သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံ အစည်းအဝေးမှာ ဆွေးနွေးဖွယ်ရှိ


လာအိုနိုင်ငံ Luang Prabang မြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း တွေ့ရတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)
လာအိုနိုင်ငံ Luang Prabang မြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း တွေ့ရတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)

ဒီသီတင်းပတ်ထဲ လာအိုနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးမှာ မြန်မာ့အရေး အပါအဝင် ဒေသတွင်း ကိစ္စတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဗီယင်ကျန်းမြို့တော်မှာ ဇူလိုင်လ ၂၅ ရက်နေ့ကနေ စတင်မယ့် ၃ ရက်ကြာ ဆွေးနွေးပွဲမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တရုတ်နဲ့ အမေရိကန်က ထိပ်တန်း သံတမန် တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း အာဆီယံ အစည်းအဝေးကို တက်ရောက်ပြီး မြန်မာ့အကျပ်အတည်းအပါအဝင် ကိစ္စရပ်အတော်များများကို အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ့်အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့လည်း တွေ့ဆုံသွားဖို့ရှိကြောင်းအမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မြန်မာစစ်ကောင်စီကတော့ အစည်းအဝေးတက်ရောက်ဖို့အတွက် အကြီးတန်းအရာရှိတဦးကို စေလွှတ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက်တွေ ချမှတ်ထားပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ကောင်စီ ကိုယ်စားပြုသူတွေကို အာဆီယံနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ထိပ်ပိုင်းအရာရှိတဦးကတော့ လာအိုနိုင်ငံမှာ လုပ်မယ့်အစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သဘောတူထောက်ခံသလို၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့လည်း ထိတွေ့ဆက်ဆံသွားမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာ့အရေး အာဆီယံ အစည်းအဝေးမှာ ဆွေးနွေးဖွယ်ရှိ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG