သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

London Bridge တံတား အကြမ်းဖက် တိုက်ခိုက်မှု


London Bridge ပေါ်တွင် ဗန်ကားနှင့် တိုက်ခိုက်မှုဖြစ်အပြီး ရဲတပ်ဖွဲ့က လုံခြုံရေး တာဝန်ယူနေစဉ်။
London Bridge ပေါ်တွင် ဗန်ကားနှင့် တိုက်ခိုက်မှုဖြစ်အပြီး ရဲတပ်ဖွဲ့က လုံခြုံရေး တာဝန်ယူနေစဉ်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ London Bridge တံတားပေါ်မှာ စနေနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ ၈ မိနစ်လောက်က ဗန်ကားတစင်းနဲ့ လူတွေကို လိုက်တိုက်တာကြောင့် တံတားပေါ်မှာ ရှိတဲ့သူတချို့ ထိခိုက်ဒဏ်ရာရပြီး လမ်းဘေးမှာ လဲကျကုန်ကြတယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်တဲ့ တိုက်ခိုက်မှုအဖြစ် ကိုင်တွယ် ဆောင်ရွက်နေကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။

အခင်းဖြစ်တဲ့အချိန်က တံတားပေါ်မှာ ရှိနေတဲ့ မျက်မြင်သက်သေတွေရဲ့ အဆိုအရ တံတားပေါ်မှာ ရှိတဲ့သူတွေကို အဖြူရောင် ဗန်ကားနဲ့ လိုက်တိုက်ခဲ့တာကြောင့် လူ ၈ ဦးလောက် လမ်းဘေးမှာ လဲကျကုန်တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာ အနီးမှာ သေနတ်သံတွေ ကြားရတယ်လို့လည်း ဆိုပါတယ်။

ဗန်ကားဟာ Themes မြစ်ကို ဖြတ်ဖောက်ထားတဲ့ တံတားပေါ်ကနေ တောင်ဘက်ကို ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာကို တွေ့ရကြောင်းလည်း မျက်မြင် သက်သေတွေက ပြောပါတယ်။

ရိုက်တာ သတင်းဌာနကို ပြောပြတဲ့ တခြားမျက်မြင်သက်သေတယောက်ရဲ့ အဆိုအရကတော့ လူတချို့ဟာ ဓါးဒဏ်ရာတွေ ရထားကြပုံရတယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရမှု အခြေအနေတွေကိုတော့ အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

လန်ဒန်ကလာတဲ့ တခြား သတင်းတွေအရကတော့ - အမျိုးသား ၂ ဦးဟာလည်း ဗန်ကားနဲ့တိုက်တဲ့ မရှေး မနှောင်း အချိန်လောက်က London Bridge တံတားရဲ့ တောင်ဘက် မလှမ်းမကမ်းမှာရှိတဲ့ Borough ဈေးမှာရှိတဲ့ စားသောက်ဆိုင် တခုထဲဝင်ပြီး အမျိုးသား ၂ ဦးကို ဓါးနဲ့ ထိုးခဲ့တယ်လို့ ဆိုပါတယ်။ လန်ဒန်ကလာတဲ့ တခြား သတင်းတွေ အရတော့ တိုက်ခိုက်ဟာ မတူညီတဲ့ နေရာ (၃) နေရာမှာ ဖြစ်ပေါ်နေတယ်လို့ ဖော်ပြနေကြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မတ်လကစလို့ လန်ဒန်မြို့မှာတင် အကြမ်းဖက် တိုက်ခိုက်မှု (၃) ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

အခုချိန်မှာတော့ အခင်းဖြစ်တဲ့နေရာကို လက်နက်ကိုင် ဗြိတိန် ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတာဝန်ယူထားပြီး အဲဒီနေရာတွေကို မလာကြဖို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG