သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ဆီဒိုးနီးယား နာမည်ပြောင်းရေး ထောက်ခံမဲများသော်လည်း မဲပေးသူဦးရေ မသေချာသေး


မက်ဆီဒိုးနီးယားနိုင်ငံရဲ့အမည်ကို ပြောင်းလဲမလားဆိုတာအတွက် လူထုဆန္ဒခံယူပွဲတခုကို တနင်္ဂနွေနေ့ကလုပ်တာမှာ မဲပေးသူ အရေအတွက် နည်းပါတယ်။ ဒီလူထုဆန္ဒခံယူပွဲဟာ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့နဲ့ ဥရောပသမဂ္ဂ EU တို့ထဲကို မက်ဆီဒိုးနီးယားနိုင်ငံ ဝင်ရောက်ဖို့ လမ်းပွင့်သွားစေနိုင်တာပါ။

မဲပေးခွင့်ရှိသူ သုံးပုံတပုံလောက်ပဲ မဲလာပေးတယ်လို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီမဲပေးသူတွေထဲ က ၉၀% ကျော်က နိုင်ငံအမည်ကို မြောက်ပိုင်းမက်ဆီဒိုးနီးယားအဖြစ် ပြောင်းလဲဖို့ ထောက်ခံမဲပေးကြပါတယ်။

မဲပေးခွင့်ရှိသူအရေအတွက်ရဲ့ ၅၀% အောက် လျော့နည်းမယ်ဆိုရင် ရွေးကောက်ပွဲ ရလဒ်ကို အကျုံးမဝင်ဘူးလို့ ကြေညာမယ့် အကြောင်း မက်ဆီဒိုးနီးယား ရွေးကောက်ပွဲကော်မရှင်က လွန်ခဲ့တဲ့နှစ်ရက်မှာ ပြောထားပါတယ်။

တနင်္ဂနွေနေ့မဲပေးပွဲကို သပိတ်မှောက်ဖို့ သမ္မတ Gjorge Ivanov အပါအဝင် အမျိုးသားရေးဝါဒီတွေက လှုံ့ဆော်ခဲ့ပါတယ်။

အိမ်နီးချင်း ဂရိနိုင်ငံနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အငြင်းပွားနေတာကို အဆုံးသတ်ရေး နိုင်ငံအမည်ကို ပြောင်းလဲကြမလားဆိုတာ နိုင်ငံသားတွေကို မဲပေးဆုံးဖြတ်ခိုင်းတာပါ။

မက်ဆီဒိုးနီးယားဆိုတဲ့အမည်ဟာ ဂရိနိုင်ငံမြောက်ပိုင်းက မက်ဆီဒိုးနီးယားပြည်နယ်ရဲ့ သီးခြားနာမည်ဖြစ်တယ်လို့ဆိုပြီး ဂရိ အစိုးရက ကန့်ကွက်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG