သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာက MyTel ကုမ္ပဏီကို ကန် နည်းတူ ဗြိတိန်နဲ့ အီးယူတို့လည်း ဒဏ်ခတ် အရေးယူဖို့တောင်းဆို


Mytel လုပ်ငန်းစုအခမ်းအနားမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ယခင်ပုံဟောင်း)
Mytel လုပ်ငန်းစုအခမ်းအနားမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ယခင်ပုံဟောင်း)

မြန်မာနိုင်ငံက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီလီမိတက် (Mytel) မိုင်တဲလ်ကို အမေရိကန် အစိုးရက ဒဏ်ခတ်အရေးယူလိုက်တဲ့အပေါ် ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK က ကြိုဆိုလိုက်ပြီး ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အီးယူနိုင်ငံတွေကလည်း မြန်မာစစ်တပ်ပိုင် MyTel ကို အလားတူ ဒဏ်ခတ်ပိတ်ဆို့ဖို့ ဒီကနေ့တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီလ ၆ ရက်မှာ စတင်အသက်ဝင်တဲ့ ဒီဒဏ်ခတ်အရေးယူမှုထဲမှာ မြန်မာနိုင်ငံက လုပ်ငန်းကြီး တခုအပါအဝင် တခြားနိုင်ငံတွေက လုပ်ငန်းပေါင်း ၁၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းပြီး ကုန်ထုတ်လုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဗျူရို BIS က ပို့ကုန် စည်းမျဉ်းသတ်မှတ်ချက်တွေကို ပြင်ဆင် လိုက်တာဖြစ်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနကကြီးမှူးပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ စွမ်းအင်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ သုံးစွဲသူရေးရာ သုံးသပ်ရေး ကော်မတီ ERC က MyTel ကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ကွဲလွဲဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေအပေါ်အခြေခံပြီး အခုလို သတ်မှတ်တာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ အထူးသဖြင့် MyTel လုပ်ငန်းဟာ မြန်မာစစ်ကောင်စီကို ဘဏ္ဍာရေးနဲ့ ထောက်လှမ်း စောင့်ကြည့်ရေး ဝန်ဆောင်မှုတွေပေးနေကြောင်း၊ ဒါကြောင့်လည်း စစ်ကောင်စီအနေနဲ့ သူတို့ ပစ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့တွေကို ခြေရာခံဖော်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နိုင်စေတာကြောင့် ဒဏ်ခတ်မှု စာရင်းထဲ ထည့်သွင်းတာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ဒီလုပ်ငန်းကြီးထံ ပစ္စည်းတွေ တင်ပို့မယ့်၊ ပြန်လည် တင်ပို့မယ့်၊ လွှဲပြောင်းပေးရေးအတွက် ခွင့်ပြုချက်လိုအပ်ပြီး ဒီခွင့်ပြုချက်လိုင်စင် လျှောက်ထားမှုတွေကိုလည်း ငြင်းပယ်ချက်အဖြစ် သတ်မှတ်သုံးသပ်မှာဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG