယာခရိုင် ( မြဝတီခရိုင်) လေးကေကော်နဲ့ မူတြော်ခရိုင်(ဖာပွန်ခရိုင်) သထုံခရိုင်၊ ညောင်လေးပင်ခရိုင် ဘိတ် ၊ ထားဝယ်ခရိုင်တွေမှာတော့ စစ်ကောင်စီတပ်တွေဘက်က စစ်ရေးလှုပ်ရှားမူတွေနဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မူတွေကြောင့် နယ်မြေအတွင်း စစ်ဘေးရှောင်ဒုက္ခသည်အသစ် ခုနှစ်သောင်းလောက်ထိ ရှိနေတယ်လို့ ကေအန်ယူက ဖေဖေါ်ဝါရီလ ၈ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။
........................................................................
{{Unicode}}