သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ဒီမုိကေရစီ လူ႔အခြင့္အေရးေမးခြန္း


မၾကာေသးမီက Totalနဲ႔ Chevron ကုမၸဏီႀကီးေတြက ျမန္မာႏိုင္ငံကထြက္ခြါမယ္လို႔ ေၾကညာလိုက္ၾကပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈကို စဥ္းစားရာမွာ ဒီမိုကေရစီနဲ႔လူ႔အခြင့္အေရးက ဘယ္လိုအခန္းက ပါဝင္ေနပါသလဲ။ အေမရိကန္-အာဆီယံစီးပြါးေရးလုပ္ငန္းမ်ား ေကာင္စီက အႀကီးတန္းမန္ေနဂ်ာဦးဂ်က္ျမင့္ကို ဦးတင္ေမာင္သန္း ေမးျမန္းတင္ျပထားပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ဒီမုိကေရစီ လူ႔အခြင့္အေရးေမးခြန္း

Total နဲ႔ Chevron ကုမၸဏီတို႔ ထြက္ခြါသြားရေသာ အေၾကာင္းမ်ားစြာ ရွိႏိုင္တဲ့အနက္၊ အဓိကက်တဲ့ အခ်က္ကေတာ့ သူတို႔ရဲ႕ ဝန္ထမ္းေတြ အေပၚ စစ္အစိုးရက အေရးယူ ဖိႏွိပ္လာမွာ ကို စိုးရိမ္တဲ့အတြက္ ျဖစ္တယ္လို႔ ဦး ဂ်က္ျမင့္ က ထင္ျမင္ပါတယ္။ သဘာဝဓာတ္ေငြ႕က ရရွိတဲ့ ဝင္ေငြေတြက ျမန္မာ့ ေရနံနဲ႔ သဘာဝ ဓာတ္ေငြ႕လုပ္ငန္း MOGE ကတဆင့္ စစ္တပ္ကို စီးဆင္းေနတဲ့ အေထာက္အထားေတြ ရွိတယ္လို႔ သူက ဆိုပါတယ္။ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္နဲ႔ ႏိုင္ငံတကာ ဥပေဒအရ ေဆာင္ရမယ့္ အခြန္ေတြနဲ႔ ေပးရမယ့္ ဝင္ေငြေတြကို အာဏာသိမ္းထားတဲ့ စစ္ေကာင္စီကို မေပးေဆာင္လို႔ မရတဲ့ အေျခအေန ျဖစ္ပါတယ္။ မေပးေဆာင္ျပန္ရင္လည္း ဝန္ထမ္းေတြအေပၚ ဖိႏွိပ္လာမယ့္ အႏၲရာယ္က ရွိေနတယ္ လို႔ သူ က သုံးသပ္ပါတယ္။ ဒါ့အျပင္ ျမနမာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံတဲ့အတြက္ ႏိုင္ငံတကာမွာ ေျဖရွင္းေနရတဲ့ ျပည္သူ႔ ဆက္ဆံ‌ေရး လုပ္ငန္းကလည္း ဝန္ထုပ္ဝန္ပိုးတစ္ရပ္လို ျဖစ္လာတာေၾကာင့္ ဒီ လုပ္ငန္းႀကီးေတြက ျမန္မာႏိုင္ငံက ထြက္ခြါၾကတာ ျဖစ္တယ္လို႔ ဦးဂ်က္ျမင့္က သုံးသပ္ပါတယ္။
ဒီမိုကေရစီ နဲ႔ လူ႔အခြင့္အေရး ကို ကုမၸဏီႀကီးေတြ က လုပ္ငန္း မဟာဗ်ဴဟာ ေရးဆြဲရာမွာ အေရးတႀကီးထားစဥ္းစားေရးဆြဲၾကတယ္လို႔ သူက ေျပာပါတယ္။ အလုပ္သမားေတြရဲ႕ အခြင့္အေရး၊ အမ်ိဳးသမီးေတြ ရဲ႕ အခြင့္အေရးနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးေတြဟာ အေရးတႀကီးထားရတဲ့ ကိစၥရပ္ေတြ ျဖစ္ၾကပါတယ္။
ခုလို အေနာက္ႏိုင္ငံက ကုမၸဏီေတြ ထြက္ခြါၾကတဲ့အတြက္ သဘာဝအရင္းအျမစ္ ဝင္ေငြစီးဆင္းပုံက အေနာက္ႏိုင္ငံေတြ ရဲ႕ ခ်ဳပ္ထိန္းႏိုင္မႈေအာက္ကေန လြတ္သြားႏိုင္တာေၾကာင့္ ဖိအားေပးႏိုင္စြမ္းရည္ (leverage) ကို စြန႔္လႊတ္လိုက္ရတယ္လို႔ ျမင္ႏိုင္ေပမဲ့၊ အဲဒီလို ဖိအားေပးႏိုင္စြမ္းရည္ အေပၚ စစ္ေကာင္စီက အျပဳသေဘာ တုံ႔ျပန္ႏိုင္တဲ့ အတိုင္းအဆကိုလည္း ၾကည့္ဖို႔လိုမယ္လို႔ ဦးဂ်က္ျမင့္က ယူဆပါတယ္။ ဒါ့အျပင္ ၿမိဳ႕ႀကီးေတြမွာလည္း စစ္ က ပ်ံ႕ႏွံ႔လာတာေၾကာင့္ ႏိုင္ငံတကာ စီးပြါးေရးလုပ္ငန္းေတြ အတြက္ စြန႔္စားရတဲ့ အႏၲရာယ္ ကို တြက္ခ်က္ရာမွာ ႀကီးမားလာခဲ့ပါတယ္။ ဒီမိုကေရစီမရွိ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေတြ ႀကီးမားေနတဲ့အခါ ႏိုင္ငံတကာ စီးပြါးေရး လုပ္ငန္းေတြက ေပးရ၊ စြန႔္စားရမယ့္ အၫႊန္းကိန္းကို သုံးသပ္တြက္ခ်က္ရာမွာ (Risk Analysis Index) ျမင့္မားေနတတ္တယ္လို႔လည္း ဦး ဂ်က္ျမင့္က ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ တရားဝင္မႈဆိုင္ရာ အက်ပ္အတည္း (crisis of legitimacy) ရွိေနတာေၾကာင့္ အျငင္းအခုန္ေတြ ျဖစ္တဲ့ ႏိုင္ငံတကာ လုပ္ငန္းေတြအတြက္ တရားဝင္မႈကလည္း စကားေျပာလာ ေခါင္းကိုက္စရာ ျဖစ္လာတယ္လို႔ ဦးဂ်က္ျမင့္ က သုံးသပ္သြားပါတယ္။

[Unicode]

ရင်းနှီးမြှုပ်နှံမှုနဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးမေးခွန်း

Total နဲ့ Chevron ကုမ္ပဏီတို့ ထွက်ခွါသွားရသော အကြောင်းများစွာ ရှိနိုင်တဲ့အနက်၊ အဓိကကျတဲ့ အချက်ကတော့ သူတို့ရဲ့ ဝန်ထမ်းတွေ အပေါ် စစ်အစိုးရက အရေးယူ ဖိနှိပ်လာမှာ ကို စိုးရိမ်တဲ့အတွက် ဖြစ်တယ်လို့ ဦး ဂျက်မြင့် က ထင်မြင်ပါတယ်။ သဘာဝဓာတ်ငွေ့က ရရှိတဲ့ ဝင်ငွေတွေက မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE ကတဆင့် စစ်တပ်ကို စီးဆင်းနေတဲ့ အထောက်အထားတွေ ရှိတယ်လို့ သူက ဆိုပါတယ်။ ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ နိုင်ငံတကာ ဥပဒေအရ ဆောင်ရမယ့် အခွန်တွေနဲ့ ပေးရမယ့် ဝင်ငွေတွေကို အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို မပေးဆောင်လို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မပေးဆောင်ပြန်ရင်လည်း ဝန်ထမ်းတွေအပေါ် ဖိနှိပ်လာမယ့် အန္တရာယ်က ရှိနေတယ် လို့ သူ က သုံးသပ်ပါတယ်။ ဒါ့အပြင် မြနမာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အတွက် နိုင်ငံတကာမှာ ဖြေရှင်းနေရတဲ့ ပြည်သူ့ ဆက်ဆံ‌ရေး လုပ်ငန်းကလည်း ဝန်ထုပ်ဝန်ပိုးတစ်ရပ်လို ဖြစ်လာတာကြောင့် ဒီ လုပ်ငန်းကြီးတွေက မြန်မာနိုင်ငံက ထွက်ခွါကြတာ ဖြစ်တယ်လို့ ဦးဂျက်မြင့်က သုံးသပ်ပါတယ်။
ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ကို ကုမ္ပဏီကြီးတွေ က လုပ်ငန်း မဟာဗျူဟာ ရေးဆွဲရာမှာ အရေးတကြီးထားစဉ်းစားရေးဆွဲကြတယ်လို့ သူက ပြောပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေး၊ အမျိုးသမီးတွေ ရဲ့ အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေဟာ အရေးတကြီးထားရတဲ့ ကိစ္စရပ်တွေ ဖြစ်ကြပါတယ်။
ခုလို အနောက်နိုင်ငံက ကုမ္ပဏီတွေ ထွက်ခွါကြတဲ့အတွက် သဘာဝအရင်းအမြစ် ဝင်ငွေစီးဆင်းပုံက အနောက်နိုင်ငံတွေ ရဲ့ ချုပ်ထိန်းနိုင်မှုအောက်ကနေ လွတ်သွားနိုင်တာကြောင့် ဖိအားပေးနိုင်စွမ်းရည် (leverage) ကို စွန့်လွှတ်လိုက်ရတယ်လို့ မြင်နိုင်ပေမဲ့၊ အဲဒီလို ဖိအားပေးနိုင်စွမ်းရည် အပေါ် စစ်ကောင်စီက အပြုသဘော တုံ့ပြန်နိုင်တဲ့ အတိုင်းအဆကိုလည်း ကြည့်ဖို့လိုမယ်လို့ ဦးဂျက်မြင့်က ယူဆပါတယ်။ ဒါ့အပြင် မြို့ကြီးတွေမှာလည်း စစ် က ပျံ့နှံ့လာတာကြောင့် နိုင်ငံတကာ စီးပွါးရေးလုပ်ငန်းတွေ အတွက် စွန့်စားရတဲ့ အန္တရာယ် ကို တွက်ချက်ရာမှာ ကြီးမားလာခဲ့ပါတယ်။ ဒီမိုကရေစီမရှိ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကြီးမားနေတဲ့အခါ နိုင်ငံတကာ စီးပွါးရေး လုပ်ငန်းတွေက ပေးရ၊ စွန့်စားရမယ့် အညွှန်းကိန်းကို သုံးသပ်တွက်ချက်ရာမှာ (Risk Analysis Index) မြင့်မားနေတတ်တယ်လို့လည်း ဦး ဂျက်မြင့်က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဝင်မှုဆိုင်ရာ အကျပ်အတည်း (crisis of legitimacy) ရှိနေတာကြောင့် အငြင်းအခုန်တွေ ဖြစ်တဲ့ နိုင်ငံတကာ လုပ်ငန်းတွေအတွက် တရားဝင်မှုကလည်း စကားပြောလာ ခေါင်းကိုက်စရာ ဖြစ်လာတယ်လို့ ဦးဂျက်မြင့် က သုံးသပ်သွားပါတယ်။

XS
SM
MD
LG