သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ပုံသတင်းထောက် ကိုအေးကျော် ဖမ်းဆီးခံရပြီး သေဆုံး


ဓာတ်ပုံသတင်းထောက် ကိုအေးကျော် ဖမ်းဆီးခံရပြီး သေဆုံး
ဓာတ်ပုံသတင်းထောက် ကိုအေးကျော် ဖမ်းဆီးခံရပြီး သေဆုံး

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ဝ ရက်နေ့က အထက်မြန်မာပြည် ဓါတ်ပုံအသင်းရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုအေးကျော် ကို စစ်ကိုင်းမြို့ နေအိမ်ကနေ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကာ နေလည်ပိုင်းမှာ သေဆုံးသွားပြီးလို့ အကြောင်းကြားခဲ့တဲ့အကြောင်း လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာန နဲ့ ရန်ကုန် ခေတ်သစ်မီဒီယာတို့မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုအေးကျော် ဖမ်းဆီးခံရပြီး သေဆုံး

{{Zawgyi/Unicode}}
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ဝ ရက်နေ့က အထက်မြန်မာပြည် ဓါတ်ပုံအသင်းရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုအေးကျော် ကို စစ်ကိုင်းမြို့ နေအိမ်ကနေ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကာ နေလည်ပိုင်းမှာ သေဆုံးသွားပြီးလို့ အကြောင်းကြားခဲ့တဲ့အကြောင်း လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာန နဲ့ ရန်ကုန် ခေတ်သစ်မီဒီယာတို့မှာ ဖော်ပြထားပါတယ်။ အဲဒီနောက် ကိုအေးကျော် ရဲ့ ရုပ်အလောင်းကို စစ်ကိုင်းမြို့ရှိ ဘာသာရေး အဆောက်အဦတခုမှာ မိသားစုက ဇူလိုင်လကုန် ၃၁ ရက်နေ့မှာ မြေမြုပ် သဂြိုလ်ခဲ့ကြောင်း လိုက်ပါအကူအညီပေးတဲ့ အိုးဘို ကျန်းမာရေး နဲ့ လူမှုကူညီရေးအသင်း ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

သူရဲ့ ရုပ်အလောင်း နံဘေး နဲ့ ကျောဖက်တွေမှာ ညိုမဲနေတဲ့ ဒဏ်ရာတွေကို တွေ့ရှိခဲ့တယ်လို့လည်း အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ် ကို ကိုးကားပြီး RFA က ထုတ်လွှင့်သွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က မြန်မာစစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကို မှတ်ချက်ပေးဖို့ အီးမေးပို့ခဲ့ပေမယ့် တစုံတရာ တုံ့ပြန်မှုကို မရရှိသေးပါဘူး။

စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဓါတ်ပုံသတင်းထောက် ကိုအေးကျော် ဟာ မနှစ် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ စတုတ္ထမြောက် သတင်းထောက်တဦးလည်းဖြစ်တယ်လို့ CPJ က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၂၁၆၇ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

...........................................


{{Zawgyi/Unicode}}




XS
SM
MD
LG