သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပဲြေတြေၾကာင့္ ကရင္ျပည္နယ္တြင္း ဒုကၡသည္ ၂ သိန္းေက်ာ္ရွိႏိုင္ေၾကာင္း KNU ခန္႔မွန္း


ျမန္မာစစ္တပ္ ဗံုးႀကဲတိုက္ခိုက္မႈေၾကာင့္ တိမ္းေရွာင္ေနတဲ့ စစ္ေဘးေရွာင္ကရင္ဒုကၡသည္မ်ား (ဓာတ္ပံု - KNU )

ကရင္ျပည္နယ္မွာ ျပည္တြင္းဒုကၡသည္အသစ္ ၇ ေသာင္းေလာက္ရိွေနျပီးအရင္က ဒုကၡသည္ေတြနဲ႔ဆိုရင္ ကရင္ျပည္နယ္ထဲမွာ ျပည္တြင္းဒုကၡသည္ ၂သိန္းေက်ာ္ေလာက္ရွိေနျပီလို့ ကရင္အမ်ိဳးသားအစည္းအရံုး KNU ကဆိုပါတယ္။ ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာသတင္းေပးပို့ထားပါတယ္ ။


တိုက္ပဲြေတြေၾကာင့္ ကရင္ျပည္နယ္တြင္း ဒုကၡသည္ ၂ သိန္းေက်ာ္ရွိႏိုင္ေၾကာင္း KNU ခန္႔မွန္း

{{Zawgyi/Unicode}}
ကရင္ျပည္နယ္အတြင္းမွာ ကရင္အမ်ိဳးသားအစည္းအရံုး KNU ရဲ ့တပ္ေတြျဖစ္တဲ့ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ေတြ KNDO ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ေတြနဲ့ စစ္ေကာင္စီတပ္ေတြ တိုက္ပဲြေတြေႀကာင့္ေကာ စစ္ေကာင္စီဘက္က ေလယာဥ္နဲ႔ ဗုံးႀကဲတုိက္ခိုက္မူေတြေႀကာင့္ပါ ျပည္တြင္းအုိးအိမ္မဲ့ စစ္ေဘးေရွာင္ ဒုကၡသည္အသစ္ ၇ ေသာင္းေလာက္ရိွေနျပီးအရင္က ဒုကၡသည္ေတြနဲ႔ဆိုရင္ ကရင္ျပည္နယ္ထဲမွာ ျပည္တြင္းဒုကၡသည္ ၂သိန္းေက်ာ္ေလာက္ရွိေနျပီလို့ ကရင္အမ်ိဳးသားအစည္းအရံုးကဆိုပါတယ္။ ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာသတင္းေပးပို့ထားပါတယ္ ။

ကရင္ျပည္နယ္အတြင္းမွာ ကရင္အမ်ိဳးသားအစည္းအရံုးရဲ ့တပ္ေတြျဖစ္တဲ့ KNLAကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ေတြ KNDO ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ေတြနဲ့ စစ္ေကာင္စီတပ္ေတြ တိုက္ပဲြေတြ ဆက္ျဖစ္ေနတာပါ။ ကရင္အမ်ိဳးသားအစည္းအရံုး ထိမ္းခ်ဳပ္ရာ တပ္မဟာအသီးသီးမွာ တိုက္ပဲြေတြျဖစ္ေနသလို ဖာပြန္ခရိုင္တပ္မဟာ(၅)နဲ့ ဒူးပလာယာခရိုင္တပ္မဟာ(၆)မွာ ျဖစ္ေနတဲ့တို္က္ပဲြေတြ စစ္ေကာင္စီဘက္က ေလယာဥ္နဲ့ ဗံုးႀကဲတုိက္ခိုက္မူေတြေႀကာင့္ စစ္ေဘးေရွာင္ ျပည္တြင္းအိုးအိမ္မဲ့ဒုကၡသည္အသစ္ ၇ေသာင္းေလာက္ရွိလာျပီး အခုဆိုရင္ ကရင္ျပည္နယ္ တခုလံုးမွာ စစ္ေဘးေရွာင္ဒုကၡသည္ေပါင္း ၂သိန္းေက်ာ္လာက္ရွိတယ္လို့ ကရင္အမ်ိဳးသားအစည္းအရံုးရဲ ့ႏိုင္ငံျခားေရးဌာနေျပာေရးဆိုခြင့္ရွိသူ ဖဒိုေစာေတာနီး ကအခုလိုေျပာပါတယ္။

" အဲဒါကေနာက္ထပ္ျဖစ္လာတဲ့ IDP အသစ္က ၇ ေသာင္းေလာက္အနည္းဆံုးရွိတယ္။ ေနာက္ထပ္အေဟာင္းေတြလည္း ေနရပ္ျပန္လုိ့ မရေသးတဲ့ အေနအထားမွာ ရွိတဲ့ ခရိုင္အသီးသီးကို ျပန္ႀကည့္လုိက္တဲ့အခါမွာေတာ့ ဦးေရက ၂သိန္းအထက္မွာရွိတယ္ ။ အေဟာင္းေကာ အသစ္ေကာေပါ့ "

အာဏာမသိမ္းခင္ကတည္းက ေကအန္ယူ ထိမ္းခ်ဳပ္ရာ နယ္ေျမေတြထဲမွ ာစစ္ေကာင္စီတပ္ေတြက လမ္းေတြေဖာက္လုပ္တာေတြေႀကာင့္ အိုးအိမ္မဲ့ ဒုကၡသည္ေတြရွိေနျပီး စစ္ေကာင္စီကအာဏာသိမ္းလိုက္ျပီးတဲ့ေနာက္မွာေတာ့ တိုက္ပဲြေတြ ခပ္စိတ္စိတ္ျဖစ္လာတာေႀကာင့္ အိုးအိမ္မဲ့ ျပည္တြင္း စစ္ေဘးေရွာင္ဒုကၡသည္ေတြဟာ တပ္မဟာအသီးသီးမွာရွိေနတယ္လို့လည္းဖဒိုေစာေတာနီးကေျပာပါတယ္။

" အာဏာမသိမ္းခင္ကတည္းက စစ္တပ္က လမ္းေဖာက္ဖုိ့အတြက္ တပ္မဟာ၃ကို ထုိးဖို့းခ်ထားတာ တပ္မဟာ(၃)နဲ့ တပ္မဟာ(၅)မွာ ရိွေနတယ္ ။ အဲဒီအတြက္ IDPက ေလးငါးေထာင္ေလာက္ အနည္းဆံုးရွိတယ္။ ၅ေထာင္ေလာက္ရွိတယ္။ အာဏာသိမ္းျပီးေနာက္ပုိင္းမွာ တုိက္ပဲြက ေနရာအသီးသီးမွာျဖစ္လာတယ္။ အထူးသျဖင့္ တပ္မဟာ(၅)မွာ ေလယာဥ္ေတြဗံုးႀကဲေတာ့ ေနာက္ေတာ့ သူတို့ကေသာင္းဂဏန္းထိပုိျပီးႀကီးလာတယ္။ေနာက္ဆံုး တပ္မဟာ(၆)မွာ ပုိျပီးကူးစက္လာေတာ့ အခုက တပ္မဟာ(၂)ခုကအမ်ားဆံုးျဖစ္လာတယ္ ။ ၇ ေသာင္းထိျဖစ္လာတာက အမ်ားဆံုးက တပ္မဟာ(၅) နဲ့ တပ္မဟာ(၆)က ပုိမ်ားတယ္။တပ္မဟာ(၃)ဖက္မွာလည္း ရိွတယ္ ေထာင္ဂဏန္း နဲ့ ေသာင္းဂဏန္းေလာက္ထိပဲ သိ္တ္ေတာ့မမ်ားဘူး။တျခားေနရာေတြလည္းရွိတယ္။ တပ္္မဟာ(၁)လည္ းတိုက္ပဲြေတြျပန္ျဖစ္လာေတာ့ မ်ားလာတယ္။တပ္မဟာ(၄)လည္းတိုက္ပဲြေတြ နည္းနည္းျပန္ျဖစ္လာတယ္။ အဲေတာ့ (IDP)ျပန္ထြက္လာတယ္"

အခုျပည္တြင္းအိုးအိမ္မဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြ ပုိမ်ားလာသလို စစ္ေကာင္စီတပ္ေတြ နဲ့ နယ္ျခားေစာင့္တပ္ေတြက လက္နက္ႀကီးနဲ့ပစ္တာ ေလယာဥ္နဲ့ ဗံုးႀကဲတိုက္ခုိက္မူေတြေႀကာင့္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ တလထဲမွာပဲ ကရင္ျပည္နယ္တြင္းမွာ ေဒသခံေက်းရြာသား ၁၂ဦးေသဆံုးျပီး ၃၂ ဦးထိခိုက္ဒဏ္ရာရခဲ့ေႀကာင္း ကရင္အမ်ိဳးသားအစည္းအရံုးက ဒီရက္ပိုင္းမွာပဲသတင္းထုတ္ျပန္ထားပါတယ္ရွင္။

.....................................

တိုက္႐ိုက္ လင့္ခ္


တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်တွင်း ဒုက္ခသည် ၂ သိန်းကျော်ရှိနိုင်ကြောင်း KNU ခန့်မှန်း

{{Zawgyi/Unicode}}
ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့တပ်တွေဖြစ်တဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေကြောင့်ကော စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့်ပါ ပြည်တွင်းအိုးအိမ်မဲ့ စစ်ဘေးရှောင် ဒုက္ခသည်အသစ် ၇ သောင်းလောက်ရှိနေပြီးအရင်က ဒုက္ခသည်တွေနဲ့ဆိုရင် ကရင်ပြည်နယ်ထဲမှာ ပြည်တွင်းဒုက္ခသည် ၂သိန်းကျော်လောက်ရှိနေပြီလို့ ကရင်အမျိုးသားအစည်းအရုံးကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာသတင်းပေးပို့ထားပါတယ် ။

ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့တပ်တွေဖြစ်တဲ့ KNLAကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်ရာ တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေဖြစ်နေသလို ဖာပွန်ခရိုင်တပ်မဟာ(၅)နဲ့ ဒူးပလာယာခရိုင်တပ်မဟာ(၆)မှာ ဖြစ်နေတဲ့တိုက်ပွဲတွေ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် စစ်ဘေးရှောင် ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်အသစ် ၇သောင်းလောက်ရှိလာပြီး အခုဆိုရင် ကရင်ပြည်နယ် တခုလုံးမှာ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၂သိန်းကျော်လာက်ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံးရဲ့နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး ကအခုလိုပြောပါတယ်။

" အဲဒါကနောက်ထပ်ဖြစ်လာတဲ့ IDP အသစ်က ၇ သောင်းလောက်အနည်းဆုံးရှိတယ်။ နောက်ထပ်အဟောင်းတွေလည်း နေရပ်ပြန်လို့ မရသေးတဲ့ အနေအထားမှာ ရှိတဲ့ ခရိုင်အသီးသီးကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ဦးရေက ၂သိန်းအထက်မှာရှိတယ် ။ အဟောင်းကော အသစ်ကောပေါ့ "

အာဏာမသိမ်းခင်ကတည်းက ကေအန်ယူ ထိမ်းချုပ်ရာ နယ်မြေတွေထဲမှ ာစစ်ကောင်စီတပ်တွေက လမ်းတွေဖောက်လုပ်တာတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခသည်တွေရှိနေပြီး စစ်ကောင်စီကအာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာတော့ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာတာကြောင့် အိုးအိမ်မဲ့ ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ တပ်မဟာအသီးသီးမှာရှိနေတယ်လို့လည်းဖဒိုစောတောနီးကပြောပါတယ်။

" အာဏာမသိမ်းခင်ကတည်းက စစ်တပ်က လမ်းဖောက်ဖို့အတွက် တပ်မဟာ၃ကို ထိုးဖို့းချထားတာ တပ်မဟာ(၃)နဲ့ တပ်မဟာ(၅)မှာ ရှိနေတယ် ။ အဲဒီအတွက် IDPက လေးငါးထောင်လောက် အနည်းဆုံးရှိတယ်။ ၅ထောင်လောက်ရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲက နေရာအသီးသီးမှာဖြစ်လာတယ်။ အထူးသဖြင့် တပ်မဟာ(၅)မှာ လေယာဉ်တွေဗုံးကြဲတော့ နောက်တော့ သူတို့ကသောင်းဂဏန်းထိပိုပြီးကြီးလာတယ်။နောက်ဆုံး တပ်မဟာ(၆)မှာ ပိုပြီးကူးစက်လာတော့ အခုက တပ်မဟာ(၂)ခုကအများဆုံးဖြစ်လာတယ် ။ ၇ သောင်းထိဖြစ်လာတာက အများဆုံးက တပ်မဟာ(၅) နဲ့ တပ်မဟာ(၆)က ပိုများတယ်။တပ်မဟာ(၃)ဖက်မှာလည်း ရှိတယ် ထောင်ဂဏန်း နဲ့ သောင်းဂဏန်းလောက်ထိပဲ သိတ်တော့မများဘူး။တခြားနေရာတွေလည်းရှိတယ်။ တပ်မဟာ(၁)လည် းတိုက်ပွဲတွေပြန်ဖြစ်လာတော့ များလာတယ်။တပ်မဟာ(၄)လည်းတိုက်ပွဲတွေ နည်းနည်းပြန်ဖြစ်လာတယ်။ အဲတော့ (IDP)ပြန်ထွက်လာတယ်"

အခုပြည်တွင်းအိုးအိမ်မဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ ပိုများလာသလို စစ်ကောင်စီတပ်တွေ နဲ့ နယ်ခြားစောင့်တပ်တွေက လက်နက်ကြီးနဲ့ပစ်တာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တလထဲမှာပဲ ကရင်ပြည်နယ်တွင်းမှာ ဒေသခံကျေးရွာသား ၁၂ဦးသေဆုံးပြီး ၃၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ဒီရက်ပိုင်းမှာပဲသတင်းထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG