သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကျွန်းဆွယ် စစ်ပွဲ ၆၇ နှစ်ပြည့်


ကိုရီးယားကျွန်းဆွယ် စစ်ပွဲ ၆၇ နှစ်ပြည့်
ကိုရီးယားကျွန်းဆွယ် စစ်ပွဲ ၆၇ နှစ်ပြည့်

တောင်ကိုရီးယားဝန်ကြီးချုပ် က မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်နေတဲ့အစီအစဉ်ကို ရပ်ဆိုင်းဖို့ ဒီကနေ့တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အထိန်းသိမ်းခံ တောင်ကိုရီးယားနဲ့ အမေရိကန်တွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။

ကိုရီးယားစစ်ပွဲ စတင်တဲ့ ၆၇ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့အခမ်းအနား အဖွင့်မိန့်ခွန်းအတွင်း ဝန်ကြီးချုပ် Lee Nak-yon အခုလို ပြောလိုက်တာပါ။ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းက ကင်အီဆွန်း ရင်ပြင်မှာလည်း ကိုရီးယားစစ်ပွဲစတင်တဲ့ အထိမ်းအမှတ်အနေနဲ့ လူထုအင်အားပြ ချီတက်ပွဲကျင်းပခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်တဲ့ ဗီဒီယိုထဲမှာ အဆင့်မြင့်ခေါင်းဆောင်တွေပါဝင်တဲ့ လူထောင်ပေါင်းများစွာကို တွေ့ရပေမယ့် ဒီဗီဒီယိုနဲ့ ပါတ်သက်ပြီး သေသေချာချာ အတည်မပြုနိုင်သေးဘူးလို့ ရိုက်တာကပြောပါတယ်။

၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့က ကွန်မြူနစ် မြောက်ကိုရီးယားအစိုးရဟာ တောင်ကိုရီးယားနိုင်ငံဘက်ကို လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်နဲ့ ဆိုဗီယက်တို့ ကျောထောက်နောက်ခံပေးထားတဲ့ မြောက်ကိုရီးယားတပ်တွေနဲ့ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့ရာမှာ အရပ်သားနဲ့ စစ်သား ၃ သန်းလောက်သေဆုံးပြီး ၅ သန်းလောက် ဒုက္ခသည်တွေ ဖြစ်လာပါတယ်။

မြောက်နဲ့ တောင်ကိုရီးယားနိုင်ငံတွေဟာ တရားဝင်ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးတားမျိုး မရှိသေးဘဲ အပစ်အခတ်ရပ်စဲထားတာသာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG