သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မြေပြိုမှု လူ ၁၂ ဦးထက်မနည်း သေဆုံး


ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ဒီကနေ့ အကြီးအကျယ် မြေပြိုမှုတွေ ကြုံခဲ့ရာက ဒါဇင်နဲ့ချီတဲ့အိမ်တွေ မြေအောက်မြုပ်ခဲ့ပြီး လူ ၁၂ ယောက် ထက်မနည်းလည်း သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ နောက်ဆုံးကြုံခဲ့ရတဲ့ သဘာဝကပ်ဘေးဒဏ်အဖြစ်၊ Cebu ကျွန်းပေါ်က Naga မြို့မှာ ဒီနေ့မနက်ပိုင်းက မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။

ရက်အတော်ကြာ မုတ်သုန်မိုး အပြင်းအထန် ရွာသွန်းရာက တောင်စောင်းတွေပြိုကျပြီး တန်နဲ့ချီတဲ့ ရွှံ့မြေတွေ၊ ကျောက်တုံးကျောက်ခဲတွေ အိမ်တွေပေါ် ပိကျခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း ၅၀ လောက်အထိ ပျောက်ဆုံးနေပြီး၊ ပြိုကျခဲ့တဲ့ အပျက်အစီးတွေအောက် ပိတ်မိနေနိုင်တဲ့အတွက်လည်း အာဏာပိုင်တွေ စိုးရိမ်နေကြတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ Mangkhut တိုင်ဖွန်းမုန်တိုင်းကြောင့် Luzon ကျွန်းမှာ အကြီးအကျယ် မြေပြိုကျမှုတွေ ကြုံခဲ့ရပြီးနောက် ပြန်လည်နာလန်ထူဖို့ ကြိုးပမ်းနေချိန်မှာပဲ အခုနောက်ထပ် မတော်တဆမှုနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။ Luzon ကျွန်း တာဝန်ရှိသူတွေကတော့ သေဆုံးသူ ၈၈ ယောက်အထိ ရှိခဲ့ကြောင်း အတည်ပြုခဲ့တာပါ။ သေဆုံးအများစုဟာ ဝတ်ပြုရာအဆောက်အဦးတခုမှာ မုန်တိုင်းအန္တရာယ်ကို တိမ်းရှောင်ခဲ့ကြတဲ့ သတ္ထုတွင်းလုပ်သားတွေနဲ့ မိသားစုဝင်တွေ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG