သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်း ဒေသခံတွေနှင့် ရဲ ကြား တင်းမာမှှုတိုး


ဇွန်လ၆ရက်နေ့ မနက်ပိုင်း က လက်ပံတောင်းတောင် ဒေသခံတွေနဲ့ ရဲတွေကြား တင်းမာမူတွေ ဖြစ်ခဲ့ပါတယ်။ ဓါတ်ပုံ - Courtesy Photo
ဇွန်လ၆ရက်နေ့ မနက်ပိုင်း က လက်ပံတောင်းတောင် ဒေသခံတွေနဲ့ ရဲတွေကြား တင်းမာမူတွေ ဖြစ်ခဲ့ပါတယ်။ ဓါတ်ပုံ - Courtesy Photo

ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ကြုံနေရဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင် ခရိုင်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဇွန်လ၆ရက်နေ့ မနက်ပိုင်း က စပြီး လျော်ကြေးမယူထားတဲ့ ဒေသခံတွေရဲ့မြေယာတွေ ပေါ်ကို စွန့်ပစ်မြေစာတွေ လာရောက် ပုံတာကြောင့် လက်နက်ကိုင်ထားတဲ့ ရဲတွေနဲ့ ဒေသခံတွေကြား တင်းမာမူတွေ ဖြစ်ခဲ့ပါတယ်။ မအေးမာက သတင်းပေးပို့ ထားပါတယ်။

မေလ ၅ရက်နေ့က စတင်ပြီး ကြေးနီ စထုတ်မယ် လို့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ကြေငြာခဲ့ပြီးတဲ့ နောက်မှာ လက်ပံတောင်း ဒေသခံတွေက ကန့်ကွက်မူတွေ ဆက်တိုက် လုပ်လာ တာပါ။ အခု အခါမှာ တော့ ကြေးနီ စီမံကိန်းက မြေစာပုံတွေကို လာရောက်မပုံဖို့ နစ်နာကြေး မယူထား တဲ့ ဒေသခံတွေက တားမြစ်ရာကနေ ဒေသခံတွေနဲ့ လုံခြုံရေး ရဲတွေကြားမှာ ဒီကနေ့ မနက်မှာ တင်းမာမူဖြစ်ခဲ့ပါတယ်။

”ကျုပ်တို့ကတော့ ဒီမှာ လာပြီး ပုံနေသမျှ ကျုပ်တို့က မခံဘူးလို့ မြဲမြဲ မှတ်ထားကြ။ သားသမီးချင်း စာနာမှုရှိရင် ရွာသူရွာသားတွေ ထွက်လာတဲ့ အချိန်ကို ဝင်ပြီး တားမပေးပါနဲ့။ ဟောဒီ တောင်ကြီး ကျောက်ခံတွေကို ရေမြောင်းထဲကို ပုံတာကို လုံး၀ လက်မခံနိုင်ပါဘူး။”

ရဲတွေဟာ ဒေသခံတွေ ကြားမှာ အရင်တုန်းက ပစ်ခတ်မူတွေ ဖြစ်တဲ့အထိ တင်းမာခဲ့ဘူးပါတယ်။ ဒီနေ့ မနက်မှာတော့ လူထုနဲ့ ရဲအင်အားတွေ ထိပ်တိုက် တင်းမာမူ ဖြစ်ခဲ့တဲ့ အခြေအနေကို လက်ပံတောင်းတောင် စမ်းမြဝတီ ကျောင်းတိုက်က ဆရာတော် ဦးအာလောကက အခုလိုမိန့် ပါတယ်။

“ရဲတွေကတော့ အဲဒီ ဒိုင်းကာတွေ ပါတယ်။ ဘက်နက်ပေါ့။ လက်ထိပ်တွေ ပါတယ်။ ဘက်နက်တွေ ပါတယ်ပေါ့ဗျာ။ ဖမ်းတာဆီးတာမျိုးတော့ မလုပ်ဘူး။ တားတာဆီးတာတော့ လုပ်တယ်ပေါ့ဗျာ။ သူတို့လုပ်ထားတဲ့ တာဘောင်ပေါ်ကို လာပြီးတော့ လမ်းခင်းဖို့ အတွက် တောင်ကြီးကထွက်တဲ့ ခေါင်းပေါင်းစတွေ လာပုံတယ်။ ဒါကို ဒေသခံတွေက လျော်ကြေး ထုတ်ယူမထားသေးဘူး။ အဲဒီအတွက် မလုပ်ဖို့ အတွက် တားတဲ့အခါမှာ လုံထိန်းတွေနဲ့ ထိပ်တိုက် တွေ့တယ်ပေါ့ဗျာ။ အဲဒီလို ထိပ်တိုက်တွေ့တဲ့ ချိန်အခါမှာ လျှော်ကြေး ယူမထားတာကို လုပ်တဲ့အတွက်မခံနိုင်တဲ့အတွက် ဖမ်းမယ်ဆိုလဲ ဖမ်းပါ ဆိုပြီးတော့ လူထုတွေက အဖမ်းခိုင်းတယ်။ သူတို့က အရင်တုန်း ကလဲ ဒီ ဘောင်တွေ လုပ်ထားတာပေါ့ဗျာ။ လူတွေ ဝင်မရအောင်လို့ တာကျင်းကြီးတွေ တူးပြီးတော့ ဘောင်တွေ လုပ်ထားတယ်။ အဲဒီဘောင်တွေပေါ်ကို ဒီ စီမံကိန်း ကြီးပေါ့ဗျာ။ပတ်ပတ်ပြီးတော့ လုပ်ငန်းသွားတို့ သွားတဲ့ ကားမျိုးတို့၊ သူတို့ ပတ်ပြီး စီးတဲ့ ကားတွေ သွားလို့ ရအောင် ထပ်ပြီးတော့ လမ်းတွေ လုပ်တယ်ပေါ့။ အဲဒီအတွက် လူထုက ဒါတွေ မလုပ်ဖို့ ထွက်ပြီး တားတဲ့အခါကနေ ပြီးတော့ ဖြစ်လာတာပါ။”

ပြီးခဲ့တဲ့ လတွေတုန်းကလည်း လုံခြုံရေး စောင့်သူတွေနဲ့ ဒေသခံတွေကြား တင်းမာမူတွေ နေ့ဆက်၊ ရက်ဆက်ဖြစ်လာခဲ့ပါတယ်။ စီမံကိန်း မြန်မာဝမ်ပေါင်ကုမ္ပဏီ ဆိုဒ်ထဲထိ အတင်းတိုးဝင်ပြီး သူတို့ ဆိုင်းဘုတ်တွေကို ဆေးနီတွေ ပက်ဖြန်းပြီး စီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြကြ ပါတယ်။မြေယာတွေသိမ်းထားတဲ့အတွက် လူထုဟာ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲ ဖြစ်နေကြပြီး ကလေးတွေလည်း ကျောင်းမထားနိုင်တဲ့ အခြေအနှေရှိနေတယ်လို့ ပြောပါတယ်။

အစိုရသစ်လက်ထက်မှာ ပွင်းလင်းမြင်သားမူရှိဖို့ နဲ့ ဒေသခံတွေ သဘောမတူပဲ ဒီစီမံကိန်းကို မလုပ်ဖို့ မြေယာတွေသိမ်း လုပ်နေတဲ့ စီမံကိန်းကို ကန့်ကွက်မူအရှိန် က တစထက်တစ မြင့်တက်လာပေမဲ့ ကုမ္ပဏီတွေဘက်က ညှိနှိုင်းဆွေးနွေးမူတွေ မရှိတဲ့အတွက် တင်းမာမူတွေ ဆက်ဖြစ်နေတာပါ။ ပြီးခဲ့တဲ့လတွေ တုန်းကတော့ လက်ပံတောင်းတောင် ဆားလင်းကြီးမြိုနယ်က လွတ်တော် ကိုယ်စားလှယ်တွေ လာရောက်ပြီး လက်ပံတောင်းအရေးကို အရေးကြီးအဆိုအဖြစ် လွတ်တော်မှာ တင်ပြမှဖြစ်တယ်လို့ VOA က ဆက်သွယ် မေးမြန်း စဉ်မှာ ပြောဆိုထား တာပါ။ ဒေသခံတွေ ကတော့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် နဲ့တွေ့ဆုံဖို့လည်း တောင်းဆို ထားပါတယ်။ အခုချိန်ထိတော့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ တွေဆုံခွင့် မရသေးဘူးလို့ဒေသခံတွေက ဆိုပါတယ်။

လယ်မြေပြန်ရရေးအတွက် အကြိမ်ပေါင်း ၂၉၀ထက်မနည်း ဆန္ဒပြခဲ့တဲ့ လက်ပံတောင်း ဒေသခံတွေဟာ အစိုးသစ်လက်ထက်အထိ သူတို့မြေယာ ပြန်ရရေးကိုသာ တောင်းဆိုသွားမယ် ဆိုပြီး ပြောဆိုထားတာပါ။ မြန်မာဝမ်ပေါင် ကုမ္ပဏီကတော့ မြန်မာအစိုးရ ထံကနေ ၂၀၁၃-ခုနှစ် တုန်းက စာချုပ်အသစ် ချုပ်ထားပြီး ဌားရမ်းထား တာဖြစ်လို့ မြေယာ ပြဿ နာ တွေဟာ အစိုးရနဲ့သာ သက်ဆိုင်တယ် လို့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ က VOA က ဆက်သွယ် မေးမြန်းစဉ်မှာ ပြောဆိုထားပါတယ်။

ကန့့်ကွက် ဆန္ဒပြမူတွေ အများအပြား ကြုံနေရတဲ့ စီမံကိန်းဟာ သေနတ်တွေ ပစ်ခတ်တဲ့အထိနဲ့ လူသတ်မူတွေ ဖြစ်တဲ့အထိ ပြသနာတွေလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ် တုန်းကတော့ စီမံကိန်းကို ကန့်ကွက် ဆန္ဒပြ သူတွေကို နှိမ်နင်းခဲ့တာကြောင့် သံဃာအပါး ၁၀၀ခန့်ဟာ မီးလောင် ဒဏ်ရာတွေ ရခဲ့တာပါ။ ဒီအတွက် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ စုံစမ်း စစ်ရေး ကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ပြီး အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

ဒီစီမံကိန်းကို အရင်တုန်းကတော့ ကုမ္ပဏီ ၂ခုဖြစ်တဲ့ မြန်မာဝမ်ပေါင်း ကုမ္ပဏီနဲ့ မြန်မာ့စီးပွာရေး ဦးပိုင်ကုမ္ပဏီလိမီတက် တို့က သာ အကျိုးအမြတ် ခွဲဝေယူခဲ့ပြီး အစီရင်ခံစာ ထွက်အပြီးမှာတော့ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်က ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ် ခွဲဝေယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG