သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက်လိုအပ်မှု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးသစ်စဉ်းစား


 မြောက်ကိုရီးယားဘက်မှာ ဒုံးကျည်အမြောက်အများပစ်လွှတ်နေပုံကို မြို့တော် ဆိုးလ် ဘူတာရုံက ရုပ်သံမှာ ပြသထားစဥ်။ (ဧပြီ ၂၃၊ ၂၀၂၄)
မြောက်ကိုရီးယားဘက်မှာ ဒုံးကျည်အမြောက်အများပစ်လွှတ်နေပုံကို မြို့တော် ဆိုးလ် ဘူတာရုံက ရုပ်သံမှာ ပြသထားစဥ်။ (ဧပြီ ၂၃၊ ၂၀၂၄)

တောင်ကိုရီးယားနိုင်ငံမှာ နျူကလီးယားလက်နက်ထုတ်မှာမဟုတ်ဘူးလို့ သမ္မတ Yoon Suk Yeol ကတိပြုပြီး နှစ်နှစ်မပြည့်ခင်မှာပဲ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးအသစ်က အဲဒီရပ်တည်ချက်ကို ပြန်လည်စဉ်းစားဖို့ လူသိရှင်ကြားပြောလာပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ Kim Yong-hyun က နျူကလီးယားလက်နက်တပ်ဆင်ရေးဆိုတဲ့ တားမြစ်ထားခဲ့တဲ့ အယူအဆတွေပြန်လည်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားအစီအစဥ်တွေ အလျင်အမြန်တိုးချဲ့လာတဲ့အပေါ် တောင်ကိုးရီးယားမှာစိုးရိမ်မှုတွေတိုးလာနေပြီး ကာကွယ်ရေးအတွက်လည်း အမေရိကန်နိုင်ငံကို ရေရှည် အားကိုးနေရတာဖြစ်ပါတယ်။မြောက်ကိုရီးယားကို တန်ပြန်နိုင်ဖို့ တောင်ကိုရီးယားဘက်က နျူကလီးယားလက်နက် လိုကောင်းလိုနိုင်တယ်ဆိုပြီးတပ်မတော်အငြိမ်းစားအရာရှိ Kim က ရေရှည် ရှုမြင်ထားတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ကဆွေးနွေးပွဲက ဗီဒီယိုဖိုင်တခုမှာတော့ မြောက်ကိုရီးယားကို အဟန့်အတားဖြစ်စေမယ့် လက်နက်မျိုးသာမရှိရင် တောင်ကိုရီးယားအတွက် အနာဂတ်လည်းရှိမှာမဟုတ် ဘူးလို့ Kim ကပြောဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့တပတ်ကကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုကြားနာပွဲမှာတော့ သူ့ရဲ့ မှတ်ချက်စကားနဲ့ပတ်သက်လို့ Kim က အခိုင်အမာရပ်တည်ခဲ့တာပါ။ အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေနဲ့တင် မလုံလောက်ဘူးဆိုရင်တော့ ဖြစ်နိုင်ခြေအားလုံးကို တံခါးဖွင့်ထားဖို့လိုတယ်လို့လည်း Kim ကပြောဆိုခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်ထုတ်လုပ်နိုင် ခြေနဲ့ပတ်သက်လို့ လက်ရှိကာကွယ်ရေးဝန်ကြီးတဦးရဲ့ ပထမဆုံးလူသိရှင်ကြားပြောဆိုမှုလည်းဖြစ်ပါတယ်။

အရင်ကာကွယ်ရေးဝန်ကြီးကတော့ နျူကလီးယားလက်နက်ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ ဘယ်လိုတင်ပြချက်မျိုးကိုမဆို ခိုင်မာစွာ အကြိမ်ကြိမ် ပယ်ချခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG