သုံးရလွယ်ကူစေသည့် Link များ

တိုင်းရင်းသား လူမျိုးပေါင်းများစွာ အတူယှဉ်တွဲ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေကြား မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကိုးကွယ်ယုံကြည်မှုတို့ကို အပြန်အလှန် လေးစားလိုက်နာပြီး ဟန်ချက်ညီညီ နေထိုင်နိုင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတဲ့ အင်္ဂါနေ့ ညချမ်းတိုက်ရိုက်လေလှိုင်း အစီအစဉ်ကို နားဆင်နိုင်ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူ မမေစံပယ်ဖြူ၊ နောက် လူငယ်ကွန်ယက်က မသင်ဇာရွှန်းလဲ့ရည်တို့ ဦးဆောင်ပြီး ဗွီအိုအေ အမေရိကန် အသံ သောတရှင်တွေ ပါဝင်ဆွေးနွေးထားပါတယ်။ မသိင်္ဂီထိုက် စီစဉ်ပြီး ထုတ်လုပ်သူက မဆုမွန် ဖြစ်ပါတယ်။

XS
SM
MD
LG