သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂဒါဖီရဲ႕သား လစ္ဗ်ားသမၼတ ေရြးေကာက္ပဲြ ဝင္ၿပိဳင္ခြင္႔ မရ


အာဏာရွင္ေဟာင္း မုိမာ-ဂဒါဖီရဲ့သား ဆာအစ္ဖ္-ဂဒါဖီ

- - - [[ Zawgyi ]] - - -

ဂဒါဖီရဲ႕သား လစ္ဗ်ားသမၼတ ေရြးေကာက္ပဲြ ဝင္ၿပိဳင္ခြင္႔ မရ

လာမယ့္ ဒီဇင္ဘာလအတြင္း လစ္ဗ်ားႏုိင္ငံမွာ က်င္းပမယ့္ သမၼတေရြးေကာက္ပဲြမွာ ယခင္ အာဏာရွင္ေဟာင္း မုိမာ-ဂဒါဖီရဲ့သား Saif Gaddafi ဆာအစ္ဖ္-ဂဒါဖီကုိ ေရြးေကာက္ပဲြ ၀င္ခြင့္ မျပဳႏိုင္ေၾကာင္း ေရြးေကာက္ပဲြေကာ္မရွင္က ဗုဒၶဟူးေန့မွာ ေျပာဆုိလုိက္ပါတယ္။

Saif Gaddafi အပါအ၀င္ သမၼတေရြးေကာက္ပဲြ စာရင္းတင္သြင္းသူ ၂၅ ဦးကုိ ေရြးေကာက္ပဲြ၀င္ဖုိ့ အရည္အခ်င္း မျပည့္မီတဲ့အတြက္ ေကာ္မရွင္က ပယ္ခ်လိုက္တာကို အယူခံ တင္သြင္းထားပါတယ္။ ဒီကိစၥကုိ တရားရုံးေတာ္ကေန ဆုံးျဖတ္ခ်က္ေပးမွာျဖစ္ပါတယ္။

အာဏာရွင္ေဟာင္း ကဒါဖီရဲ့သား Saif Gaddafi ကုိ ၂၀၁၅ ခုႏွစ္က စစ္ရာဇ၀တ္မွုနဲ့ တရားစဲြဆုိရာမွာ ရုံးေတာ္မွာ လာေရာက္ေျဖရွင္းဖုိ့ ပ်က္ကြက္ခဲ့တဲ့အတြက္ သူ့ကုိေရြးေကာက္ပဲြကေန ထုတ္ပယ္ဖုိ့ တရားစဲြဆုိခဲ့တဲ့ တရားလုိ စစ္ဘက္တာ၀န္ရွိသူေတြက ေရြးေကာက္ပဲြေကာ္မရွင္ကုိ တုိက္တြန္းခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္က သူ့ရဲ့ဖခင္ အာဏာရွင္ ကဒါဖီကုိ ဆန့္က်င္ေတာ္လွန္ သူေတြအေပၚ ႏွိမ္နင္းတုိက္ခုိက္ရာမွ ာပါ၀င္ခဲ့အတြက္ သူ့ကုိ စစ္ရာဇ၀တ္မွုနဲ့ စြဲဆုိခဲ့တာပါ။ ဆာအစ္ဖ္-ဂါဒါဖီကေတာ့ သူ မက်ဴးလြန္ခဲ့ဘူးလုိ့ ျငင္းဆုိထားပါတယ္။

သမၼတေနရာအတြက္ အျခား ၀င္ေရာက္ယွဥ္ၿပိဳင္လုိသူ ၉၈ ဦး စာရင္းေပးသြင္းထားပါတယ္။

ေရြးေကာက္ပဲြေကာ္မရွင္က သမၼတေရြးေကာက္ပဲြအတြက္ အတည္ျပုထားသူေတြထဲမွာ ဥပေဒ ခ်ိဳးေဖါက္သူေတြ ပါ၀င္ေနတယ္လုိ့ အျခားၿပိဳင္ဘက္ ႏုိင္ငံေရးအုပ္စုေတြက စြပ္စဲြထားတာေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


- - {{ Unicode }} - - -

ဂဒါဖီရဲ့သား လစ်ဗျားသမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် မရ

လာမယ့် ဒီဇင်ဘာလအတွင်း လစ်ဗျားနိုင်ငံမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ယခင် အာဏာရှင်ဟောင်း မိုမာ-ဂဒါဖီရဲ့သား Saif Gaddafi ဆာအစ်ဖ်-ဂဒါဖီကို ရွေးကောက်ပွဲ ဝင်ခွင့် မပြုနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

Saif Gaddafi အပါအဝင် သမ္မတရွေးကောက်ပွဲ စာရင်းတင်သွင်းသူ ၂၅ ဦးကို ရွေးကောက်ပွဲဝင်ဖို့ အရည်အချင်း မပြည့်မီတဲ့အတွက် ကော်မရှင်က ပယ်ချလိုက်တာကို အယူခံ တင်သွင်းထားပါတယ်။ ဒီကိစ္စကို တရားရုံးတော်ကနေ ဆုံးဖြတ်ချက်ပေးမှာဖြစ်ပါတယ်။

အာဏာရှင်ဟောင်း ကဒါဖီရဲ့သား Saif Gaddafi ကို ၂၀၁၅ ခုနှစ်က စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုရာမှာ ရုံးတော်မှာ လာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သူ့ကိုရွေးကောက်ပွဲကနေ ထုတ်ပယ်ဖို့ တရားစွဲဆိုခဲ့တဲ့ တရားလို စစ်ဘက်တာဝန်ရှိသူတွေက ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က သူ့ရဲ့ဖခင် အာဏာရှင် ကဒါဖီကို ဆန့်ကျင်တော်လှန် သူတွေအပေါ် နှိမ်နင်းတိုက်ခိုက်ရာမှ ာပါဝင်ခဲ့အတွက် သူ့ကို စစ်ရာဇဝတ်မှုနဲ့ စွဲဆိုခဲ့တာပါ။ ဆာအစ်ဖ်-ဂါဒါဖီကတော့ သူ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

သမ္မတနေရာအတွက် အခြား ဝင်ရောက်ယှဉ်ပြိုင်လိုသူ ၉၈ ဦး စာရင်းပေးသွင်းထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က သမ္မတရွေးကောက်ပွဲအတွက် အတည်ပြုထားသူတွေထဲမှာ ဥပဒေ ချိုးဖေါက်သူတွေ ပါဝင်နေတယ်လို့ အခြားပြိုင်ဘက် နိုင်ငံရေးအုပ်စုတွေက စွပ်စွဲထားတာတွေလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG