လက်ရှိအာဏာရပါတီက ပြည်နယ်တိုင်း ဒေသကြီးအတော်များများက မြို့တွေမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွေ တည်ဆောက်နေသလို အဲဒီအပေါ် ကန့်ကွက် မှုတွေလည်း အများအပြား ရှိနေတာပါ။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်သူ အများထုက ကြည်ညို လေးစားကြပေမယ့် ကြေးရုပ်တွေကို အခုလို အဓမ္မ တည်ဆောက်နေတာကြောင့် လူထုအကြား သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွေ တည်ဆောက်မှုအပေါ် အမြင် သဘောထားတွေကို NLD ပါတီ ကယားပြည်နယ် လွှတ်တော်အမတ် ဦးအောင်နိုင်ဦး၊ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီချူး၊ ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်မှုကို ဦးဆောင်ဆန္ဒပြသူ ခွန်းဘားနဒ်တို့နဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေး တင်ပြထားပါတယ်။