သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းအမှု နိုင်ငံခြားသက်သေခေါ်ဖို့ မြန်မာရှေ့နေများကြိုးပမ်း


ဗြိတိသျှလူငယ်၂ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွေ့ပြောင်း လူငယ်၂ဦးရဲ့ အယူခံကို ထိုင်းဗဟို တရားရုံးချုပ် တင်ပြတဲ့ အခါမှာ နိုင်ငံခြားသားသက်သေ၂ဦး ကို ခေါ်ယူပေးဖို့ အချက်ကို ရုံးတော်ရဲ့ ခွင့်ပြုချက်ရမယ်ဆိုရင် တောင်းဆိုသွားမယ်လို့ မြန်မာသံရုံး ကိုယ်စားပြုရှေ့နေကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာကသတင်း ပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက အပမ်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွား ၂ဦးဟာ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာ ကျွန်းပေါ်မှာပဲ သတ်ဖြတ်ခံရတာပါ။ ဒီအတွက် မြန်မာလူငယ် ၂ဦးကို ထိုင်းအာဏာပိုင်တွေက လူသတ်မူ၊ မုဒိမ်းမူ၊ တရားမဝင် ဝင်ရောက်မူစတဲ့ အမူ၇မူ နဲ့ စွပ်စွဲထားပြီး ကေ့ာစမွေအကျဉ်းထောင်မှာ ထိန်းသိမ်း ထားပါတယ်။အဲဒီထိန်းသိမ်း ထားစဉ်ကာလတွေ အတွင်းမှာ တရာခံဘက်က အကျိုးဆောင်ရှေ့နေတွေက နိုင်ငံခြားသား ၂ဦးကို သက်သေ အဖြစ်ထွက်ဆိုခွင့်ပြုဖို့ တင်ပြခဲ့ပေမဲ့ ကော့စမွေတရားရုံးမှာကော အယူခံ တရားရုံးမှာပါ ပယ်ချခံခဲ့ရတာပါ ။ အခုဗဟိုတရားရုံးချုပ်က ခွင်ြ့ပုမယ်ဆိုရင်တော့ ဒီအမူနဲ့ ပတ်သက်လို့သိရှိ နိုင်တယ် လို့ယူဆရတဲ့ နိုင်ငံခြားသား ၂ဦးကို သက်သေအဖြစ်ခေါ်ယူချင်တယ်လို့ မြန်မာသံရုံးကို ကိုယ်စားပြုပြီး တရားခံတွေဘက်နေ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေဦးအောင်မျိုးသန့် ကပြောပါတယ်။

“Sean နဲ့ Christopher အဲဒီ၂ယောက်ပါ ဒါကိုတော့ အန်ကယ်တို့ မူလတရားရုံးကနေ သက်သေ၂ ယောက်အဖြစ်နဲ့ တင်ပေးဖို့ဆိုပြီးတော့ အန်ကယ်တို့ ကော့စမွေတရားရုံးမှာပြောခဲ့ပါတယ်။ဒါပေမယ့် တရားရုံးက အဲဒါကို ခွင့်မပြုခဲ့ဘူး။ အယူခံမှာလည်းပြောတယ် ခွင့်မပြုဘူး သို့သော် နောက်ဆုံးအခုလိုအဆင့်မြင့်တရားရုံးမှာမှ ရုံးတော်က ခွင့်ပြုတယ်ဆိုရင် ရုံးတော်ရဲ့သဘောအတိုင်းဆက်ပြီးတော့ ဆောင်ရွက်ရမှာပါ။ အဓိကတော့ ရုံးတော်ခွင့်ပြုချက်ရဖို့လိုပါတယ်။”

နိုင်ငံခြားသား ၂ဦးအနက် တဦးကတော့ သေဆုံးသူရဲ့ မိတ်ဆွေဖြစ်ပြီး နောက်တဦးကတော့ အဲဒီကျွန်းက ကျွန်းသူကြီးပိုင်တဲ့ AC ဘားမှာ ဂီတာတီးပြီး အလုပ်လုပ်နေသူ တဦးဖြစ်ပါတယ်။ သူတိုဟာ ဗြိတိန်နိုင်ငံသား ၂ဦး သတ်ဖြတ်ခံရတဲ့နောက်တနေ့မှာပဲ ကျွန်းကနေ ထွက်ခွါခဲ့ကြသူများ ဖြစ်ပါတယ် ။ သူတို့ကို ထိုင်းရဲက မေးမြန်းစုံစမ်းမူ အနည်းငယ်လုပ်ခဲ့ပေမဲ့ သူတို့ဟာ လူသတ်မူနဲ့ မသက်ဆိုင်ဘူးဆိုပြီး ပြန်ခွင့်ပေးခဲ့တာဖြစ်ပါတယ် ။

အဲဒီအချိန်တုန်းက တဦးကတော့ သူရဲအခန်းမှာသွေးစွန်းနေတဲ့အဝတ်အစားတွေ ရှိနေပြီး နောက်တဦး ကတော့ သေဆုံးသူတိုက်ခိုက်ခံရတဲ့ ဒဏ်ရာဒဏ်ချက်မျိုးတွေကို သူ့ခန္ဓာကိုယ်မှာတွေ့ရှိခဲ့တာပါ ။

သူတို့တွေကို သက်သေအဖြစ်ခေါ်ယူခွင့်ရခဲ့မယ်ဆိုရင် သက်ဆိုင်ရာသံရုံးတွေ ကနေတဆင့်ခေါ်ယူ သွားမှာဖြစ်တယ်လို့လည်း ပြောပြပါတယ်။

“အဲဒါဆိုရင်တော့ အန်ကယ်တို့က သံရုံးချင်းဆက်သွယ်ပြီးတော့ လာပြီးတော့ သက်သေခံဖို့အတွက် ဆက်ဆောင်ရွက်မှာပါ။”

တရားလိုပြသက်သေ ၆၀ကျော်တင်ပြထားမူတွေ ထဲက ၃၅ဦးခန့် ကို စစ်ဆေး မေးမြန်းခဲ့တာဖြစ်ပါတယ်။ တရားခံဘက်က အကျိုးဆောင်ရှေ့နေတွေအဖြစ် ထိုင်းရှေနေများကောင်စီက လူအခွင့်ရေးရှေ့နေတွေက အမူကို လိုက်ပေးခဲ့တာပါ။ တရားခံဘက်က သက်သေတွေကတော့ ခေါ်ယူမေးမြန်းနိုင်တာမျိုး အနည်းငယ်သာရှိခဲ့ပြီး တချိုကတော့မြန်မာပြည်ကို အပြီး ပြန်သွားကြသူတွေလည်းရှိပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှု ဖြစ်ပွား ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာတော့ လူသတ်မှုနဲ့ တရားစွဲဆို ခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ၂၀၁၅ ခုနှစ်ကုန်မှာ ထိုင်းနိုင်ငံကောစမွေ တရားရုံးကနေ အမူ ၇ မှုနဲ့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG