စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားနေတာနဲ့အမျှ အရင်ကတည်းကိုက ဥပဒေအရ အကာအကွယ်ပေးထားတာ မရှိတဲ့ LGBTQ+ (လိင်ခံယူမှုကွဲပြားသူတွေ) အတွက် အခြေအနေတွေဟာ ဆိုးရွားနေဆဲဖြစ်ကြောင်း LGBTQ+ ဖြစ်တဲ့ နာမည်ကျော် မိတ်ကပ်ပညာရှင် မေဦးက ဗွီအိုအေကို ပြောပါတယ်။ အမေရိကန် သမိုင်းမှာ လိင်ခံယူကွဲပြားသူတွေအပေါ် ခွဲခြားမှုတွေရှိခဲ့ပြီး ၁၉၆၉ ခုနှစ် ဇွန်လ (၂၈) ရက်နေ့က နယူးရောက် Stonewall Gay ကလပ်မှာ ရဲတပ်ဖွဲ့က အလွန်အကျွံ နှိမ်နင်းမှုအပေါ် မကျေမနပ် စတင်ခဲ့တဲ့ နိုင်ငံတဝှမ်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဇွန်လကို LGBTQ+ လအဖြစ် ပြဌာန်းခဲ့တာပါ။ ဒုက္ခသည်တဦးအနေနဲ့ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချနေထိုင်နေတဲ့ မိတ်ကပ်ပညာရှင် မေဦးကို Zoom ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
LGBTQ+ တွေအတွက် မြန်မာဥပဒေအရ အကာအကွယ်ပေးမှုမရှိ
ဗွီဒီယို ကြည့်ရှုရန်
-
၀၂ အောက်တိုဘာ၊ ၂၀၂၃
Facebook ကုမ္ပဏီ META ကို နစ်နာကြေး လျော်ကြေးပေးဖို့ AI အဖွဲ့တောင်းဆို
-
၀၂ အောက်တိုဘာ၊ ၂၀၂၃
ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ နွေဦးတော်လှန်ရေး
-
၂၅ စက်တင်ဘာ၊ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်သမ္မတ နိုင်ငံတကာကို ရိုဟင်ဂျာအရေး အကူအညီတောင်းခံ
-
၂၃ စက်တင်ဘာ၊ ၂၀၂၃
ကုလညီလာခံတက် သံအမတ်ကြီး ဦးကျော်မိုးထွန်း “တွေ့ဆုံမေးမြန်းခန်း”