သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတင္းမွား သတင္းတု အႏၲရာယ္ၾကားက ယေန႔ေခတ္သတင္းသမားမ်ား


FILE - Maria Ressa, 2021 Nobel Peace Prize Laureate and co-founder of Rappler, testifies on 'The Assault on Freedom of Expression in Asia' during a US Senate Foreign Relations Subcommittee on East Asia, the Pacific, and International Cybersecurity hearing

ကမာၻ႔ျမန္မာ့မီဒီယာျမင္ကြင္း

"ဆိုရွယ္မီဒီယာရဲ႕ လုပ္ေဆာင္ခ်က္ ပံုသဏၭာန္ဟာ ေဒါသေတြနဲ႔ အမုန္းတရား အက်ိဳးဆက္ေတြကို ျဖစ္ေပၚေစတယ္။ အဲဒီအက်ိဳးဆက္ေတြေၾကာင့္ ကမာၻေပၚမွာ အာဏာရွင္ဆန္မႈကို လက္ခံယုံၾကည္လာမႈေတြ ျမင့္တက္လာေနတဲ့ အေျခအေနဟာ စိုးရိမ္ထိတ္လန႔္ဖြယ္ရာ ျဖစ္ေနတယ္။ "

"မလိုမုန္းထားတဲ့ မုသားေတြကို တန္ျပန္တိုက္ဖ်က္ဖို႔အတြက္ တစ္ခုတည္းေသာနည္းလမ္းဟာ လြတ္လပ္တဲ့ ဂ်ာနယ္လစ္စ္ေတြ အတူတကြ ရပ္တည္အလုပ္လုပ္ၾကဖို႔ပဲ ျဖစ္ပါတယ္" လို႔ East-West Center ရဲ႕ သတင္းစာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ဒီလိုေျပာၾကားခဲ့တာကေတာ့ မာရီယာရက္ဆာ(Maria Ressa)ပါ။ အေမရိကန္ႏိုင္ငံ ဟာဝိုင္အီျပည္နယ္ ဟိုႏိုလူလူမွာ "Connection in a Zero-Trust World” ေခါင္းစဥ္နဲ႔ ဇြန္လ၂၇ ရက္ကေန ၃၀ ရက္ေန႔အထိ ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံတကာဆိုင္ရာ မီဒီယာကြန္ဖရင့္အဖြင့္ မိန႔္ခြန္းမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ မာရီယာရက္ဆာဟာ ဖိလစ္ပိုင္ႏိုင္ငံသား၊ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ ခ်န္ပီယံတစ္ဦးျဖစ္ၿပီး၊၂၀၂၁ ခုႏွစ္ရဲ႕ ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဗယ္ဆုရွင္တစ္ဦးလည္း ျဖစ္ပါတယ္။

ႏိုင္ငံတကာ မီဒီယာကြန္ဖရင့္ တက္ေရာက္ဖို႔ ဟာဝိုင္ယီကို ေရာက္ရွိေနတဲ့ မာရီယာရက္ဆာဟာ အဖြင့္မိန႔္ခြန္း မေျပာၾကားခင္ညမွာပဲ သူဦးေဆာင္လုပ္ကိုင္ေနတဲ့ အြန္လိုင္းမီဒီယာ Rappler.com ကို ဖိလစ္ပိုင္အာဏာပိုင္ေတြက ပိတ္သိမ္းလိုက္တဲ့အေၾကာင္း သတင္းကို သူ႔ေရွ႕ေနဆီက ၾကားသိလိုက္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လတ္တေလာမွာ အနားယူသြားတဲ့ ဖိလစ္ပိုင္သမၼတ ဒူတာေတးရဲ႕ မူးယစ္ေဆးဝါးကုန္သြယ္မႈ တိုက္ဖ်က္ႏွိမ္နင္းေရးလုပ္ငန္းေတြမွာ လူေတြကိုသတ္တာ၊ ဒူတာေတးရဲ႕ အာဏာအလြဲသုံးစား လုပ္ရပ္ေတြကို ေဝဖန္ေရးသား၊ ေထာက္ျပခဲ့တာေတြေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ မာရီယာရက္ဆာဟာ သမၼတသစ္ျဖစ္လာတဲ့ အာဏာရွင္ေဟာင္း ဖာဒီနန္မားကို႔စ္ရဲ႕သား မားကို႔စ္ ဂ်ဴနီယာကိုလည္း ဆက္လက္ဆန႔္က်င္ေဝဖန္ဖို႔ ဆုံးျဖတ္ခ်က္ခ်ထားလို႔ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုေကာ္မတီကေတာ့ မာရီယာရက္ဆာဟာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ကာကြယ္ေစာင့္ေရွာက္ဖို႔ ႀကိဳးစားအားထုတ္သူ ျဖစ္တယ္။ အဲဒါဟာ ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ မရွိမျဖစ္ လိုအပ္ခ်က္ျဖစ္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ဟာဝိုင္ယီမွာ East-West Center က ဦးေဆာင္ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံတကာမီဒီယာကြန္ဖရင့္မွာ ႏိုင္ငံေပါင္း ၆၀ ေက်ာ္က ထင္ရွားတဲ့ သတင္းစာသမားေတြအပါအဝင္ သတင္းမီဒီယာသမား ၂၀၀ ေက်ာ္ လူကိုယ္တိုင္တက္ေရာက္ခဲ့ၿပီး အြန္လိုင္းကေန ၂၅၀ ဦး တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ မီဒီယာကြန္ဖရင့္မွာ သတင္းမီဒီယာ လြတ္လပ္ခြင့္နဲ႔ ၿခိမ္းေျခာက္ခံေနရတဲ့ သတင္းသမားေတြရဲ႕ လုံၿခဳံေရးဆိုင္ရာကိစၥရပ္ေတြ၊ လူထုယုံၾကည္မႈရဖို႔ မီဒီယာေတြကို ဘယ္လို ျပန္တည္ေဆာက္ၾကမလဲ၊ ကမာၻလုံးဆိုင္ရာ စိန္ေခၚမႈနဲ႔ ရင္ဆိုင္ေနရတဲ့ သတင္းမွား၊ သတင္တုေတြကိစၥနဲ႔ ရာသီဥတုေျပာင္းလဲလာမႈ အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရပါတယ္။

ဒီမီဒီယာကြန္ဖရင့္ကို ျမန္မာႏိုင္ငံက ဂ်ာနယ္လစ္စ္တခ်ိဳ႕လည္း တက္ေရာက္ခဲ့ပါတယ္။ ကြန္ဖရင့္ရဲ႕ ပထမေန႔မွာ ျမန္မာသတင္းမီဒီယာတစ္ခုျဖစ္တဲ့ မဇၥ်ိမသတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ ဦးစိုးျမင့္ကို “Journalists of Courage and Impact Award”ဆုခ်ီးျမႇင့္ခဲ့ေၾကာင္း သိရပါတယ္။ ဦးစိုးျမင့္ဟာ သတင္းမီဒီယာလြတ္လပ္ခြင့္အတြက္
အႏၲရာယ္ေတြ၊ အခက္အခဲေတြၾကားက စြမ္းစြမ္းတမံ ႀကိဳးစားေဆာင္႐ြက္ခဲ့တဲ့အတြက္ ဒီဆုကိုရရွိခဲ့တာလို႔ ဆိုပါတယ္။

ဒီညီလာခံကို ျမန္မာသတင္းမီဒီယာတစ္ခုျဖစ္တဲ့ မဇၥ်ိမသတင္းဌာနရဲ႕ အယ္ဒီတာတစ္ဦးျဖစ္သူ ေဒၚသင္းသီရိလည္း တက္ေရာက္ခဲ့ပါတယ္။ ေဒၚသင္းသီရိက ဟိုႏိုလူလူမွာ ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံတကာ မီဒီယာကြန္ဖရင့္အေၾကာင္းကို အခုလိုေျပာျပပါတယ္။

"Zero-Trust World ဆိုတဲ့ ေခါင္းစဥ္နဲ႔ က်င္းပေနတဲ့ ႏိုင္ငံတကာ သတင္းသမားညီလာခံမွာေတာ့ ကမာၻႀကီးမွာ ယုံၾကည္မႈေတြ ပိုၿပီးေလ်ာ့က်လာေနတာေတြ႕ရတယ္။ ဒီမိုကေရစီ စံခ်ိန္၊ စံၫႊန္းေတြ ေလ်ာ့က်လာတယ္။ ေနာက္တစ္ခါ သတင္းနဲ႔စာနယ္ဇင္းလုပ္ငန္းေတြမွာလည္း ထိခိုက္ေလ်ာ့ပါးလာေနတယ္။ ဒီလိုအေျခအေနဘက္ေပါင္းစုံမွာ စိတ္ခ်ယုံၾကည္ရမႈ ေလ်ာ့ပါးလာေနတာကို ေတြ႔ရတယ္။ အထူးသျဖင့္ေတာ့ သတင္းမွန္ေတြကို မသိရတာ၊ သိခြင့္မရတာ၊ သတင္းအမွန္ေတြကို သတင္းမွားေတြနဲ႔ ဖုံးျပစ္တာေတြကို သတင္းသမားေတြ ဝိုင္းၿပီးကာကြယ္ၾကဖို႔ဆိုတဲ့ တိုက္တြန္းခ်က္ေတြကို ဒီအစည္းအေဝးမွာ အဓိကေတြ႔ရပါတယ္။ ဒီညီလာခံမွာ ဒုတိယ စိတ္ဝင္စားဖို႔ အေကာင္းဆုံးကေတာ့ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ အေျခအေနေတြကိုလည္း ေဆြးေႏြးၾကပါတယ္။ ေနာက္တစ္ခုကေတာ့ ႐ုရွားအေရးေနာက္မွာ ျမန္မာ့အေရး၊ ေဟာင္ေကာင္၊ အာဖဂန္နစၥတန္စတဲ့ ႏိုင္ငံေတြမွာ ရွိတဲ့သတင္း
သမားေတြရဲ႕ လုံၿခဳံမႈ၊အကာအကြယ္မဲ့ေနတဲ့ အေျခအေနေတြကိုလည္း ဒီအစည္းအေဝးႀကီးမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးခဲ့ၾကပါတယ္။"

ဒီေန႔ကမာၻႀကီးဟာ ယုံၾကည္စိတ္ခ်ရမႈအပိုင္းေတြ အဘက္ဘက္မွာ ေလ်ာ့က်လာေနတာ ေတြ႕ၾကရမွာျဖစ္ပါတယ္။သတင္းမီဒီယာက႑၊စီးပြားေရးက႑နဲ႔ အစိုးရပိုင္းေတြမွာပါ ယုံၾကည္မႈေတြ က်ဆင္းလာေနပါတယ္။ အရည္အေသြးရွိတဲ့ ဂ်ာနယ္လစ္စ္ေတြလည္း ဆုတ္ယုတ္က်ဆင္းလာေနပါတယ္။ အြန္လိုင္းကမာၻဟာ တကယ့္လက္ရွိကမာၻကို ထိခိုက္ပ်က္စီးေစတယ္ဆိုတာကို ပထမပိုင္းမွာ လက္မခံခဲ့ၾကပါဘူး။ တရားဥပေဒျပဳသူေတြ၊ မူဝါဒခ်မွတ္သူေတြဟာ အြန္လိုင္းကမာၻနဲ႔ လက္ရွိတကယ့္ကမာၻကို ဆက္စပ္မႈမရွိတဲ့ ကမာၻႏွစ္ခုလို႔ထင္ခဲ့ၾကပါတယ္။ အြန္လိုင္းကမာၻဟာ တကယ့္အျပင္ေလာက မဟုတ္ဘူးဆိုတဲ့ လစ္လွ်ဴရႈမႈေတြေၾကာင့္ တရားဥပေဒစိုးမိုးေရးကို အားနည္းေစခဲ့ပါတယ္လို႔ ဟိုႏိုလူလူ ႏိုင္ငံတကာမီဒီယာကြန္ဖရင့္မွာ Key note speaker ျဖစ္တဲ့ မာရီယာရက္ဆာ က ေျပာၾကားခဲ့ပါတယ္။ အထူးသျဖင့္ အာဏာရွင္အစိုးရေတြဟာ သတင္းမွန္ေတြကို သတင္းမွားေတြနဲ႔ ဖုံးပစ္ခဲ့
ၾကတယ္လို႔ East-West Center သတင္းမီဒီယာမန္ေနဂ်ာရဲ႕ ေျပာၾကားခ်က္ကိုလည္း မဇၥ်ိမသတင္းမွာ ေဖာ္ျပခဲ့ပါတယ္။ ဒီလိုစိုးရိမ္စရာ အေျခအေနေတြကို တားဆီးကာကြယ္ႏိုင္ဖို႔ဆိုရင္ တစ္ဦးတစ္ေယာက္တည္းလုပ္လို႔ မရႏိုင္ပါဘူး။ လြတ္လပ္တဲ့ ဂ်ာနယ္လစ္စ္ေတြ အတူတကြ လက္တြဲလုပ္ၾကဖို႔ လိုအပ္ပါတယ္။ ကမာၻလုံးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈဟာ အေကာင္းဆုံးနည္းလမ္းပါပဲလို႔ မာရီယာက္ဆာက ဆိုေၾကာင္းပါ။

===Unicode ====

ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း

"ဆိုရှယ်မီဒီယာရဲ့ လုပ်ဆောင်ချက် ပုံသဏ္ဌာန်ဟာ ဒေါသတွေနဲ့ အမုန်းတရား အကျိုးဆက်တွေကို ဖြစ်ပေါ်စေတယ်။ အဲဒီအကျိုးဆက်တွေကြောင့် ကမ္ဘာပေါ်မှာ အာဏာရှင်ဆန်မှုကို လက်ခံယုံကြည်လာမှုတွေ မြင့်တက်လာနေတဲ့ အခြေအနေဟာ စိုးရိမ်ထိတ်လန့်ဖွယ်ရာ ဖြစ်နေတယ်။ "

"မလိုမုန်းထားတဲ့ မုသားတွေကို တန်ပြန်တိုက်ဖျက်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ လွတ်လပ်တဲ့ ဂျာနယ်လစ်စ်တွေ အတူတကွ ရပ်တည်အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်" လို့ East-West Center ရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီလိုပြောကြားခဲ့တာကတော့ မာရီယာရက်ဆာ(Maria Ressa)ပါ။ အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူမှာ "Connection in a Zero-Trust World” ခေါင်းစဉ်နဲ့ ဇွန်လ၂၇ ရက်ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာဆိုင်ရာ မီဒီယာကွန်ဖရင့်အဖွင့် မိန့်ခွန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မာရီယာရက်ဆာဟာ ဖိလစ်ပိုင်နိုင်ငံသား၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချန်ပီယံတစ်ဦးဖြစ်ပြီး၊၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ မီဒီယာကွန်ဖရင့် တက်ရောက်ဖို့ ဟာဝိုင်ယီကို ရောက်ရှိနေတဲ့ မာရီယာရက်ဆာဟာ အဖွင့်မိန့်ခွန်း မပြောကြားခင်ညမှာပဲ သူဦးဆောင်လုပ်ကိုင်နေတဲ့ အွန်လိုင်းမီဒီယာ Rappler.com ကို ဖိလစ်ပိုင်အာဏာပိုင်တွေက ပိတ်သိမ်းလိုက်တဲ့အကြောင်း သတင်းကို သူ့ရှေ့နေဆီက ကြားသိလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လတ်တလောမှာ အနားယူသွားတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းတွေမှာ လူတွေကိုသတ်တာ၊ ဒူတာတေးရဲ့ အာဏာအလွဲသုံးစား လုပ်ရပ်တွေကို ဝေဖန်ရေးသား၊ ထောက်ပြခဲ့တာတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် မာရီယာရက်ဆာဟာ သမ္မတသစ်ဖြစ်လာတဲ့ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ရဲ့သား မားကို့စ် ဂျူနီယာကိုလည်း ဆက်လက်ဆန့်ကျင်ဝေဖန်ဖို့ ဆုံးဖြတ်ချက်ချထားလို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုကော်မတီကတော့ မာရီယာရက်ဆာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးစားအားထုတ်သူ ဖြစ်တယ်။ အဲဒါဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဟာဝိုင်ယီမှာ East-West Center က ဦးဆောင်ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာမီဒီယာကွန်ဖရင့်မှာ နိုင်ငံပေါင်း ၆၀ ကျော်က ထင်ရှားတဲ့ သတင်းစာသမားတွေအပါအဝင် သတင်းမီဒီယာသမား ၂၀၀ ကျော် လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး အွန်လိုင်းကနေ ၂၅၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မီဒီယာကွန်ဖရင့်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ခြိမ်းခြောက်ခံနေရတဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ လူထုယုံကြည်မှုရဖို့ မီဒီယာတွေကို ဘယ်လို ပြန်တည်ဆောက်ကြမလဲ၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့ သတင်းမှား၊ သတင်တုတွေကိစ္စနဲ့ ရာသီဥတုပြောင်းလဲလာမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ဒီမီဒီယာကွန်ဖရင့်ကို မြန်မာနိုင်ငံက ဂျာနယ်လစ်စ်တချို့လည်း တက်ရောက်ခဲ့ပါတယ်။ ကွန်ဖရင့်ရဲ့ ပထမနေ့မှာ မြန်မာသတင်းမီဒီယာတစ်ခုဖြစ်တဲ့ မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးစိုးမြင့်ကို “Journalists of Courage and Impact Award”ဆုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ဦးစိုးမြင့်ဟာ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက်
အန္တရာယ်တွေ၊ အခက်အခဲတွေကြားက စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့တဲ့အတွက် ဒီဆုကိုရရှိခဲ့တာလို့ ဆိုပါတယ်။

ဒီညီလာခံကို မြန်မာသတင်းမီဒီယာတစ်ခုဖြစ်တဲ့ မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ ဒေါ်သင်းသီရိလည်း တက်ရောက်ခဲ့ပါတယ်။ ဒေါ်သင်းသီရိက ဟိုနိုလူလူမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ မီဒီယာကွန်ဖရင့်အကြောင်းကို အခုလိုပြောပြပါတယ်။

"Zero-Trust World ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ နိုင်ငံတကာ သတင်းသမားညီလာခံမှာတော့ ကမ္ဘာကြီးမှာ ယုံကြည်မှုတွေ ပိုပြီးလျော့ကျလာနေတာတွေ့ရတယ်။ ဒီမိုကရေစီ စံချိန်၊ စံညွှန်းတွေ လျော့ကျလာတယ်။ နောက်တစ်ခါ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းတွေမှာလည်း ထိခိုက်လျော့ပါးလာနေတယ်။ ဒီလိုအခြေအနေဘက်ပေါင်းစုံမှာ စိတ်ချယုံကြည်ရမှု လျော့ပါးလာနေတာကို တွေ့ရတယ်။ အထူးသဖြင့်တော့ သတင်းမှန်တွေကို မသိရတာ၊ သိခွင့်မရတာ၊ သတင်းအမှန်တွေကို သတင်းမှားတွေနဲ့ ဖုံးပြစ်တာတွေကို သတင်းသမားတွေ ဝိုင်းပြီးကာကွယ်ကြဖို့ဆိုတဲ့ တိုက်တွန်းချက်တွေကို ဒီအစည်းအဝေးမှာ အဓိကတွေ့ရပါတယ်။ ဒီညီလာခံမှာ ဒုတိယ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အခြေအနေတွေကိုလည်း ဆွေးနွေးကြပါတယ်။ နောက်တစ်ခုကတော့ ရုရှားအရေးနောက်မှာ မြန်မာ့အရေး၊ ဟောင်ကောင်၊ အာဖဂန်နစ္စတန်စတဲ့ နိုင်ငံတွေမှာ ရှိတဲ့သတင်း
သမားတွေရဲ့ လုံခြုံမှု၊အကာအကွယ်မဲ့နေတဲ့ အခြေအနေတွေကိုလည်း ဒီအစည်းအဝေးကြီးမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။"

ဒီနေ့ကမ္ဘာကြီးဟာ ယုံကြည်စိတ်ချရမှုအပိုင်းတွေ အဘက်ဘက်မှာ လျော့ကျလာနေတာ တွေ့ကြရမှာဖြစ်ပါတယ်။သတင်းမီဒီယာကဏ္ဍ၊စီးပွားရေးကဏ္ဍနဲ့ အစိုးရပိုင်းတွေမှာပါ ယုံကြည်မှုတွေ ကျဆင်းလာနေပါတယ်။ အရည်အသွေးရှိတဲ့ ဂျာနယ်လစ်စ်တွေလည်း ဆုတ်ယုတ်ကျဆင်းလာနေပါတယ်။ အွန်လိုင်းကမ္ဘာဟာ တကယ့်လက်ရှိကမ္ဘာကို ထိခိုက်ပျက်စီးစေတယ်ဆိုတာကို ပထမပိုင်းမှာ လက်မခံခဲ့ကြပါဘူး။ တရားဥပဒေပြုသူတွေ၊ မူဝါဒချမှတ်သူတွေဟာ အွန်လိုင်းကမ္ဘာနဲ့ လက်ရှိတကယ့်ကမ္ဘာကို ဆက်စပ်မှုမရှိတဲ့ ကမ္ဘာနှစ်ခုလို့ထင်ခဲ့ကြပါတယ်။ အွန်လိုင်းကမ္ဘာဟာ တကယ့်အပြင်လောက မဟုတ်ဘူးဆိုတဲ့ လစ်လျှူရှုမှုတွေကြောင့် တရားဥပဒေစိုးမိုးရေးကို အားနည်းစေခဲ့ပါတယ်လို့ ဟိုနိုလူလူ နိုင်ငံတကာမီဒီယာကွန်ဖရင့်မှာ Key note speaker ဖြစ်တဲ့ မာရီယာရက်ဆာ က ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် အာဏာရှင်အစိုးရတွေဟာ သတင်းမှန်တွေကို သတင်းမှားတွေနဲ့ ဖုံးပစ်ခဲ့
ကြတယ်လို့ East-West Center သတင်းမီဒီယာမန်နေဂျာရဲ့ ပြောကြားချက်ကိုလည်း မဇ္ဈိမသတင်းမှာ ဖော်ပြခဲ့ပါတယ်။ ဒီလိုစိုးရိမ်စရာ အခြေအနေတွေကို တားဆီးကာကွယ်နိုင်ဖို့ဆိုရင် တစ်ဦးတစ်ယောက်တည်းလုပ်လို့ မရနိုင်ပါဘူး။ လွတ်လပ်တဲ့ ဂျာနယ်လစ်စ်တွေ အတူတကွ လက်တွဲလုပ်ကြဖို့ လိုအပ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ အကောင်းဆုံးနည်းလမ်းပါပဲလို့ မာရီယာက်ဆာက ဆိုကြောင်းပါ။

XS
SM
MD
LG