သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မြန်မာအသိုင်းအဝိုင်းတုံ့ပြန်ချက်

Police say that late Saturday a vehicle mowed down pedestrians on London Bridge and men with large knives stabbing passersby at nearby Borough Market, June 3, 2017.
1/11 Police say that late Saturday a vehicle mowed down pedestrians on London Bridge and men with large knives stabbing passersby at nearby Borough Market, June 3, 2017.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
British police officers walk within a cordoned off area after an attack in the London Bridge area of London, June 4, 2017. Saturday night attackers killed several people in a series of vehicle and knife attacks before police shot them dead.
2/11 British police officers walk within a cordoned off area after an attack in the London Bridge area of London, June 4, 2017. Saturday night attackers killed several people in a series of vehicle and knife attacks before police shot them dead.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
Police attend to an incident on London Bridge in London, Britain, June 3, 2017.
3/11 Police attend to an incident on London Bridge in London, Britain, June 3, 2017.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
A police officer clears people away from the area near London Bridge after an incident in central London, June 3, 2017.
4/11 A police officer clears people away from the area near London Bridge after an incident in central London, June 3, 2017.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
Witnesses reported a vehicle veering off the road and hitting several pedestrians on London Bridge, June 3, 2017.
5/11 Witnesses reported a vehicle veering off the road and hitting several pedestrians on London Bridge, June 3, 2017.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
Police attend to an incident on London Bridge in London, Britain, June 3, 2017.
6/11 Police attend to an incident on London Bridge in London, Britain, June 3, 2017.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
A photograph taken on a mobile phone shows British police cars blocking the entrance to London Bridge, in central London,June 3, 2017, following an incident on the bridge. Witnesses reported seeing a van mounting the pavement and hitting pedestrians.
7/11 A photograph taken on a mobile phone shows British police cars blocking the entrance to London Bridge, in central London,June 3, 2017, following an incident on the bridge. Witnesses reported seeing a van mounting the pavement and hitting pedestrians.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
People walk away about 10 minutes after midnight from inside a police cordon after an attack in London, June 4, 2017.
8/11 People walk away about 10 minutes after midnight from inside a police cordon after an attack in London, June 4, 2017.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
People leave from inside a police cordon after an attack in London, June 4, 2017. Armed British police rushed to London Bridge late Saturday after reports of a vehicle running down pedestrians and stabbings nearby.
9/11 People leave from inside a police cordon after an attack in London, June 4, 2017. Armed British police rushed to London Bridge late Saturday after reports of a vehicle running down pedestrians and stabbings nearby.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
Women speak to reporters after leaving a police cordon following an incident in London, June 4, 2017.
10/11 Women speak to reporters after leaving a police cordon following an incident in London, June 4, 2017.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
Armed British police officers walk within a cordoned off area after an attack at the London Bridge, June 4, 2017.
11/11 Armed British police officers walk within a cordoned off area after an attack at the London Bridge, June 4, 2017.
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ  ဝင်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
Previous slide
Next slide

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စနေည တိုက်ခိုက်မှုတွေအပြီး အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့တိုက်ခိုက်မှုတွေအဖြစ် လုံခြုံရေး တင်းတင်းကျပ်ကျပ်တိုးမြှင့်ချထားချိန် ဗြိတိန်နိုင်ငံ လန်ဒန်ရောက်မြန်မာတွေနဲ့ တိုင်းရင်းသားအသိုင်းအဝိုင်းတွေမှာ လုံခြုံရေးအထူးသတိရှိကြဖို့ သတိပေးနိုးဆော်နေကြတယ်လို့ လန်ဒန်နေမြန်မာတွေကပြောပါတယ်။ အထူးသဖြင့် လန်ဒန်နေမြန်မာတွေအနေနဲ့ အကြမ်းဖက်မှုနဲ့နွယ်တဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့နေရာတွေ၊ ခရီးသွားတိုးရစ်တွေ အသွားအလာများတဲ့နေရာ၊ လူစည်ကားတဲ့နေရာတွေကို အထူးသတိထားသွားလာကြဖို့နဲ့ တစုံတခုအန္တရာယ်ကျရောက်လာရင် ချက်ခြင်းအကြောင်းကြား ဆက်သွယ်ကြဖို့ နိုးဆော်ထားတယ်လို့ပြောပါတယ်။ အပြည့်အစုံဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဒေသစံတော်ချိန် စနေနေ့ ည ၁၀ နာရီ ၈ မိနစ်လောက်က လန်ဒန်မြို့လည်က London Bridge တံတားပေါ်မှာ ဗန်ကားတစင်းနဲ့ လူတွေကို လိုက်တိုက်တာကြောင့် တံတားပေါ်မှာ ရှိတဲ့သူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် မရှေးမနှောင်း အချိန်လောက်မှာပဲ လန်ဒန်မြို့ London Bridge တံတား တောင်ဘက်မလှမ်းမကမ်း Borough ဈေးမှာရှိတဲ့ စားသောက်ဆိုင် တခုထဲဝင်ပြီး အမျိုးသား ၂ ဦးကို ဓားနဲ့တိုက်ခိုက်မှုဖြစ်ခဲ့ပြီးတဲ့နောက် ဒီတိုက်ခိုက်မှုတွေကို အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်တဲ့ တိုက်ခိုက်မှုအဖြစ် လုံခြုံရေး အထူးတင်းကျပ်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်နေကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။ စနေညတိုက်ခိုက်မှုမှာ တိုက်ခိုက်ခဲ့သူသုံးဦးကို ရဲက ပစ်သတ်နိုင်ခဲ့ပြီး ဒီဖြစ်စဉ်တခုလုံးမှာ လူ ၇ယောက်ထက်မနည်းသေဆုံးပြီး အနည်းဆုံး လူ ၅၀ ဒဏ်ရာရခဲ့ပါတယ်။

ဒီစနေညတိုက်ခိုက်မှုတွေမှာတော့ လန်ဒန်နေမြန်မာတွေ အထိအခိုက်မရှိပေမဲ့လို့ လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်ပြီး အထူးသတိထား သွားလာနေကြတယ်လို့ လန်ဒန်က မြန်မာအသိုင်းအဝိုင်းကပြောပါတယ်။ လန်ဒန်ရောက်မြန်မာတွေနဲ့ တိုင်းရင်းသားအသိုင်းအဝိုင်းတွေမှာ လုံခြုံရေးအထူးသတိရှိကြဖို့ လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် သတိပေးနိုးဆော်နေ ကြတယ်လို့ မြန်မာအသင်း UK ရဲ့ အထွေထွေအတွင်းရေးမှူး အငြိမ်းစားမေ့ဆေးဆရာဝန်ကြီး ဒေါက်တာမင်းဇော်အောင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“မနေ့ကဖြစ်တာနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် လုံခြုံရေးကိုသေသေချာချာ အချင်းချင်း တတ်နိုင်သမျှ ကိုယ့် Group နဲ့ ကိုယ်၊ ကိုယ့် Ethnic group နဲ့ အတူတူ ကိုယ်တယောက်တည်းသော်လည်းကောင်း၊ Facebook နဲ့သော်လည်းကောင်း Network လုပ်ရင်းနဲ့သော်လည်းကောင်း ၊ Email နဲ့သော်လည်းကောင်း တယောက်နဲ့ တယောက် Insightinformation ပေးပြီးတော့ share လုပ်ကြပါတယ်။ အဲဒီနည်းနဲ့ တတ်နိုင်သလောက်တော့ လုပ်တာပေါ့ Security တခုလုံးကိုအထူးသတိထားပြီးတော့ လူစည်ကားတဲ့နေရာတွေမှာ Tourist တွေသွားတဲ့နေရာမှာ အထူးသဖြင့် Bridge တို့ တရုတ်တန်းတို့ Westminster တို့လိုနေရာမျိုးမှာ ရှောင်ဖို့ တယောက်ကိုတယောက်သတိပေးထားပါတယ်။”

အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့တိုက်ခိုက်မှုတွေအဖြစ် တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာတွေ၊ လူစည်ကားတဲ့နေရာတွေအပါအဝင် တမြို့လုံးကို လုံခြုံရေး တင်းတင်းကျပ်ကျပ် တိုးမြှင့်ချထားတဲ့ လန်ဒန်မြို့ရဲ့ လုံခြုံရေးအခြေအနေကိုလည်း ဒေါက်တာမင်းဇော်အောင်က အခုလိုရှင်းပြပါတယ်။

“လုံခြုံရေး နောက်ဆုံးအခြေအနေကတော့ ကျနော်အခုပဲ မြို့ထဲကနေဖြတ်ပြန်လာတယ် ။

ကျနော်လန်ဒန် ပြင်ပနားကနေပြီးတော့ ဘုန်းကြီးသွားပင့်တယ်၊ လန်ဒန်အပြင်ကနေပြီးတော့ ပတ်ပြီးတော့ ပြန်လာတယ်။ လောလောဆယ်အခြေအနေကတော့ လန်ဒန်မြို့ကလမ်းတွေ အခုအကုန်ကိုပိတ်ထားပါတယ်။ အထူးသဖြင့် ပြဿနာတက်တဲ့ Borough ဈေးကိုပိတ်ထားပါတယ် အဲဒီနေရာတွေကို လုံးဝသွားခွင့်မရှိဘူး။ နောက်ပြီးတော့ London Bridge Station မှာလည်း ရထားတို့ ကားတို့တက်စီတွေကို သွားခွင့်ပိတ်ထားပါတယ်။ Critical level ပေါ့ serious level တင်ထားပါတယ်။ သူတို့ London Metropolitan police နဲ့ London Commissioner of Police နဲ့ secrets of Scotland yard တွေအနေနဲ့ လုံခြုံရေးအစီအစဉ်ကို မြှင့် လိုက်ပါတယ်။”

လန်ဒန်မှာရှိတဲ့ ကချင်အသိုင်းအဝိုင်းအပါအဝင် လန်ဒန်ရောက်တိုင်းရင်းသားတွေ အားလုံး လုံခြုံရေးအထူးသတိရှိကြဖို့နဲ့ တစုံတခု အန္တရာယ်ရင်ဆိုင်ရရင် ချက်ခြင်းဆက်သွယ်အကြောင်းကြားကြဖို့ နိုးဆော်ထားစသလို အင်တာနက်လူမှုကွန်ရက်တွေမှာလည်း လန်ဒန်အသိုင်းအဝိုင်းတွေ ဖွဲ့စည်းထားပြီး ဆက်သွယ်ဆောင်ရွက်နေတယ်လို့ UK ကချင်အမျိုးသားအစည်းအရုံး ( Kachin National Organization) ဥက္ကဋ္ဌ Mr Ring Du Lachyung က ပြောပါတယ်။

“အရင်ကထက်စာရင်တော စိုးရိမ်ကြတာပေါ့ ဘာဖြစ်လို့လဲဆိုတော့ အခုက ဒီမှာက ဟိုတလော မန်ချက်စတာ city မှာဖြစ်တယ်၊ အဲဒီမှာမဖြစ်ခင် လန်ဒန် Westminster မှာဖြစ်တယ်ဆိုတော့ နောက်အခုက London Bridge မှာပြန်ဖြစ်တယ် ဆိုတော့ စိုးရိမ်ကြတာပေါ့နော်၊ သတိထားကြတာပေါ့ သွားရ လာရတာ ။ ဒါပေမယ့် လန်ဒန်မှာရှိတဲ့ ကျနော်တို့ မြန်မာမိသားစုတွေနောက်၊ ကျနော်တို့ ကချင်မိသားစုတွေထဲမှာတော့ ဘာမှ အခင်းဖြစ်ပွားတဲ့အထဲမှာ ပါဝင်ခြင်း မရှိပါဘူး။ Safe ဖြစ်ပါတယ်။ လုံခြုံမှုရှိပါတယ်။ ဒါပေမယ့် စိုးရိမ်မှုကတော့ အခုအထိရှိတာပေါ့လေ။

မေး။ ။ ဆရာတို့အခုနောက်ပိုင်း သွားတာလာတာ လူစည်ကားတဲ့နေရာတွေမှာပေါ့နော် အထူးသဖြင့် သွားတဲ့အခါမှာရော အခုလို ဒီလိုမျိုးအဖြစ်အပျက်တွေကြားရတဲ့အခါမှာ ဘယ်လိုစိတ်ထဲမှာ ဖြစ်မိပါသလဲ။ နောက်ပြီးတော့ လန်ဒန်ရဲ့လုံခြုံရေးကရော သူတု့ိတာဝန်ရှိတဲ့သူတွေ အာဏာပိုင်တွေဘက်က တင်းတင်းကျပ်ကျပ် လုပ်ထားတာတွေ ရှိပါသလဲဆရာ ။

ဖြေ။ ။ပြောရရင်တော့ အရင်ကထက်စာရင်တော့ တင်းကျပ်မှုတွေ ပိုရှိတယ်။ အထူးသဖြင့် Queen Elizabeth ရဲ့ Buckingham နန်းတော်နေရာတို့ နောက်ပြီးတော့ Westminster တွေ လွှတ်တော်တွေ ရုံးတွေနေရာမှာ အရင်တုန်းက သွားရင်တော့ တမျိုး အခုတော့ Block လေးတွေ အကန့်အသတ်တွေ အတားအဆီးတွေလုပ်တယ် ပိုပြီးမှ ဘာဖြစ်လို့လဲဆိုတော့ Terrorist attack တွေက ပိုများလာတယ်။ ဒီ Attack တွေက လန်ဒန်ကို Target ထားပြီးတော့ လုပ်လာတယ်ဆိုတော့ သတိထားဖို့ ပြောတဲ့အခါကျတော့ ကျနော်တို့က အမြဲတမ်းသွားလာတဲ့အခါမှာဆိုရင် သတိထားရတာပေါ့။ ကျနော်ဆိုရင် အမြဲတမ်းအမြဲတမ်း သတိထားတယ် အထူးသဖြင့် လူများတဲ့နေရာတွေမှာဆိုရင် သွားလာရင်တောင်မှ နည်းနည်း သတိနဲ့ပေါ့ အရင်ကထက်စာရင်တော့ ပိုမိုသတိထားတာပေါ့။”

စနေညက လန်ဒန်မှာ မတူညီတဲ့နေရာ သုံးနေရာမှာ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုချိန်မှာတော့ အခင်းဖြစ်တဲ့နေရာတွေကို လက်နက်ကိုင် ဗြိတိန် ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအထူးတာဝန်ယူထားပြီး အဲဒီနေရာတွေကို မလာကြဖို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လန်ဒန်မြို့မှာ အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာ ပြီးခဲ့တဲ့ မတ်လက စလို့ဆိုရင် ဒါဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ဝက်မင်စတာတံတားပေါ်က တိုက်ခိုက်ခံရမှုမှာတော့ ၆ ဦးသေဆုံးခဲ့ရပါတယ်။ အဲ့ဒီထဲ မန်ချက်စတာအသေခံဗုံးခွဲတိုက်ခိုက်မှုကတော့ အထိအခိုက်အများဆုံးဖြစ်ပြီးလူ ၂၂ ဦး သေဆုံးခဲ့ရပါတယ်။

လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မြန်မာအသိုင်းအဝိုင်းတုံ့ပြန်ချက်
please wait

No media source currently available

0:00 0:05:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG