သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေတပ်အတွက် လက်နက် မရောင်းချခဲ့ကြောင်း Leonardo ကုမ္ပဏီ ငြင်းဆို


ဘင်္ဂလားပင်လယ်အော်တွင် တွေ့ရသည့် မြန်မာရေတပ်သင်္ဘောတစီး (မေ ၃၁၊ ၂၀၁၅)
ဘင်္ဂလားပင်လယ်အော်တွင် တွေ့ရသည့် မြန်မာရေတပ်သင်္ဘောတစီး (မေ ၃၁၊ ၂၀၁၅)

အီတလီနိုင်ငံအခြေစိုက် လေကြောင်း၊ ရေကြောင်းကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြင့် နည်းပညာကုမ္ပဏီ Leonardo က မြန်မာရေတပ်အတွက် လက်နက်ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပါတယ်။

အီတလီမှာနေ့စဉ်ထုတ် Il Manifesto သတင်းစာ၊ Asian Defense နဲ့ James ကာကွယ်ရေးဆိုင်ရာ ဂျာနယ်တွေမှာ ဖော်ပြခဲ့ကြတဲ့ ၇၆ မီလီမီတာ စစ်သင်္ဘောတပ် စက်အမြောက် OTO Melara 76/62 တွေကို ရောင်းချခဲ့တယ်ဆိုတဲ့အချက်ဟာ မမှန်ကန်ဘူးလို့ Leonardo ကုမ္ပဏီက ဇန်နဝါရီ ၁၅ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် ငြင်းဆန်ခဲ့ပါတယ်။ မြန်မာစစ်တပ်ကို ၇၆ မီလီမီတာ OTO Melara အမြောက်တွေကို တိုက်ရိုက်မရောင်းခဲ့သလို တဆင့်ခံလည်းမရောင်းခဲ့ဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ခဲ့တဲ့ ၁၉၉၆ ခုနှစ် မတိုင်ခင်ကလည်း မရောင်းခဲ့ဖူးဘူးလို့ ပြောပါတယ်။

အမြောက်တွေသာမက တခြားကာကွယ်ရေး နည်းပညာတွေကိုလည်း မြန်မာစစ်တပ်ကို ရောင်းချ ခဲ့ခြင်းမရှိဘူးလို့ Leonardo ကုမ္ပဏီက ငြင်းပါတယ်။ ၇၆ မီလီမီတာ OTO Melara အမြောက်တွေ ထုတ်လုပ်ဖို့ Leonardo ကုမ္ပဏီနဲ့ လိုင်စင်သဘောတူထားတဲ့ BHEL ကုမ္ပဏီကလည်း မြန်မာရေတပ် အတွက် 76/62 စက်အမြောက် ဘယ်တုန်းကမှ မပို့ပေးဖူးဘူးလို့ ဇန်နဝါရီ ၉ ရက်က တရားဝင် တုံ့ပြန်ခဲ့ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

Leonardo ကုမ္ပဏီရဲ့ အထူး သတိထားရမယ့်စာရင်းမှာ မြန်မာနိုင်ငံပါဝင်နေတာကြောင့် အရပ်ဘက် ကုန်ပစ္စည်းတွေအပါအဝင် Leonardo ကုမ္ပဏီထုတ်ပစ္စည်းတွေကို အသေအချာမသုံးသပ် မစိစစ်ဘဲ ရောင်းချခြင်းမရှိဘူးလို့ ငြင်းဆိုထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

မြန်မာရေတပ်အတွက် လက်နက် မရောင်းချခဲ့ကြောင်း Leonardo ကုမ္ပဏီ ငြင်းဆို
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG