သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် သမ္မတ၊ ကာချုပ်တို့နဲ့တွေ့


 ကိုဖီ အာနန် နှင့် သမ္မတဦးထင်ကျော် တွေ့ဆုံ
ကိုဖီ အာနန် နှင့် သမ္မတဦးထင်ကျော် တွေ့ဆုံ

မြန်မာနိုင်ငံမှာရောက်နေတဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ဥက္ကဌ ကိုဖီ အာနန်ဟာ ရခိုင်ပြည်ဘက်ကို သွားပြီးတဲ့ နောက် ဒီကနေ့မှာတော့ သမ္မတဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ သီးခြားစီတွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ပြောဆို ဆွေးနွေးပါတယ်။

ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စရပ်တခု ဖြစ်တာကြောင့် ကိုဖီ အာနန်ရဲ့ ကျွမ်းကျင်တဲ့ခေါင်းဆောင်မှုနဲ့ ပြဿနာ ကို ချဉ်းကပ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း သမ္မတဦးထင်ကျော်ကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံတာမှာတော့ ရခိုင်ပြည်နယ် ဗြိတိသျှကိုလိုနီလက်အောက် ကျသွားခဲ့တာကနေစပြီး သမိုင်းကြောင်းဖြစ်ရပ်တွေ ကိုဖီ အာနန်ကို ရှင်းပြပါတယ်။

မစ္စတာ ကိုဖီ အာနန်ဘက်ကလည်း ကော်မရှင်အနေနဲ့ လူထုသဘောထားတွေ တောင်းခံတာမှာ လိုအပ်ချက်တွေကို ရှင်းရှင်း လင်းလင်း သိလိုတဲ့အကြောင်း၊ ကော်မရှင်အနေနဲ့ အခုကိစ္စမှာ ဆုံးဖြတ်ချက်ပေးမှာမဟုတ်ဘဲ သက်ဆိုင်သူတွေ၊ နှစ်ဖက် အသိုက်အဝန်းတွေနဲ့ တွေ့ဆုံပြီးတော့ လေ့လာသုံးသပ်ပြီး အကြံပေးတာ၊ အကြံပြုတာကိုပဲ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း စသည်ဖြင့် အခုတွေ့ဆုံပွဲတွေအတွင်း ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ကို မကြာသေးခင်က ပဲ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကော်မရှင်မှာ နိုင်ငံခြားသားတွေ ပါနေတဲ့အပေါ် ကန့်ကွက် ပြောဆိုတာတွေ ရှိထားတာပါ။ ကော်မရှင် ကိုပြန်ဖွဲ့ဖို့ မကြာသေးခင်က လွှတ်တော်မှာတင်တဲ့ အဆိုကတော့ မဲခွဲဆုံးဖြတ်တာမှာ မအောင်မြင်ခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG