သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလးေက့ေကာ္ေဒသ တုိက္ပဲြေတြေၾကာင့္ တိမ္းေရွာင္လာတဲ့ ဒုကၡသည္ေတြ ေနရပ္မျပန္ႏုိင္ေသး 


စစ္ေကာင္စီတပ္နဲ႔ ရင္ဆုိင္တုိက္ခုိက္ေနတဲ့ KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕။

ေလးေက့ေကာ္ေဒသ တုိက္ပဲြေတြေၾကာင့္ တိမ္းေရွာင္လာတဲ့ ဒုကၡသည္ေတြ ေနရပ္မျပန္ႏုိင္ေသး

{{Zawgyi/Unicode}}
ကရင္ျပည္နယ္ ျမဝတီခ႐ုိင္ ေလးေက့ေကာ္ေဒသက တုိက္ပဲြေတြေၾကာင့္ တိမ္းေရွာင္ခဲ့ၾကရတဲ့ ဒုကၡသည္ေတြဟာ မၾကာေသးခင္ကစလုိ႔ တုိက္ပဲြေတြ ၿငိမ္သက္လာေပမဲ့ ေနရပ္မျပန္ႏုိင္ေသးဘူးလုိ႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။ ထုိင္းႏုိင္ငံ နယ္စပ္အနီး ခုိလႈံေနရတဲ့ ဒုကၡသည္ေတြဟာ ၁ လေက်ာ္ၾကာလာခ်ိန္မွာ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနရတယ္လုိ႔လည္း ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ထုိင္းအေျခစုိက္ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ကရင္ျပည္နယ္ ျမ၀တီခရိုင္အတြင္းမွာ ျမန္မာစစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ကရင္အမ်ိဳသားကာကြယ္ေရးတပ္ ၊NUG လက္ေအာက္ခံျပည္သူ့ကာကြယ္ေရးတပ္ဖဲြ ့ေတြႀကားမွာ ျဖစ္ေနတဲ့တုိက္ပဲြေတြျငိမ္သက္သြားေပမယ့္ စစ္ေဘးေရွာင္ဒုကၡသည္ေတြဟာ ေနရပ္ရင္းကိုမျပန္ႏိုင္ေသးပဲ ေသာင္ရင္းျမစ္တေလွ်ာက္မွာ ေနထုိင္ေနႀကရစဲပါ။

စစ္ေဘးေႀကာင့္ အုိးအိမ္ေတြပ်က္ဆီးတာအျပင္ လုပ္ကိုင္စားေသာက္ဖို့အတြက္ ခက္ခဲကုန္တာ သူတို့ရြာေတြမွာ စစ္ေကာင္စီတပ္ေတြ တပ္စဲြေနရာယူထားတာေႀကာင့္ပါ ေနရပ္မျပန္ရဲႀကပဲ ေသာင္ရင္းျမစ္အနီးမွာ လူဦးေရ ၅ေထာင္ေလာက္က ေနထိုင္ေနႀကစဲလို့ ဒုကၡသည္ေတြကို စားေသာက္ေရးအကူညီေပးေနသူတဦးကေျပာျပပါတယ္။

" ေသာင္ရင္းျမစ္ကမ္းတေလွ်ာက္ မယ္ကုိကင္း တဖက္ျခမ္းမွာ ဒုကၡသည္က ၁၄၅၀ေလာက္ရိွတယ္။ သူတိုကေတာ့ ေလးေက့ေကာ္၊ ပဟိကေလာ္၊ ထီးမယ္၀ါးခီး ဖက္ေတြကေျပးလာတဲ့ ဒုကၡသည္ေတြမ်ားတယ္ ။ မင္းလက္ပံတို့ ၊ မယ့္ေထာ္သေလးဘက္မွာလည္း ဒုကၡသည္ တေထာင္ေက်ာ္ရွိတယ္။ေနာက္ျပီးေတာ့ ေက်ာက္ခက္တို ့၀ါးေလတို ့အဲဒီဘက္တေက်ာမွာလည္း ဒုကၡသည္ေတြေထာင္ဂဏန္းေလာက္ရိွႀကတယ္။ ျမစ္တေလ်ာက္မွာေတာ့ ဒုကၡသည္ ၅ေထာင္ေလာက္ရိွေနေသးတာေတြ့ရတယ္။ တိုက္ပဲြကလည္းျငိမ္ေနတယ္ ျပန္လုိ့ေတာ့ရတယ္ေပါ့ေနာ္။ ဒါေပမယ့္အုိးအိမ္ေတြ မရွိေတာ့တာ လုပ္စားကိုင္စားဖို့လည္းမလြယ္ေတာ့ေတာ္ရံုနဲ႔ေတာ့ မျပန္ရဲႀကဘူးအခုကာလမွာလုပ္စားကုိင္စားဖို့လည္းအဆင္မေျပေသးဘူး လယ္လုပ္စားဖို့လည္း
တိရိစၦာန္ေတြက မရွိေတာ့ဘူး။ မယ္ကုိ႔ကင္း ၊ဒီဘက္ကမ္းႏြားျခံထဲမွာ လာထားႀကတယ္။ တိရိစၦာန္ေတြမရွိေတာ့ဘူး။က်ဲြေတြ၊ ႏြားေတြ၊ ဆိတ္ေတြအမ်ားႀကီးပဲ"

ထိိုင္းဘက္ကျမန္မာအလုပ္သမားေတြ ျမန္မာမိသားစုေတြက ျမန္မာဘက္ျခမ္း ေသာင္ရင္းျမစ္တေလ်ာက္မွာ အခုခ်ိန္ထိ ေနထုိင္ေနတဲ့ ဒုကၡသည္ေတြကို စားေသာက္ေရး ကူညီေပးတာေတြရိွေပမယ့္ အခုတလခဲြေလာက္ႀကာတဲ့အခ်ိန္မွာေတာ့ အကူညီေပးတဲ့ အလွဴရွင္ေတြနည္းလာတာေႀကာင့္ ဒုကၡသည္ေတြအတြက္ အကူညီေတြလုိအပ္ေနတယ္လို့လည္းဆိုပါတယ္။

"ဒုကၡသည္ေတြ ေရာက္ေနတဲ့ေနရာမွာေတာ့ အခုက လွဴတဲ့အလွဴရွင္ေတြကလည္း နည္းသြားႀကျပီ။ ဒီဘက္မွာ အလွဴရွင္ေတြက မရွိသေလာက္ျဖစ္သြားျပီ။ ဒုကၡသည္ေတြက ဒီဘက္ကလွဴတဲ့ ထမင္းထုတ္ေတြကိုပဲအားကိုးရတယ္ ခ်က္ျပဳတ္စားဖို့အသီးအႏွံေတြကိုပဲေမ်ွာ္ေနရတယ္။ သူတိုက၀ယ္စားဖို့လည္းမႏိုင္ဘူး။စို္က္ပ်ိဳးစားဖို့လည္းမလြယ္ဘူး။ အခုခ်ိန္မွာ အလွဴရွင္ေတြကိုပဲ အားကိုးျပီး ေမ်ွာ္ေနရတယ္။အလွဴရွင္ေတြကလည္း မရိွသေလာက္ပဲ"

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ထိန္းခ်ဳပ္နယ္ေျမေတြမွာ လတ္တေလာ တိမ္းေရွာင္ေနရတဲ့ စစ္ေရွာင္ဦးေရ အသစ္ ၅ေသာင္းေက်ာ္ ထပ္တိုးလာေႀကာင္း KNU သတင္းနဲ႔ ျပန္ႀကားေရးဌာနက ဇန္န၀ါရီလ၁၉ ရက္ေန့က သတင္းထုတ္ျပန္ခဲ့ပါတယ္ ။ လက္ရိွမွာေတာ့ စစ္ပဲြေတြျငိမ္သက္ေနတာ ၂ပတ္ခန့္ရွိေပမယ့္ စစ္ေဘးေရွာင္ ဒုကၡသည္ေတြကေတာ့ ေနရပ္မျပန္ရဲႀကေသးသူေတြက အမ်ားအျပားရွိေနစဲ ျဖစ္ပါတယ္။

..................................

တိုက္႐ိုက္ လင့္ခ္

လေးကေ့ကော်ဒေသ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေး

{{Zawgyi/Unicode}}
ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသက တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့ကြရတဲ့ ဒုက္ခသည်တွေဟာ မကြာသေးခင်ကစလို့ တိုက်ပွဲတွေ ငြိမ်သက်လာပေမဲ့ နေရပ်မပြန်နိုင်သေးဘူးလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်အနီး ခိုလှုံနေရတဲ့ ဒုက္ခသည်တွေဟာ ၁ လကျော်ကြာလာချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုသားကာကွယ်ရေးတပ် ၊NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ ဖြစ်နေတဲ့တိုက်ပွဲတွေငြိမ်သက်သွားပေမယ့် စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ နေရပ်ရင်းကိုမပြန်နိုင်သေးပဲ သောင်ရင်းမြစ်တလျှောက်မှာ နေထိုင်နေကြရစဲပါ။

စစ်ဘေးကြောင့် အိုးအိမ်တွေပျက်ဆီးတာအပြင် လုပ်ကိုင်စားသောက်ဖို့အတွက် ခက်ခဲကုန်တာ သူတို့ရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားတာကြောင့်ပါ နေရပ်မပြန်ရဲကြပဲ သောင်ရင်းမြစ်အနီးမှာ လူဦးရေ ၅ထောင်လောက်က နေထိုင်နေကြစဲလို့ ဒုက္ခသည်တွေကို စားသောက်ရေးအကူညီပေးနေသူတဦးကပြောပြပါတယ်။

" သောင်ရင်းမြစ်ကမ်းတလျှောက် မယ်ကိုကင်း တဖက်ခြမ်းမှာ ဒုက္ခသည်က ၁၄၅၀လောက်ရှိတယ်။ သူတိုကတော့ လေးကေ့ကော်၊ ပဟိကလော်၊ ထီးမယ်ဝါးခီး ဖက်တွေကပြေးလာတဲ့ ဒုက္ခသည်တွေများတယ် ။ မင်းလက်ပံတို့ ၊ မယ့်ထော်သလေးဘက်မှာလည်း ဒုက္ခသည် တထောင်ကျော်ရှိတယ်။နောက်ပြီးတော့ ကျောက်ခက်တို့ဝါးလေတို့အဲဒီဘက်တကျောမှာလည်း ဒုက္ခသည်တွေထောင်ဂဏန်းလောက်ရှိကြတယ်။ မြစ်တလျောက်မှာတော့ ဒုက္ခသည် ၅ထောင်လောက်ရှိနေသေးတာတွေ့ရတယ်။ တိုက်ပွဲကလည်းငြိမ်နေတယ် ပြန်လို့တော့ရတယ်ပေါ့နော်။ ဒါပေမယ့်အိုးအိမ်တွေ မရှိတော့တာ လုပ်စားကိုင်စားဖို့လည်းမလွယ်တော့တော်ရုံနဲ့တော့ မပြန်ရဲကြဘူးအခုကာလမှာလုပ်စားကိုင်စားဖို့လည်းအဆင်မပြေသေးဘူး လယ်လုပ်စားဖို့လည်း
တိရိစ္ဆာန်တွေက မရှိတော့ဘူး။ မယ်ကို့ကင်း ၊ဒီဘက်ကမ်းနွားခြံထဲမှာ လာထားကြတယ်။ တိရိစ္ဆာန်တွေမရှိတော့ဘူး။ကျွဲတွေ၊ နွားတွေ၊ ဆိတ်တွေအများကြီးပဲ"

ထိုင်းဘက်ကမြန်မာအလုပ်သမားတွေ မြန်မာမိသားစုတွေက မြန်မာဘက်ခြမ်း သောင်ရင်းမြစ်တလျောက်မှာ အခုချိန်ထိ နေထိုင်နေတဲ့ ဒုက္ခသည်တွေကို စားသောက်ရေး ကူညီပေးတာတွေရှိပေမယ့် အခုတလခွဲလောက်ကြာတဲ့အချိန်မှာတော့ အကူညီပေးတဲ့ အလှူရှင်တွေနည်းလာတာကြောင့် ဒုက္ခသည်တွေအတွက် အကူညီတွေလိုအပ်နေတယ်လို့လည်းဆိုပါတယ်။

"ဒုက္ခသည်တွေ ရောက်နေတဲ့နေရာမှာတော့ အခုက လှူတဲ့အလှူရှင်တွေကလည်း နည်းသွားကြပြီ။ ဒီဘက်မှာ အလှူရှင်တွေက မရှိသလောက်ဖြစ်သွားပြီ။ ဒုက္ခသည်တွေက ဒီဘက်ကလှူတဲ့ ထမင်းထုတ်တွေကိုပဲအားကိုးရတယ် ချက်ပြုတ်စားဖို့အသီးအနှံတွေကိုပဲမျှော်နေရတယ်။ သူတိုကဝယ်စားဖို့လည်းမနိုင်ဘူး။စိုက်ပျိုးစားဖို့လည်းမလွယ်ဘူး။ အခုချိန်မှာ အလှူရှင်တွေကိုပဲ အားကိုးပြီး မျှော်နေရတယ်။အလှူရှင်တွေကလည်း မရှိသလောက်ပဲ"

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ လတ်တလော တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ အသစ် ၅သောင်းကျော် ထပ်တိုးလာကြောင်း KNU သတင်းနဲ့ ပြန်ကြားရေးဌာနက ဇန်နဝါရီလ၁၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ် ။ လက်ရှိမှာတော့ စစ်ပွဲတွေငြိမ်သက်နေတာ ၂ပတ်ခန့်ရှိပေမယ့် စစ်ဘေးရှောင် ဒုက္ခသည်တွေကတော့ နေရပ်မပြန်ရဲကြသေးသူတွေက အများအပြားရှိနေစဲ ဖြစ်ပါတယ်။

XS
SM
MD
LG